Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူ၊ မြေမွန်ရွာတိုက်ပွဲစစ်​ကောင်စီတပ်အထိနာ၊ ဒဏ်ရာရစစ်​ကြောင်းမှူးတစ်ဦးတည်းကိုရဟတ်ယာဥ်ဖြင့်သယ်ယူ

ကန့်ဘလူအ‌ခြေစိုက်စစ်ကောင်စီတပ် ၃၆၉ တပ်ရင်းစစ်ကြောင်းကမြေမွန်ကျေးရွာကို ဖေဖော်ဝါရီ ၁၈ရက်ညတွင်စစ်​ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဖေ‌ဖော်ဝါရီ၁၉ရက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

(စစ်​ကောင်စီ၏M-17 ရဟတ်ယာဥ်တစ်စီး ။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီ၏M-17 ရဟတ်ယာဥ်တစ်စီး ။ဓါတ်ပုံ-စစ်​ကောင်စီ)

ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ၁၅ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းမှူးတစ်ဦးပါဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် စစ်တပ်ကရဟတ်ယာဥ်ဖြင့်လာရောက်ခေါ်ဆောင်သွား​ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ကန့်ဘလူအ‌ခြေစိုက်စစ်ကောင်စီတပ် ၃၆၉ တပ်ရင်းစစ်ကြောင်းကမြေမွန်ကျေးရွာကို ဖေဖော်ဝါရီ ၁၈ရက်ညတွင်စစ်​ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဖေ‌ဖော်ဝါရီ၁၉ရက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

“စစ်ကောင်စီတပ်ကစစ်ကြောင်းကို သုံးကြောင်းခွဲပြီးထိုးလာတာ။ ရွာအနောက်ဘက်ကတစ်ကြောင်း၊ အနောက်မြောက်ဘက်ကတစ်ကြောင်း၊အဲ့ဒီနှစ်ခုကြားကတကြောင်းဝင်လာတာ။ကျွန်တော်တို့ မဟာမိတ်ညီအစ်ကိုတွေ ဝိုင်းတိုက်ကြတာပါ ” ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲသည် ဖေဖော်ဝါရီလ ၁၉ရက် မနက်မှ နေ့လည် ၁နာရီခန့်အထိအပြင်းအထန်ဖြစ်ခဲ့ပြီးPDFများက မိုင်းအားအဓိကထား၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းသေဆုံးကြောင်း မြေပြင်သတင်းရရှိသည်ဟု ကန့်ဘလူမြို့၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ရဟတ်ယာဉ်လာတော့အင်အားလာဖြည့်တာလို့ထင်တာ။ ဒါမှမဟုတ်ဒဏ်ရာရသူတွေလာ‌ခေါ်မယ်ထင်တာ။ မဟုတ်ဘူးဗျ။ စစ်ကြောင်းမှုးတစ်ယောက်တည်းကို လာတင်သွားတာ”ဟု ၎င်းကPeople’s Spring သတင်းဌာနသို့ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် မြေမွန်ကျေးရွာမှ နေအိမ်အများအပြားကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး နေ့လည် ၂နာရီခန့်တွင် ၎င်းတို့တပ်စွဲထားသည့် ကွင်းကိုးကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟုသိရသည်။

မြေမွန်ကျေးရွာသည် အိမ်‌ခြေ ငါးရာခန့်ရှိသော ရွာဖြစ်ပြီး စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသွားသောကြောင့် အိမ်ခြေ ၁၅၀ခန့် မီးလောင်သွားသည်ဟုဒေသခံအချို့ကပြောသည်။စစ်ကောင်စီစစ်ကြောင်းမဝင်ခင် ဖေဖော်ဝါရီ ၁၈ရက် မတိုင်မီကတည်းက ဒေသခံများသည် ဘေးလွတ်ရာတို့တိမ်းရှောင်နေခဲ့ကြသောကြောင့် တိုက်ပွဲဖြစ်ပွား​သောအခါ အရပ်သားထိခိုက်သေဆုံးမှုမရှိကြောင်း​ဒေသခံအချို့ကပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ထိစပ်နယ်မြေများဖြစ်သော ကန်ဘလူ၊ကျွန်းလှ၊​ကောလင်း၊ တန့်ဆည်မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲများက်တိုက်ဖြစ်ပွား​နေသည်။

ကန်ဘလူမြို့နယ်မှ နာမည်ကြီးပျူ‌ စောထီခေါင်းဆောင်ဝါသဝ၏ လက်အောက်ခံပျူစခန်းတစ်ခုအားပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)ကန့်ဘလူခရိုင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁၆) ရွှေဘိုခရိုင် TRF(Taze Revolution Force)တို့ကဖေဖော်ဝါရီလ ၉ ရက်တွင်ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။