Connect with us

Hi, what are you looking for?

သတင်း

တူမီးဖြင့်စတော်လှန်သည့် ချင်းလူမျိုးများ နွေဦးတော်လှန်ရေးတပ်ဦး၌ဆက်၍ဦးဆောင်ရန် ယာယီသမ္မတ တိုက်တွန်း

ယနေ့ (ဖေဖော်ဝါရီ ၂၀ရက်)ကျရောက်သည့် (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ယာယီသမ္မတက တက်ရောက် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ၂၀၂၁အတွင်းက တူမီးသေနတ် လွယ်ထားသူနှစ်ဦးကို တွေ့ရစဉ်၊ဓာတ်ပုံ - CJ
စစ်ကိုင်းတိုင်း ကလေးမြို့တွင် ၂၀၂၁အတွင်းက တူမီးသေနတ် လွယ်ထားသူနှစ်ဦးကို တွေ့ရစဉ်၊ဓာတ်ပုံ - CJ

▪️ထန်တလန်တစ်မြို့လုံးကို မီးလောင်တိုက်သွင်းခဲ့သည့် စစ်အုပ်စုဆီမှ ဘာမှမျှော်လင့်စရာမရှိဟု အသိပေး

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီကို တူမီးဖြင့် စတင်တော်လှန်တိုက်ခိုက်ခဲ့သည့် ချင်းလူမျိုးများအနေဖြင့် ယခုနွေဦးတော်လှန်ရေးကို ဆက်လက်ဦးဆောင်မှုပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။

ယနေ့ (ဖေဖော်ဝါရီ ၂၀ရက်)ကျရောက်သည့် (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ယာယီသမ္မတက တက်ရောက် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ချင်းလူမျိုးသည် ခေတ်အဆက်ဆက်ကပင် ကိုယ့်မြေကိုယ့်ရေကို ကာကွယ်ရန်အတွက် ကိုယ့်လူမျိုးကို ကာကွယ်ရန်အတွက် ရရာလက်နက်ဖြင့် အသက်ပေးစွှန့်လွှတ်စွန့်စားခဲ့ကြသည့် လူမျိုးများဖြစ်ပြီး ယခု ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ်တွင်လည်း မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်ကောင်စီကို ချင်းလူမျိုးများက ရိုးရာဓလေ့အရ အမဲလိုက်ရာ၌ အသုံးပြုသည့် တူမီးသေနတ်များကို ကိုင်ပြီး မောင်းပြန် ကိုင်ဆောင်သည့် စစ်အာဏာရှင်များကို ပထမဆုံး စတင်တိုက်ခိုက်ခဲ့ကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement
Public Service Announcement

ချင်းလူမျိုးများသည် ဒီမိုကရေစီကို အလွန်မြတ်နိုးကြသူများဖြစ်ကြောင်း၊ လက်ရှိ အခြေအနေတွင် ချင်းပြည်နယ်၏ နယ်မြေအားလုံးနီးပါးကို ချင်းအမျိုးသားတပ်ဦး(CNF)၊ချင်းအမျိုးသားတပ်မတော်(CNA)နှင့် CJDC ဦးဆောင်သည့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF)များက ထိန်းချုပ်ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

“ချင်းလူမျိုးတွေအနေနဲ့ ဆက်လက်ပြီး နွေဦးတော်လှန်ရေးရဲ့တပ်ဦးမှာဆက်လက် ဦးဆောင် ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ တစ်ပြိုင်တည်းမှာ စစ်အာဏာရှင်ကို ဖြုတ်ချပြီး အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု သစ်ကို တည်ဆောက်ရာမှာလည်း ချင်းလူမျိုးတွေ ဆက်လက်ပါဝင်နိုင်ကြဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။

သို့မှသာ ချင်းလူမျိုးများ၊ ချင်းအမျိုးသားခေါင်းဆောင်များလိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရသည့် ချင်းပြည်ကို ရရှိလာမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

ပြည်သူလူထုကို အကြမ်းဖက်သည့် ရွာများကို မီးရှို့သည့် အရပ်သားနေအိမ်များကို ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီထံမှ ဘာမှ ရမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

“ထန်တလန်တစ်မြို့လုံးကို မီးလောင်တိုက်သွင်းခဲ့တဲ့ စစ်အုပ်စုဆီက ဘာမှ မျှော်လင့်စရာမရှိပါဘူး။ ဒါကို ချင်းလူမျိုးတွေလည်း ကောင်းကောင်းသိပါတယ်။ ဒါကြောင့် ချင်းလူမျိုးတွေက တော်လှန်ရေးမှာ တပ်ဦးကနေတိုက်နေကြတာဖြစ်တယ်” ဟု ယာယီသမ္မတက ပြောသည်။

စစ်အာဏာရှင်ပြုတ်ကျပြီး ချင်းပြည်ငြိမ်းချမ်းသွားသည့်အခါ၌ လက်တွေ့မြေပြင်တွင် ချင်းအမျိုးသားနေ့ ခြိမ့်ခြိမ့်သဲ ကျင်းပ နိုင်လိမ့်မည်ဖြစ်ပြီး ထိုနေ့မျိုးသို့ ရောက်လာရန် ယနေ့ ကျရောက်သည့် ချင်းအမျိုးသားနေ့မှ အားယူရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ စုဖွဲ့မှု ဖြစ်မြောက်လာရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အချိန်များစွာ ရင်းနှီးမြှုပ်နှံတာ၊ ယုံကြည်မှု တည်ဆောက်တာ တွေ ပါဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော်အနေနဲ့လည်း ဒီစုဖွဲ့မှု ဖြစ်မြောက်ရေး ၀ိုင်းဝန်း ပံ့ပိုးပေးစေလိုဟု မေတ္တာရပ်ခံခဲ့ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။