Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော် မဲဇာရဲစခန်းရှေ့မှာအမျိုးသားတစ်ဦးပစ်သတ်ခံရ

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၂ ရက်က အင်းတော်အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပါတယ်။

အင်းတော် မဲဇာရဲစခန်းရှေ့မှာအမျိုးသားတစ်ဦးပစ်သတ်ခံရ
အင်းတော် မဲဇာရဲစခန်းရှေ့မှာအမျိုးသားတစ်ဦးပစ်သတ်ခံရ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း ၊အင်းတော်မြို့နယ်မှာ အသက် ၄၅ နှစ်အရွယ်အမျိုးသားတစ်ဦး ညပိုင်းထွက်လို့ ပစ်သတ်ခံလိုက်ရပါတယ်။

မနေ့ညပိုင်း ၁၀ နာရီ အချိန်က အင်းတော်မြို့ မဲဇာရွာ ၊ မဲဇာရဲစခန်းရှေ့မှာ ပစ်သတ်ခံရတာပါ ။

ပစ်သတ်ခံရသူ ဟာအသက် ၄၅ နှစ်အရွယ် ကိုစိုးနိုင်ဆိုသူဖြစ်ပြီး မဲဇာရွာကနေ အလယ်ဆိပ်ရွာကိုအပြန် မဲဇာ ရဲစခန်းရှေ့မှာ ပစ်သတ်ခံရတာလို့ အင်းတော်တော်လှန်ရေးအင်အားစုက အသိပေးပါတယ်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၂ ရက်က အင်းတော်အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ် ၁၁ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပါတယ်။

တဆက်တည်းမှာပဲ ည ၆ နာရီကနေ မနက် ၆ နာအထိ အပြင်မထွက်ဖို့နဲ့ လူ ၅ ဦးထက် ပိုမစုဖို့ ညမထွက်ရအမိန့် ထပ်ထုတ်ထားတာတွေ့ရပါတယ်။

You May Also Like

သတင်း

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်တွင် ယမန်နေ့ (မတ်လ ၂၃ရက်)နှင့် ယနေ့(မတ်လ ၂၄ရက်) နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး အထိနာသွားသည့်စစ်ကောင်စီကနှစ်ရက်စလုံး လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။

သတင်း

အလောင်းရဲ့ လည်ပင်းမှာ ကြိုးနဲ့ချိတ်ဆွဲထားတဲ့ ဖုန်းကနေတဆင့်မိသားစုနဲ့ အဆက်အသွယ်ရပြီး သေဆုံးသူအမျိုးသားဟာ ကြည့်မြိုင်တိုင်မြို့နယ် ၊သီတာရပ်ကွက် ၊သိင်္ဂီ လမ်းမှာနေထိုင်သူဖြစ်တယ်လို့ သိခဲ့ရတယ်လို့သိရပါတယ်။

သတင်း

နွားထိုးကြီးနှင့် မြင်းခြံမြို့တို့သ​ည် မန္တလေးတိုင်းအတွင်း၌ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ ဒေသများဖြစ်သည်။

သတင်း

စစ်ကောင်စီတပ် ယာဉ်တန်းလုံခြုံရေးယူရန်လာသည့်စစ်ကောင်စီတပ်များနှင့်စစ်ကောင်စီယာဉ်တန်းအား KIAနှင့်KPDFတပ်ဖွဲ့များမှ မတ်လ၂၀ရက်နှင့်၂၁ရက် တို့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။