Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်က ပြည်သူများနေအိမ်အနည်းဆုံး ၅၅,၄၈၄ လုံးကိုမီးရှို့ဖျက်ဆီးထား

အာဏာသိမ်းမှု ၂ နှစ်အတွင်း ချင်းပြည်နယ်တွင် လူနေအိမ် ၁,၄၈၄ လုံး နှင့် အခြားတိုင်းနှင့် ပြည်နယ်များတွင် စုစုပေါင်း လူနေအိမ် ၁,၄၈၄ လုံး စစ်တပ်၏ မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း Data For Myanmar က ဖော်ပြသည်။

(စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းစစ်တပ်နှင့် အ​ပေါင်းအပါများကမီးရှို့ဖျက်ဆီးခဲ့သော​နေအိမ်များ ။ ဓါတ်ပုံ-CJ)
(စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းစစ်တပ်နှင့် အ​ပေါင်းအပါများကမီးရှို့ဖျက်ဆီးခဲ့သော​နေအိမ်များ ။ ဓါတ်ပုံ-CJ)

စစ်တပ်နှင့် ၎င်း၏ အပေါင်းအပါအုပ်စုများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်းချိန်မှ ၂၀၂၃ ဇန်နဝါရီလကုန်အထိ နိုင်ငံတဝန်းရှိ အရပ်သားပြည်သူများနေအိမ် အနည်းဆုံး ၅၅,၄၈၄ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း Data For Myanmar က ယနေ့ထုတ်ပြန်သည်။

စစ်အာဏာသိမ်းမှု ၂ နှစ်အတွင်း အရပ်သားနေအိမ်ပေါင်း ငါးသောင်းငါးထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး ယင်းအနက် ၄၃,၂၉၂ လုံးမှာ စစ်ကိုင်းတိုင်းမှဖြစ်ကာ အများဆုံးအရေအတွက်လည်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလကုန်က စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ မီးရှို့ဖျက်ဆီးသည့် အရေအတွက်မှာ ၃၆,၆၆၇ လုံးဖြစ်၍ တစ်လအတွင်း ၆,၆၂၅ လုံးကို ထပ်မံ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

Data For Myanmar ၏ သုတေသနကောက်ယူမှုစစ်တမ်းအရ မကွေးတိုင်းတွင် လူနေအိမ် ၈,၈၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကာ ဒုတိယအများဆုံးဖြစ်သည်။ မကွေးတိုင်းတွင်လည်း တစ်လအတွင်း လူနေအိမ် ၂၈၈ လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်က တစ်လအတွင်း ထပ်မံမီးရှို့ခဲ့သည်။

Public Service Announcement
Public Service Announcement

အာဏာသိမ်းမှု ၂ နှစ်အတွင်း ချင်းပြည်နယ်တွင် လူနေအိမ် ၁,၄၈၄ လုံး နှင့် အခြားတိုင်းနှင့် ပြည်နယ်များတွင် စုစုပေါင်း လူနေအိမ် ၁,၄၈၄ လုံး စစ်တပ်၏ မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း Data For Myanmar က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းစစ်တပ်နှင့် အ​ပေါင်းအပါများကမီးရှို့ဖျက်ဆီးခဲ့သော​နေအိမ်များ ။ ဓါတ်ပုံ-CJ)
(စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းစစ်တပ်နှင့် အ​ပေါင်းအပါများကမီးရှို့ဖျက်ဆီးခဲ့သော​နေအိမ်များ ။ ဓါတ်ပုံ-CJ)

Data For Myanmar သည် စစ်​ကောင်စီတပ်ကပြည်သူ့အိုးအိမ်များအား မီးရှို့ဖျက်ဆီးသည်ကို စနစ်တကျ မှတ်တမ်းပြုစု၍ ​ဖော်ပြ​ပေး​နေခြင်းဖြစ်သည်။ ဖုန်းနှင့်အင်တာနက်ဖြတ်​တောက်ခံရမှုများ​ကြောင့် စာရင်းမသိရ​သော၊ အတည်မပြုနိုင်​သေး​သော​ဒေသများရှိသဖြင့် အမှန်တစ်ကယ်မီးရှို့ဖျက်ဆီးခံရမှူမှာ ယခုထက်ပင်များနိုင်​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။