Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူ – ရေစကြိုလမ်း၌စစ်ကောင်စီကား နှစ်စီးကို PDF တိုက်ခိုက်

ပခုက္ကူခရိုင်အမှတ်(၃) တပ်ရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဒေသ ၊ ပခုက္ကူခရိုင်ကွပ်ကဲရေး အောက်တွင်ရာနှုန်းပြည့်တာဝန်ထမ်းဆောင်နေပြီဖြစ်​ကြောင်းလည်းအသိ​ပေးထားသည်။

(PDFများသိမ်းဆည်းရရှိခဲ့သောကားနှင့်လက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-ပခုက္ကူPDF)
(PDFများသိမ်းဆည်းရရှိခဲ့သောကားနှင့်လက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-ပခုက္ကူPDF)

▪︎စစ်ကောင်စီတပ်နှင့်ပျူ​စောထီး၁၀ ဦး​သေ၊​ ကားတစ်စီးသေနက် ၇ လက်နှင့်ကျည်များရရှိ

မကွေးတိုင်း ပခုက္ကူ – ရေစကြိုလမ်း၌စစ်ကောင်စီတပ်နှင့် ပျူ​​စောထီးများ လိုက်ပါလာသည့် ယာဉ်နှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း(၃) တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ဦး သေဆုံးခဲ့​ကြောင်း သတင်းရင်းမြစ်အချို့ကပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင်ပခုက္ကူ – ရေစကြို ကားလမ်းရှိစက်သုံးဆီဆိုင်တစ်ဆိုင်ရှေ့၌စစ်​ကောင်စီတပ်နှင့်ပျူစာထီးစုစု​ပေါင်း ၁၄ ဦးပါလာ​သောကား ၂စီးကို PDF များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး နေရာတွင် သေဆုံးခဲ့သည်။ကားတစ်စီး လွတ်မြောက်သွားသော်လည်း ထိုကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး ဆေးရုံ၌ ထပ်မံ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃ဦးရှိခဲ့ကာ တစ်ဦးသာ ဒဏ်ရာမရဘဲ လွတ်​မြောက်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။

(PDFများသိမ်းဆည်းရရှိခဲ့သောကားနှင့်လက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-ပခုက္ကူPDF)
(PDFများသိမ်းဆည်းရရှိခဲ့သောကားနှင့်လက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-ပခုက္ကူPDF)

​သေဆုံးသူများတွင် ဟင်္သာ ကျေးရွာပျူခေါင်းဆောင် အောင်နိုင်မိုး အပါအဝင်စုစုပေါင်း ၁၀ဦးဖြစ်​ကြောင်းလည်းသိရသည်။

Public Service Announcement

Public Service Announcement

ဒေသခံတစ်ဦးကလည်း “ အဲဒီနေ့က ပျူကား အပစ်ခံရတယ်လို့ပြောတယ်။ လက်နက်တွေရော ကာဘိုင်တွေ ပျူတွေကိုင်တဲ့ သေနတ်တွေရတယ်လို့ ပြောတယ်။”ဟု ပြောသည်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူ​စောထီးများ၏ကားတစ်စီး၊ ​သေနက် ၇လက်၊လက်ပစ်ဗုံးသုံးလုံး ၊ကျည်ဆံများ ၊စစ်ကာင်စီတပ် ဝတ်စုံအချို့ သိမ်းဆည်းရရှိခဲ့သည်ဟုသိရသည်။

ကာဘိုင်​သေနက် ၆ လက်၊MA4 တစ်လက်၊ ကာဘိုင်ကျည်ဘောက် ၆ ဘောက်၊ကာဘိုင်ကျည် ၁၄၆တောင့်၊MA4ကျည်ဘောက် ၅ ဘောက်၊ ၅.၅၆ ကျည် ၉၄ တောင့်၊လက်ပစ်ဗုံး ၃ လုံး၊ ၄၀ မမ၊ ဗုံးသီး ၄ လုံး ၊စစ်တပ်အသုံးအ​ဆောင်ပစ္စည်းအချို့နှင့် စူပါ ကာစတန် ကားတစ်စီး သိမ်းဆည်းရမိခဲ့ခြင်းဖြစ်​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်၊ ပခုက္ကူခရိုင်တပ်ရင်း(၃)က​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်​ရေးမှာ ၅ မိနစ်သာကြာမြင့်ခဲ့ပြီး၊ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များ ထိခိုက်မှုမရှိဟုသိရသည်။

ပခုက္ကူခရိုင်အမှတ်(၃) တပ်ရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဒေသ ၊ ပခုက္ကူခရိုင်ကွပ်ကဲရေး အောက်တွင်ရာနှုန်းပြည့်တာဝန်ထမ်းဆောင်နေပြီဖြစ်​ကြောင်းလည်းအသိ​ပေးထားသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အားပေးကူညီခြင်းများ ၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အနီးကပ် နေထိုင်သွားလာခြင်းများ လုံးဝမပြုလုပ်ကြပါရန်လည်း ပခုက္ကူခရိုင်အမှတ်(၃) တပ်ရင်းကမေတ္တာရပ်ခံသည် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။