Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

ရေစကြို(ပကဖ)သည် ဖေဖော်ဝါရီ ၁၄ရက်က ရေစကြိုမြို့နယ် အထက(၁)ကျောင်းရှေ့ရှိသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ရေစကြိုမြို့တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ
ရေစကြိုမြို့တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် အီနာဂါဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)က ရေစ​ကြိုမြို့နယ် ကံသစ်ကျေးရွာတောင်ဘက်သို့ စစ်ကောင်စီ​၏ (၂၅၈)တပ်တွင်းမှ ခန့်မှန်းအင်အား၃၀ခန့်ဖြင့်ကင်းပုန်းလာဝပ်သော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် အီနာဂါနှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

ပစ်မှတ်တိကျစွာချ၍ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာများရရှိကြောင်းစုံစမ်းသိရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ပထမတစ်လုံးက ကင်းပုန်းဝပ်နေတဲ့ တဲတည့်တည့်ကိုကျတယ်။ အဲဒီတဲထဲမှာ ၁၅ ယောက်လောက်ရှိတယ်။ ဒီကောင်တွေထိတယ်။ နောက်တစ်လုံးကတော့ ဘုရားနားမှာဒီကောင်တွေရှိတဲ့အချိန် တစ်လုံးထပ်ချတယ်။”ဟု ပကဖ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ဆင်ရေးသွားရောက်ခဲ့သည့် ဒရုန်းတပ်သားများ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ရေစကြို(ပကဖ)သည် ဖေဖော်ဝါရီ ၁၄ရက်က ရေစကြိုမြို့နယ် အထက(၁)ကျောင်းရှေ့ရှိသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။