Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအားတော်လှန်ရာ၌ ကချင်ခေါင်းဆောင် များ၏ ပြတ်သားသည့်ဆုံးဖြတ်ချက်ကို လေးစားကြောင်း NUG ကာကွယ်ရေးသဝဏ်လွှာပို့

ယနေ့(ဖေဖော်ဝါရီ ၅ရက်) ကျရောသည့် (၆၂)နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ NUG ကာကွယ်ရေးက ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

(၅၈)နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားကျင်းပနေစဉ်
(၅၈)နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားကျင်းပနေစဉ်

အာဏာသိမ်းစစ်ကောင်စီအား ခုခံတွန်းလှန်နေသော ပြည်သူ့တော်လှန်ရေးကြီးတွင် ကချင်အမျိုးသား ခေါင်းဆောင်ကြီးများ၏ ခိုင်မာပြတ် သားသည့် ဆုံးဖြတ်ချက်များနှင့် ကချင်ပြည်သူလူထု၏ အရင်းအနှီးကြီးမားစွာ ပေးဆပ်ပါဝင်မှုများကို လေးစားတန်ဖိုးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့သည်။

ယနေ့(ဖေဖော်ဝါရီ ၅ရက်) ကျရောသည့် (၆၂)နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ NUG ကာကွယ်ရေးက ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

(၆၂)နှစ်တာ ကချင့်တော်လှန်ရေးခရီးအတွင်း အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ရင်းနှီးပေးဆပ်ပြီး စွန့်လွှတ် အနစ်နာခံ တိုက်ပွဲဝင်ခဲ့သည့် ကချင့်အာဇာနည်ခေါင်းဆောင်ကြီးများ၊ သူရဲကောင်းများနှင့် ကချင်ပြည်သူလူထု တရပ်လုံးကိုလည်း လေးနက်စွာ အောက်မေ့ဦးညွှတ်ကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement
Public Service Announcement

နယ်ချဲ့ဖက်ဆစ်ဆန့်ကျင်ရေးမှစ၍ အဆက်ဆက်သော အာဏာရှင်တော်လှန်ရေးများတွင်သာမက ယနေ့ တတိုင်းပြည်လုံး၏ ဘုံရန်သူဖြစ်သည့် အာဏာသိမ်း စစ်ကောင်စီအား ခုခံတွန်းလှန်နေသော ပြည်သူ့ တော်လှန်ရေးကြီးတွင် ကချင်အမျိုးသား ခေါင်းဆောင်ကြီးများ၏ ခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက်များနှင့် ကချင်ပြည်သူလူထု၏ အရင်းအနှီးကြီးမားစွာ ပေးဆပ်ပါဝင်မှုများကို လေးစားတန်ဖိုးထားပြီး သမိုင်းမှတ် ကျောက်တင်ရမည် ဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယနေ့မျက်မှောက်အချိန်အခါသည် ပြည်ထောင်စုတဝှမ်း လှည်းနေလှေအောင်း၊မြင်းဇောင်းမကျန် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး “တသံတည်းညီ တချီတည်းရုန်း” လျက် ဘုံရန်သူ အာဏာသိမ်း စစ်ကောင်စီနှင့် အကြမ်းဖက်စစ်တပ်အား ရွပ်ရွပ်ချွံချွံခုခံတွန်းလှန်နေသော အဆုံးအဖြတ်နှစ် ဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ မျှော်မှန်းတောင့်တချက်ဖြစ်သော စစ်ဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ်ကို တွဲလက်ညီညာစွာဖြင့် ဆက်လက်ချီတက် အောင်မြင်နိုင်ပါစေဟုလည်း သဝဏ်လွှာတွင်ပါရှိသည်။

၁၉၆၁ ဖေဖော်ဝါရီ ၅ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(Kachin Independence Army-KIA) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကချင်အမျိုးသားတို့၏ လက်နက်ကိုင်ခုခံ တွန်းလှန် စစ်ကို စတင်ခဲ့ရာ ယင်းနေ့ကို အစွဲပြု၍ ကချင် တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။