Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ နိုင်ကျဉ်းအမျိုးသမီးတွေ အကြမ်းဖက်ရိုက်နှက်ခံရ

ဖေဖော်ဝါရီလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ အမျိုးသမီး အိပ်ဆောင် ၁ နဲ့ အိပ်ဆောင် ၂ တို့ကို ထောင်ဝန်ထမ်းတွေက ဝင်ရိုက်တာပါ။

အိုးဘိုထောင်မှာ နိုင်ကျဉ်းအမျိုးသမီးတွေ အကြမ်းဖက်ရိုက်နှက်ခံရ
အိုးဘိုထောင်မှာ နိုင်ကျဉ်းအမျိုးသမီးတွေ အကြမ်းဖက်ရိုက်နှက်ခံရ

မန္တလေး အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝန်ထမ်းတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ရိုက်နှက်မှုတွေလုပ်ခဲ့လို့ ဒါဇင်နဲ့ချီပြီး ထိခိုက်ဒဏ်ရသူတွေရှိခဲ့တယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းကတဆင့်သိရပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ အမျိုးသမီး အိပ်ဆောင် ၁ နဲ့ အိပ်ဆောင် ၂ တို့ကို ထောင်ဝန်ထမ်းတွေက ဝင်ရိုက်တာပါ။

အကျဉ်းသူအချင်းချင်း စကားများတာကို ထောင်အာဏာပိုင်တွေက ဖြေရှင်းမပေးဘဲ ဝင်ရောက် ရိုက်နှက်တာလို့ အိုးဘိုထောင်နဲ့နီးစပ်သူတစ်ဦးကအတည်ပြုပေးပါတယ်။

ဒီလို ရိုက်နှက်သူတွေဟာ အမျိုးသားထောင်ဝန်ထမ်းတွေဖြစ်တယ်လို့ လည်းအဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရိုက်နှက်ရာမှာလည်း ဒုတ်၊ ဝါးဆစ်ပိတ် ၊ကျင်စက်၊လောက်လေးခွ တွေပါတယ်လို့သိရပါတယ်။

” အခြေနေတော်တော်ဆိုးတဲ့သူတွေကို ရုံးထုတ်မပေးတော့ဘဲ ရုံးချိန်းပဲယူတယ်၊ တချို့ကျတော့ ထုတ်ပေးပေမယ့် စကားပြောခွင့်မပေးဘူး” လို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပြပါတယ်။

” တော်တော်လေးနှိပ်စက်ခံရပုံပဲ ” လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

စစ်ကောင်စီဘက်က ဒီသတင်းနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ