Connect with us

Hi, what are you looking for?

သတင်း

တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးကတိကဝတ်အမြန်ဆုံးရယူပြီး စစ်အုပ်စုဖြိုချရန် လက်တွဲချိန်ရောက်ပြီဟု ယာယီသမ္မတပြော

အကြမ်းဖက်အုပ်စုသည် ၎င်းတို့၏ နည်းဗျူဟာအတိုင်း တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲခြင်း ၊ တော်လှန်ရေးအင်အားစုများအကြား အချင်းချင်း သွေးခွဲခြင်းများ တစိုက်မိတ်မတ်လုပ်ဆောင်နေသည်ဟု ယာယီသမ္မတက သတိပေးသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးကတိကဝတ်အမြန်ဆုံးရယူပြီး စစ်အုပ်စုဖြိုချရန် လက်တွဲချိန်ရောက်ပြီဟု ယာယီသမ္မတပြော
တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးကတိကဝတ်အမြန်ဆုံးရယူပြီး စစ်အုပ်စုဖြိုချရန် လက်တွဲချိန်ရောက်ပြီဟု ယာယီသမ္မတပြော

▪️စစ်အုပ်စု၏ သွေးခွဲခြင်းဗျူဟာကို အထူးသတိထားရန် မှာကြား

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အမြန် ဆုံးပြေလည်မှုရရှိအောင် ဆက်ဆံရန် နှင့် လက်တွေ့ကျသည့် ပူးပေါင်းမှုများတည်ဆောက် ရန် အရေးကြီးသည့်အချိန်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့အကြား ပိုမိုခိုင်မြဲတဲ့ ညီညွတ်မှု၊ စည်းလုံးမှုနှင့် လက်တွေ့ကျတဲ့ ပူးပေါင်းမှုများကို တည်ဆောက်ဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်တော် အမြဲပြောခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အမြန်ဆုံးပြေလည်အောင် ဆက်ဆံဖို့နှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွက် အာမခံချက်ပေးနိုင်မယ့် နိုင်ငံရေးကတိကဝတ် များကို အမြန်ဆုံး သဘောတူညီချက်ရယူပြီး အချင်းချင်းကြား သံသယရှိနေမှုကို အဆုံးသတ်ကာ အကြမ်းဖက် စစ်အုပ်စုကို ဖြိုချဖို့ အတူလက်တွဲချိန်ရောက်ပြီ” ဟု ယာယီသမ္မတက ပြောကြားသည်။

အကြမ်းဖက်အုပ်စုသည် ၎င်းတို့၏ နည်းဗျူဟာအတိုင်း တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲခြင်း ၊ တော်လှန်ရေးအင်အားစုများအကြား အချင်းချင်း သွေးခွဲခြင်းများ တစိုက်မိတ်မတ်လုပ်ဆောင်နေသည်ဟု ယာယီသမ္မတက သတိပေးသည်။

“စစ်အုပ်စုရဲ့ လိမ်လည်ဆွဲခေါ် ဖျားယောင်းမှုနောက် မလိုက်မိဖို့ အထူးသတိထားရမှာ ဖြစ်ပါတယ်။ ညီညွတ်မှုသည်သာ တော်လှန်ရေး အောင်မြင်ဖို့ အားတရပ်ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားပြည်သူလူထု တရပ်လုံး အနေဖြင့် လက်ရှိ အချိန်ထိ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုပေါင်းစုံမှ ကြံ့ကြံ့ခံကျော်ဖြတ်လာခဲ့ကြောင်း၊ တိုင်းရင်းသားပြည်သူလူထုအားလုံး၏ မဆုတ်သော ဇွဲ၊ အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်၊ အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းလိုသော စိတ်ဓာတ်များက ယနေ့တော်လှန်ရေး အတွက် အဓိက ပင်ရင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အရင်းခံများကြောင့် အကြမ်းဖက် စစ်အုပ်စုသည် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တော်လှန်ရေးအင်အားစုများကို အဘက်ဘက်တွင် ယှဉ်ပြိုင်ရန် ကျရှုံးနေပြီဖြစ်သည်ဟု ယာယီသမ္မတက ပြောကြားသည်။

“ယခုလို အချိန်တိုအတွင်း ရရှိလာခဲ့တဲ့ အောင်မြင်မှုတွေဟာ ပြည်သူများရဲ့ အသက်ပေးဆပ်မှုတွေကြောင့် ဖြစ်ပါတယ်။ ယခုအောင်မြင်မှုများသည် တော်လှန်ရေးအဆုံးသတ်ဖို့ ခြေလှမ်းများသာဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး အမြဲသတိပြုဖို့လိုအပ်ပါတယ်”ဟုလည်း ယာယီသမ္မတက ပြောသည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် အိန္ဒိယရဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုရဲ့ ဆန္ဒပြ ချီတက်ပွဲတွေကို ခဏတာ ဆိုင်းငံ့ထားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။