Connect with us

Hi, what are you looking for?

သတင်း

ဒီးမောဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက်

တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း - ၇ မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း - ၇ မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမောဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ကို ဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၇က ယနေ့ ထုတ်ပြန်သည်။

ပူဖားကျေးရွာအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၁၀ရက် နံနက် ၁၀ နာရီခန့်တွင် KNDFတပ်ရင်း – ၆ နှင့် တပ်ရင်း – ၇တို့ ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ပူဖားမှာက မနှစ်ကတည်းက စကစဘက်က အင်အား ၅၀ လောက်နဲ့တပ်စွဲထားတာ။ဒီနှစ်ကုန်လောက်က ကရင်နီတပ်ဖွဲ့တွေ ထိုးစစ်ဆင်ခဲ့တဲ့ ကုန်းသာ၊ဒေါကမီးရွာတွေနဲ့က တဆက်တည်းပဲ”ဟု ကရင်နီဒေသခံစစ်ရေး သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့က တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်အကြား လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများလည်း ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အလားတူ ယခုလ ၉ ရက်ကလည်း လွိုင်ကော်မြို့ ကယန်းသာယာလမ်းခွဲနှင့် လင်ဖုံလေးကျေးရွာလမ်းခွဲရှိ စစ်ကောင်စီစခန်းများကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သားလေးဦး သေဆုံးကြောင်း ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF တပ်ရင်း – ၁၄က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။