Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

ရေစကြို(ပကဖ)သည် ဖေဖော်ဝါရီ ၁၄ရက်က ရေစကြိုမြို့နယ် အထက(၁)ကျောင်းရှေ့ရှိသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ရေစကြိုမြို့တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ
ရေစကြိုမြို့တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် အီနာဂါဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)က ရေစ​ကြိုမြို့နယ် ကံသစ်ကျေးရွာတောင်ဘက်သို့ စစ်ကောင်စီ​၏ (၂၅၈)တပ်တွင်းမှ ခန့်မှန်းအင်အား၃၀ခန့်ဖြင့်ကင်းပုန်းလာဝပ်သော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် အီနာဂါနှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

ပစ်မှတ်တိကျစွာချ၍ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာများရရှိကြောင်းစုံစမ်းသိရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ပထမတစ်လုံးက ကင်းပုန်းဝပ်နေတဲ့ တဲတည့်တည့်ကိုကျတယ်။ အဲဒီတဲထဲမှာ ၁၅ ယောက်လောက်ရှိတယ်။ ဒီကောင်တွေထိတယ်။ နောက်တစ်လုံးကတော့ ဘုရားနားမှာဒီကောင်တွေရှိတဲ့အချိန် တစ်လုံးထပ်ချတယ်။”ဟု ပကဖ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ဆင်ရေးသွားရောက်ခဲ့သည့် ဒရုန်းတပ်သားများ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ရေစကြို(ပကဖ)သည် ဖေဖော်ဝါရီ ၁၄ရက်က ရေစကြိုမြို့နယ် အထက(၁)ကျောင်းရှေ့ရှိသော စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။