Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူ – ရေစကြိုလမ်း၌စစ်ကောင်စီကား နှစ်စီးကို PDF တိုက်ခိုက်

ပခုက္ကူခရိုင်အမှတ်(၃) တပ်ရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဒေသ ၊ ပခုက္ကူခရိုင်ကွပ်ကဲရေး အောက်တွင်ရာနှုန်းပြည့်တာဝန်ထမ်းဆောင်နေပြီဖြစ်​ကြောင်းလည်းအသိ​ပေးထားသည်။

(PDFများသိမ်းဆည်းရရှိခဲ့သောကားနှင့်လက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-ပခုက္ကူPDF)
(PDFများသိမ်းဆည်းရရှိခဲ့သောကားနှင့်လက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-ပခုက္ကူPDF)

▪︎စစ်ကောင်စီတပ်နှင့်ပျူ​စောထီး၁၀ ဦး​သေ၊​ ကားတစ်စီးသေနက် ၇ လက်နှင့်ကျည်များရရှိ

မကွေးတိုင်း ပခုက္ကူ – ရေစကြိုလမ်း၌စစ်ကောင်စီတပ်နှင့် ပျူ​​စောထီးများ လိုက်ပါလာသည့် ယာဉ်နှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း(၃) တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ဦး သေဆုံးခဲ့​ကြောင်း သတင်းရင်းမြစ်အချို့ကပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင်ပခုက္ကူ – ရေစကြို ကားလမ်းရှိစက်သုံးဆီဆိုင်တစ်ဆိုင်ရှေ့၌စစ်​ကောင်စီတပ်နှင့်ပျူစာထီးစုစု​ပေါင်း ၁၄ ဦးပါလာ​သောကား ၂စီးကို PDF များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး နေရာတွင် သေဆုံးခဲ့သည်။ကားတစ်စီး လွတ်မြောက်သွားသော်လည်း ထိုကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး ဆေးရုံ၌ ထပ်မံ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃ဦးရှိခဲ့ကာ တစ်ဦးသာ ဒဏ်ရာမရဘဲ လွတ်​မြောက်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။

(PDFများသိမ်းဆည်းရရှိခဲ့သောကားနှင့်လက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-ပခုက္ကူPDF)
(PDFများသိမ်းဆည်းရရှိခဲ့သောကားနှင့်လက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-ပခုက္ကူPDF)

​သေဆုံးသူများတွင် ဟင်္သာ ကျေးရွာပျူခေါင်းဆောင် အောင်နိုင်မိုး အပါအဝင်စုစုပေါင်း ၁၀ဦးဖြစ်​ကြောင်းလည်းသိရသည်။

Public Service Announcement

Public Service Announcement

ဒေသခံတစ်ဦးကလည်း “ အဲဒီနေ့က ပျူကား အပစ်ခံရတယ်လို့ပြောတယ်။ လက်နက်တွေရော ကာဘိုင်တွေ ပျူတွေကိုင်တဲ့ သေနတ်တွေရတယ်လို့ ပြောတယ်။”ဟု ပြောသည်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူ​စောထီးများ၏ကားတစ်စီး၊ ​သေနက် ၇လက်၊လက်ပစ်ဗုံးသုံးလုံး ၊ကျည်ဆံများ ၊စစ်ကာင်စီတပ် ဝတ်စုံအချို့ သိမ်းဆည်းရရှိခဲ့သည်ဟုသိရသည်။

ကာဘိုင်​သေနက် ၆ လက်၊MA4 တစ်လက်၊ ကာဘိုင်ကျည်ဘောက် ၆ ဘောက်၊ကာဘိုင်ကျည် ၁၄၆တောင့်၊MA4ကျည်ဘောက် ၅ ဘောက်၊ ၅.၅၆ ကျည် ၉၄ တောင့်၊လက်ပစ်ဗုံး ၃ လုံး၊ ၄၀ မမ၊ ဗုံးသီး ၄ လုံး ၊စစ်တပ်အသုံးအ​ဆောင်ပစ္စည်းအချို့နှင့် စူပါ ကာစတန် ကားတစ်စီး သိမ်းဆည်းရမိခဲ့ခြင်းဖြစ်​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း(၃)က​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်​ရေးမှာ ၅ မိနစ်သာကြာမြင့်ခဲ့ပြီး၊ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များ ထိခိုက်မှုမရှိဟုသိရသည်။

ပခုက္ကူခရိုင်အမှတ်(၃) တပ်ရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဒေသ ၊ ပခုက္ကူခရိုင်ကွပ်ကဲရေး အောက်တွင်ရာနှုန်းပြည့်တာဝန်ထမ်းဆောင်နေပြီဖြစ်​ကြောင်းလည်းအသိ​ပေးထားသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အားပေးကူညီခြင်းများ ၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အနီးကပ် နေထိုင်သွားလာခြင်းများ လုံးဝမပြုလုပ်ကြပါရန်လည်း ပခုက္ကူခရိုင်အမှတ်(၃) တပ်ရင်းကမေတ္တာရပ်ခံသည် ။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။