Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ နိုင်ကျဉ်းအမျိုးသမီးတွေ အကြမ်းဖက်ရိုက်နှက်ခံရ

ဖေဖော်ဝါရီလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ အမျိုးသမီး အိပ်ဆောင် ၁ နဲ့ အိပ်ဆောင် ၂ တို့ကို ထောင်ဝန်ထမ်းတွေက ဝင်ရိုက်တာပါ။

အိုးဘိုထောင်မှာ နိုင်ကျဉ်းအမျိုးသမီးတွေ အကြမ်းဖက်ရိုက်နှက်ခံရ
အိုးဘိုထောင်မှာ နိုင်ကျဉ်းအမျိုးသမီးတွေ အကြမ်းဖက်ရိုက်နှက်ခံရ

မန္တလေး အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝန်ထမ်းတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ရိုက်နှက်မှုတွေလုပ်ခဲ့လို့ ဒါဇင်နဲ့ချီပြီး ထိခိုက်ဒဏ်ရသူတွေရှိခဲ့တယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းကတဆင့်သိရပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ အမျိုးသမီး အိပ်ဆောင် ၁ နဲ့ အိပ်ဆောင် ၂ တို့ကို ထောင်ဝန်ထမ်းတွေက ဝင်ရိုက်တာပါ။

အကျဉ်းသူအချင်းချင်း စကားများတာကို ထောင်အာဏာပိုင်တွေက ဖြေရှင်းမပေးဘဲ ဝင်ရောက် ရိုက်နှက်တာလို့ အိုးဘိုထောင်နဲ့နီးစပ်သူတစ်ဦးကအတည်ပြုပေးပါတယ်။

ဒီလို ရိုက်နှက်သူတွေဟာ အမျိုးသားထောင်ဝန်ထမ်းတွေဖြစ်တယ်လို့ လည်းအဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရိုက်နှက်ရာမှာလည်း ဒုတ်၊ ဝါးဆစ်ပိတ် ၊ကျင်စက်၊လောက်လေးခွ တွေပါတယ်လို့သိရပါတယ်။

” အခြေနေတော်တော်ဆိုးတဲ့သူတွေကို ရုံးထုတ်မပေးတော့ဘဲ ရုံးချိန်းပဲယူတယ်၊ တချို့ကျတော့ ထုတ်ပေးပေမယ့် စကားပြောခွင့်မပေးဘူး” လို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပြပါတယ်။

” တော်တော်လေးနှိပ်စက်ခံရပုံပဲ ” လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

စစ်ကောင်စီဘက်က ဒီသတင်းနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့အတွင်းမှာ စစ်ကောင်စီတပ်က မြို့အနောက်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

သတင်း

ငလျင်ဒဏ်ခံစားထားရသည့် နိုင်ကျဉ်းများအား ထောင်ပြောင်းရွှေ့မည်ဟု စစ်ကောင်စီက ခြိမ်းချောက်ဖိနှိပ်မှုများ ပြင်းပြင်းထန်ထန်လုပ်နေဟု နိုင်ကျဉ်းအဖွဲ့အစည်း(၇)ဖွဲ့ ထုတ်ပြန်

သတင်း

မကွေးတိုင်း၊ မကွေးဗဟိုအကျဥ်းထောင်၌ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး စစ်ကောင်စီ၏ ထောင်ဝန်ထမ်းများ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဥ်းသား နှစ်ဦးထက်မနည်းသေဆုံးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ယနေ့ နှစ်ဆန်းတစ်ရက်နေ့ အကျဉ်းသားငါးထောင်နီးပါးအား လွတ်ငြိမ်းခွင့်ပေးရာတွင် လက်တလောစာရင်းအရ နိုင်ငံရေးအကျဉ်းသား ၆၂ဦးသာ စာရင်းရထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။