Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူ၊ မြေမွန်ရွာတိုက်ပွဲစစ်​ကောင်စီတပ်အထိနာ၊ ဒဏ်ရာရစစ်​ကြောင်းမှူးတစ်ဦးတည်းကိုရဟတ်ယာဥ်ဖြင့်သယ်ယူ

ကန့်ဘလူအ‌ခြေစိုက်စစ်ကောင်စီတပ် ၃၆၉ တပ်ရင်းစစ်ကြောင်းကမြေမွန်ကျေးရွာကို ဖေဖော်ဝါရီ ၁၈ရက်ညတွင်စစ်​ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဖေ‌ဖော်ဝါရီ၁၉ရက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

(စစ်​ကောင်စီ၏M-17 ရဟတ်ယာဥ်တစ်စီး ။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီ၏M-17 ရဟတ်ယာဥ်တစ်စီး ။ဓါတ်ပုံ-စစ်​ကောင်စီ)

ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ၁၅ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းမှူးတစ်ဦးပါဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် စစ်တပ်ကရဟတ်ယာဥ်ဖြင့်လာရောက်ခေါ်ဆောင်သွား​ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ကန့်ဘလူအ‌ခြေစိုက်စစ်ကောင်စီတပ် ၃၆၉ တပ်ရင်းစစ်ကြောင်းကမြေမွန်ကျေးရွာကို ဖေဖော်ဝါရီ ၁၈ရက်ညတွင်စစ်​ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဖေ‌ဖော်ဝါရီ၁၉ရက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

“စစ်ကောင်စီတပ်ကစစ်ကြောင်းကို သုံးကြောင်းခွဲပြီးထိုးလာတာ။ ရွာအနောက်ဘက်ကတစ်ကြောင်း၊ အနောက်မြောက်ဘက်ကတစ်ကြောင်း၊အဲ့ဒီနှစ်ခုကြားကတကြောင်းဝင်လာတာ။ကျွန်တော်တို့ မဟာမိတ်ညီအစ်ကိုတွေ ဝိုင်းတိုက်ကြတာပါ ” ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲသည် ဖေဖော်ဝါရီလ ၁၉ရက် မနက်မှ နေ့လည် ၁နာရီခန့်အထိအပြင်းအထန်ဖြစ်ခဲ့ပြီးPDFများက မိုင်းအားအဓိကထား၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်းသေဆုံးကြောင်း မြေပြင်သတင်းရရှိသည်ဟု ကန့်ဘလူမြို့၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ရဟတ်ယာဉ်လာတော့အင်အားလာဖြည့်တာလို့ထင်တာ။ ဒါမှမဟုတ်ဒဏ်ရာရသူတွေလာ‌ခေါ်မယ်ထင်တာ။ မဟုတ်ဘူးဗျ။ စစ်ကြောင်းမှုးတစ်ယောက်တည်းကို လာတင်သွားတာ”ဟု ၎င်းကPeople’s Spring သတင်းဌာနသို့ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် မြေမွန်ကျေးရွာမှ နေအိမ်အများအပြားကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး နေ့လည် ၂နာရီခန့်တွင် ၎င်းတို့တပ်စွဲထားသည့် ကွင်းကိုးကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟုသိရသည်။

မြေမွန်ကျေးရွာသည် အိမ်‌ခြေ ငါးရာခန့်ရှိသော ရွာဖြစ်ပြီး စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသွားသောကြောင့် အိမ်ခြေ ၁၅၀ခန့် မီးလောင်သွားသည်ဟုဒေသခံအချို့ကပြောသည်။စစ်ကောင်စီစစ်ကြောင်းမဝင်ခင် ဖေဖော်ဝါရီ ၁၈ရက် မတိုင်မီကတည်းက ဒေသခံများသည် ဘေးလွတ်ရာတို့တိမ်းရှောင်နေခဲ့ကြသောကြောင့် တိုက်ပွဲဖြစ်ပွား​သောအခါ အရပ်သားထိခိုက်သေဆုံးမှုမရှိကြောင်း​ဒေသခံအချို့ကပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ထိစပ်နယ်မြေများဖြစ်သော ကန်ဘလူ၊ကျွန်းလှ၊​ကောလင်း၊ တန့်ဆည်မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲများက်တိုက်ဖြစ်ပွား​နေသည်။

ကန်ဘလူမြို့နယ်မှ နာမည်ကြီးပျူ‌ စောထီခေါင်းဆောင်ဝါသဝ၏ လက်အောက်ခံပျူစခန်းတစ်ခုအားပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၁)ကန့်ဘလူခရိုင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁၆) ရွှေဘိုခရိုင် TRF(Taze Revolution Force)တို့ကဖေဖော်ဝါရီလ ၉ ရက်တွင်ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။