Connect with us

Hi, what are you looking for?

သတင်း

အင်းတော် မဲဇာရဲစခန်းရှေ့မှာအမျိုးသားတစ်ဦးပစ်သတ်ခံရ

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၂ ရက်က အင်းတော်အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပါတယ်။

အင်းတော် မဲဇာရဲစခန်းရှေ့မှာအမျိုးသားတစ်ဦးပစ်သတ်ခံရ
အင်းတော် မဲဇာရဲစခန်းရှေ့မှာအမျိုးသားတစ်ဦးပစ်သတ်ခံရ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း ၊အင်းတော်မြို့နယ်မှာ အသက် ၄၅ နှစ်အရွယ်အမျိုးသားတစ်ဦး ညပိုင်းထွက်လို့ ပစ်သတ်ခံလိုက်ရပါတယ်။

မနေ့ညပိုင်း ၁၀ နာရီ အချိန်က အင်းတော်မြို့ မဲဇာရွာ ၊ မဲဇာရဲစခန်းရှေ့မှာ ပစ်သတ်ခံရတာပါ ။

ပစ်သတ်ခံရသူ ဟာအသက် ၄၅ နှစ်အရွယ် ကိုစိုးနိုင်ဆိုသူဖြစ်ပြီး မဲဇာရွာကနေ အလယ်ဆိပ်ရွာကိုအပြန် မဲဇာ ရဲစခန်းရှေ့မှာ ပစ်သတ်ခံရတာလို့ အင်းတော်တော်လှန်ရေးအင်အားစုက အသိပေးပါတယ်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၂ ရက်က အင်းတော်အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပါတယ်။

Public Service Announcement

Public Service Announcement

တဆက်တည်းမှာပဲ ည ၆ နာရီကနေ မနက် ၆ နာအထိ အပြင်မထွက်ဖို့နဲ့ လူ ၅ ဦးထက် ပိုမစုဖို့ ညမထွက်ရအမိန့် ထပ်ထုတ်ထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အနောက်ခြမ်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အပါအဝင် PDF ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က အကျဆုံးများကာ အရာရှိတွေလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော်မြို့နဲ့ မော်လူးမြို့တို့ကိုလည်း တိုက်ခိုက်ထိုးစစ်ဆင်နေတယ်လို့ ကချင်ဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ မော်လူးမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ကျေးရွာတွေမှာ ကျန်ရှိနေတဲ့ အရပ်သားပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ တော်လှန်ရေးရဲဘော်တွေက ထပ်မံသတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေရဲ့ စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်က မေလ ၂၀ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သုံ့ပန်း ၅ဦး သေဆုံးသွားခဲ့ပါတယ်။