Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ဒေသနှစ်ခုတွင် တိုင်းရင်းသားတပ်မှ စစ်ရေးခေါင်းဆောင်များ စစ်ဒေသမှူးအဖြစ် တာဝန်ယူပြီးကွပ်ကဲနိုင်ပြီဟု NUG ကာကွယ်ရေးဝန်ကြီးပြော

PDFနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ တာဝန်ခွဲဝေမှု ၊ပူးပေါင်းဆောင်ရွက် မှုများဖြင့် စစ်ရေးစီမံချက်များကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

(KIA တပ်မှ ရဲဘော်များနှင့် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်)
(KIA တပ်မှ ရဲဘော်များနှင့် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အနေဖြင့် စစ်တိုင်းအလိုက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် စစ်ရေးဆိုင်ရာကိစ္စများ ပူးပေါင်းဆောင်ရွက် လျက်ရှိရာ စစ်ဒေသအဖြစ် ဖွဲ့စည်းပြီး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၅ရက်)က ပြုလုပ်သည့် ပြည်သူ့ခုခံတော်လှန်စစ် မေးကြမယ်၊ ဖြေကြမယ် အစီအစဉ်တွင် ဝန်ကြီးက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ စစ်ဒေသ ၃ခုရှိရာ မြောက်ပိုင်းစစ်ဒေသစစ်ဒေသ(၁) နှင့် တောင်ပိုင်းစစ်ဒေသစစ်ဒေသ(၂)တို့တွင် စစ်ဒေသမှူးများ တာဝန်ယူထားပြီးဖြစ်သည်ဟု ဆိုသည်။

(KIA တပ်မှ ရဲဘော်များနှင့် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်)
(KIA တပ်မှ ရဲဘော်များနှင့် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်)

“စစ်ဒေသ(၁)ဆိုတာကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အရေးကြီးတဲ့မဟာမိတ်အဖွဲ့အစည်းကြီးဖြစ်တဲ့ KIO/KIAက စစ်ဘက်ခေါင်းဆောင်တစ်ဦးကနေ စစ်ဒေသမှူးအဖြစ် တာဝန်ယူထားတာဖြစ်တယ်။ စစ်ဒေသ (၂) တောင်ပိုင်းစစ်ဒေသက အဓိကအားဖြင့် တောင်ပိုင်းက အရေးကြီးတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ရဲ့ စစ်ဘက်ခေါင်းဆောင်ကနေပြီးတော့ စစ်ဒေသမှူးအဖြစ် တာဝန်ယူထားတာဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

တောင်ပိုင်းစစ်ဒေသမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေများ နှင့် ဆက်စပ်ဒေသများ လည်းပါဝင်သည်။ တောင်ပိုင်းနှင့် မြောက်ပိုင်း စစ်ဒေသ နှစ်ခု၌ စစ်ဒေသမှူးများ တာဝန်ယူပြီး လိုအပ်သည့် ကွပ်ကဲမှုနှင့် စစ်ရေးဆောင်ရွက်ချက်များ ပြုလုပ်နိုင်လာပြီဟု ဝန်ကြီးက ပြော သည်။

Public Service Announcement

Public Service Announcement

“တောင်ပိုင်းမှာ ဒုစစ်ဒေသမှူးအဖြစ်လည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ရဲ့ စစ်ဦးစီးချုပ် စစ်ခေါင်းဆောင်ကြီးက ဒုစစ်ဒေသမှူးအဖြစ်တွဲဖက် တာဝန်ယူထားတာရှိတယ်”ဟုလည်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။

Public Service Announcement
Public Service Announcement

PDFနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ တာဝန်ခွဲဝေမှု ၊ပူးပေါင်းဆောင်ရွက် မှုများဖြင့် စစ်ရေးစီမံချက်များကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

“အခုဆိုရင် အရေးကြီးတဲ့ စစ်ဒေသ ၂ခုမှာ စစ်ဒေသ မှူးနှစ်ဦးက စစ်မြေပြင်မှာကို လက်တွေ့ ဦးဆောင်ကွပ်ကဲနိုင်တဲ့ အနေအထားမျိုးဖြစ်လာပြီဆိုတာကို ကျနော့်အနေနဲ့ အသိပေးလိုပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် များ အနေဖြင့် စစ်ရေးအတွေ့အကြုံများစွာ ရှိထားပြီးသူများဖြစ်ကြောင်း၊ လက်ရှိအခြေအနေသည် တော်လှန်ရေး အရှိန်အဟုန်ကို မြှင့်တင်ရမည့်အချိန်ဖြစ်ကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်ရေးဘက်မှာတော့ ထပ်မြှင့်တင်ရမှာ။ နိုင်ငံရေးမှာလည်း ထပ်မြှင့်ရမယ်။ နိုင်ငံတကာနဲ့လည်းဆက်စပ်မှုရှိရှိဆက်လက် ဆောင်ရွက်ရမယ်။ နည်းမျိုးစုံနဲ့ဝိုင်းတိုက်ရမှာပဲ။”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် စစ်ရေးမဟာဗျူဟာနှင့် စစ်ရေးစီမံချက် ရေးဆွဲမှုကို NUG ကာကွယ်ရေးဝန်ကြီးဌာန ၊ PDF စစ်ရုံးချုပ်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ စစ်ဘက်ခေါင်းဆောင်များ ညှိနှိုင်းရေးဆွဲချမှတ်သည်ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

“အခုဆိုရင် စစ်ဒေသတိုင်းအတွက် လိုအပ်တဲ့ မဟာဗျူဟာနဲ့ စီမံချက်များလည်း ရေးဆွဲပြီးဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က အသိပေးသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။