Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် စစ်ရေးတင်းမာနေ၍ စက်တော်ရာလမ်းပိုင်းအား အသုံးမပြုကြရန် PDF သတိပေး

စစ်ကောင်စီတပ်က တပ်ရင်းနှစ်ရင်းစာ ပမာဏရှိသော အင်အားဖြင့် ဝင်ရောက်တပ်စွဲထား မိုးဗြဲမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ ဒေသအတွက် စစ်ရေးအရ အရေးပါသည့် ​ဒေသ တစ်ခု ဖြစ်သည်။

(မိုးဗြဲမြို့ စက်တော်ရာလမ်းပိုင်းမြေပုံအားတွေ့ရစဉ်)
(မိုးဗြဲမြို့ စက်တော်ရာလမ်းပိုင်းမြေပုံအားတွေ့ရစဉ်)

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့တွင် စစ်ရေးတင်းမာနေ၍ စက်တော်ရာလမ်းပိုင်းအား ပြည်သူများအသုံးမပြုကြရန် MOBYE PDF Resue Team- MPRTက ယနေ့ သတိပေး ထုတ်ပြန်သည်။

“လွိုင်ကော်ဘက်ကနေ စစ်ကြောင်းထိုးလာတာလည်းပါတယ်။ပြီးတော့ မိုးဗြဲမြို့ မှာရှိတဲ့ စကစအထိုင်တပ်တွေက လက်နက်ကြီးသုံးပစ်ခတ်မှုက မကြာခဏရှိလာတော့ တိုက်ပွဲအရှိန်မြင့်လာဖို့ရှိတယ်”ဟု မိုးဗြဲ PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုလ ၅ ရက် ညပိုင်းကလည်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် PDFရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်၍ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က တပ်ရင်းနှစ်ရင်းစာ ပမာဏရှိသော အင်အားဖြင့် ဝင်ရောက်တပ်စွဲထား မိုးဗြဲမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ ဒေသအတွက် စစ်ရေးအရ အရေးပါသည့် ​ဒေသ တစ်ခု ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မကြာခဏ ထိတွေ့မှုများရှိနေသည်။

“မိုးဗြဲမြို့ပေါ်မှာဆို ညောင်းဝိုင်ရပ်ကွက်မှာက အင်အား ၉၀ဝန်းကျင်လောက်နဲ့အခိုင်အမာ တပ်စွဲထားသလို စက်တော်ရာ တောင်ပေါ်မှာဆိုလည်း တပ်ရင်းတစ်ခုစာလောက်ရှိတယ်။နောက်ပြီး မိုးဗြဲရေကာတာမှာလည်း လုံခြုံရေးအဖြစ် နေတဲ့ စကစတပ်ဖွဲ့ဝင် တွေရှိတယ်”ဟု မိုးဗြဲမြို့ခံတစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။

ဖေဖော်ဝါရီ ၄ ရက် ညပိုင်းက လွိုင်ကော်မှ ဖယ်ခုံမြို့နယ် မိုးဗြဲဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဖယ်ခုံမြို့နယ်ရှိတော်လှန် ရေးအဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး ထက်မနည်းထိခိုက်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဖယ်ခုံဇုန်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့