စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အိမ်ခြေ ၅၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည့် သရက်ပင်ဝန်းကျေးရွာအတွက် “အညာမီး” ထောက်ပံ့ရေးအစီအစဥ်အတွက် ပါဝင်လှူဒါန်းနိုင်ကြောင်း Shwebo Local PDFအဖွဲ့ တာဝန်ခံက ပြောသည်။
သရက်ပင်ဝန်းကျေးရွာအား အင်အား ၂၀၀ခန့်ရှိသည့် စစ်ကြောင်း သုံးခုဖြင့် ဇန်နဝါရီ ၃၁ရက်က မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး နေအိမ် ၅၃လုံး ပြာကျခဲ့ကြောင်း Shwebo Local PDFအဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါ ကျေးရွာရှိ မီးရှို့ခံရသော အိမ်ထောင်စု ၅၃စုအတွက် တစ်အိမ်ထောင်လျှင် ကျပ်သုံးသိန်းထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း Shwebo Local PDFအဖွဲ့ တာဝန်ခံက ပြောသည်။

“အလှူငွေများ ပိုလာခဲ့ပါကလည်း ကျန်ရွာများက မီးဘေးသင့်များအတွက် သက်ဆိုင်ရာကနေ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ Project ရဲ့အချိန်ကတော့ နှစ်ပတ်ဖြစ်ပြီး အားလုံးလည်း ပါဝင်ကူညီလှူဒါန်းပေးဖို့ တောင်းဆိုအပ်ပါတယ်။”ဟု အထက်ပါ တာဝန်ခံက ပြောသည်။

Public Service Announcement

စစ်ကောင်စီတပ်သည် မီးရှို့ဖျက်ဆီးပြီး နေအိမ်အချို့မှ လက်ဝတ်ရတနာများပါ လုယူသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ကို Shwebo LPDFအဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာများရရှိကြောင်း၊ စာသင်ကျောင်းအတွင်းရှိ ဆေးဝါးများအား အသုံးပြုသွားပြီး စာသင်ဆောင်ကိုလည်း မီးရှို့သွားကြောင်း Shwebo Local PDF အဖွဲ့ တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် သရက်ပင်ဝန်းကျေးရွာအား မီးမရှို့မီ ရွှေဘိုမြို့နယ်အတွင်းရှိ အင်ကြင်းပင်နှင့် စိုင်တိုးကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။
အဆိုပါကျေးရွာနှင့်ပတ်သက်ပြီး ပါဝင်လှူဒါန်းလိုပါက https://www.facebook.com/Shwe-Bo-Local-People-Defense-Force-105122052113122/?mibextid=ZbWKwL သို့ဆက်သွယ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။


















































