Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူတွင် စစ်ကောင်စီစစ်ကြောင်းက အမျိုးသားနှစ်ဦးကို မီးရှို့သတ်ဖြတ်

ဖေ​ဖော်ဝါရီ ၁၆ရက် နံနက် ၁၁နာရီခန့်က ကန့်ဘလူမြို့နယ်​တောင်ခြမ်း ထန်းကုန်းတိုက်နယ် ​ညောင်ဇင်ရွာမှ ဒေသခံတစ်ဦး လယ်​တောသို့ လှည်းဖြင့်သွားစဉ် ပျူ​စောထီးများ​ထောင်ထားသည့်မိုင်းထိမှန်ကာ လူ​ရော နွားများပါ ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

ကန့်ဘလူတွင် စစ်ကောင်စီစစ်ကြောင်းက အမျိုးသားနှစ်ဦးကို မီးရှို့သတ်ဖြတ်
ကန့်ဘလူတွင် စစ်ကောင်စီစစ်ကြောင်းက အမျိုးသားနှစ်ဦးကို မီးရှို့သတ်ဖြတ်

▪️ရွာပေါင်း ၁၈ရွာမှ ဒေသခံ တစ်သောင်းခွဲခန့်ထွက်ပြေးနေရပြီး အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက အမျိုးသားနှစ်ဦးအား ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်ခဲ့ပြီး ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်နေ၍ ကျေးရွာပေါင်း ၁၈ရွာမှ ဒေသခံပြည်သူ ၁၅,၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ကန့်ဘလူခရိုင်၊ထန်းကုန်းတိုက်နယ် အင်းလယ်ကြီးကျေးရွာတွင် ညအိပ်‌သော စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း(၃၆၈)နှင့် ပျူစောထီး အင်အား ၁၂၀ခန့်သည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ ရက်) နံနက်ပိုင်းတွင် လက်နက်ကြီး၊ ငယ်များပစ်ခတ်၍ စစ်ကြောင်းထွက်လာခဲ့သည်။

ထို့နောက် နံနက် ၁၀နာရီခွဲခန့်တွင် ကိုင်းရိုးရွာအနီးရှိ တောအတွင်း စစ်ရှောင်နေသော အသက် (၂၂)နှစ် နှင့် (၃၂)နှစ်အရွယ် အမျိုးသားနှစ်ဦးအား မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

စစ်‌ကောင်စီတပ်နှင့်ပျူ‌များသည် အဆိုပါ နှစ်ဦး စီးလာသည့် ဆိုင်ကယ်နှစ်စီးနှင့်အတူ အနီးအနားရှိ ထွန်စက်ပေါ်တွင်တင်၍ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း အထက်ပါအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကာကွယ်ရေးရဲဘော်တွေမဟုတ်ဘူး။အိမ်ကရှောင်နေတဲ့သူတွေက လူငယ်ပိုင်းကိုလွှတ်လိုက်တာ။ အထုပ်မေ့နေလို့ ပြန်ယူရင်းနဲ့စစ်ကြောင်းနဲ့တိုးပြီး မီးရှို့သတ်ဖြတ်ခံလိုက်ရတာပါ။”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းသည် အင်းလယ်ကြီးရွာမှ (၁၅)နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက်(၂၀)ကျော် အမျိုးသမီးတစ်ဦးအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

အဆိုပါစစ်ကောင်စီ‌တပ်နှင့်ပျူများစစ်ကြောင်းထိုးနေ၍ ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်ရှိ အင်းလယ်ကြီး၊သရက်တာ၊အင်္ဂါထောင့်၊ကိုင်းရိုး၊မဲသည်၊ပေလည်၊ ဆူးပုတ်ကုန်း၊ ညောင်ပင်ရွာမ၊ရွာသစ်၊ဉာဏ်အင်း၊ထိန်တော၊သပြေသာ၊ဗိုလ်ကုန်း၊ရှမ်းတပ်၊မန်ကျီးကုန်း၊ဆူးတပ်၊ဆင်နင်း နှင့် ဖုတ်ကုန်းရွာ စုစုပေါင်းရွာ (၁၈)ရွာမှ ဒေသခံပြည်သူ ၁၅,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာများ ပိုမိုများပြားလာ၍ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း ကူညီနေသည့် မြေပြင်အဖွဲ့များထံမှသိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ကျွန်းလှမြို့နယ်၊ကြာတကန်ရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ကန့်ဘလူမြို့နယ်​တောင်ခြမ်း သိန်ရင်ဆည်အနီး​ရှိ ကျေးရွာများအား စစ်​ကြောင်းထိုးမဝင်​ရောက်​မီ ကန့်ဘလူမြို့ အမှတ်(၆၀၀၆) တင့်ကားတပ်အတွင်းမှ​နေ၍ (၁၂၀)မမ လက်နက်ကြီးဖြင့် သုံးရက်ဆက်တိုက် ပစ်ခတ်ခဲ့ခြင်း​ကြောင့် အင်းလယ် ကြီးရွာမှ ဒေသခံတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကာ နွားတ​စ်ကောင်​သေဆုံးခဲ့​ကြောင်း Infinity Group က ပြောသည်။

ဖေ​ဖော်ဝါရီ ၁၆ရက် နံနက် ၁၁နာရီခန့်က ကန့်ဘလူမြို့နယ်​တောင်ခြမ်း ထန်းကုန်းတိုက်နယ် ​ညောင်ဇင်ရွာမှ ဒေသခံတစ်ဦး လယ်​တောသို့ လှည်းဖြင့်သွားစဉ် ပျူ​စောထီးများ​ထောင်ထားသည့်မိုင်းထိမှန်ကာ လူ​ရော နွားများပါ ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook