Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါတွင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနေအိမ်မှဖောက်ခွဲရေးသုံး ပစ္စည်းနှင့်စစ်ဝတ်စုံများသိမ်းဆည်းရမိဟုယောPDFထုတ်ပြန်

လက်ရှိတွင်အဆိုပါ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနေအိမ်သို့ကျေးရွာ ပအဖ၊ ပကဖများ၏ ခွင့်ပြုချက်မရရှိဘဲ မည်သူမှ ဝင်ထွက်သွားလာခြင်း မလုပ်ကြရန် ကျေးရွာတွင်း သတိပေးထားပြီး မလိုက်နာပါက အရေးယူမည်ဟု ထုတ်ပြန်ခဲ့သည်။

(သိမ်းဆည်းရမိ​သော ပစ္စည်းများ ။ဓါတ်ပုံ-YPDF)
(သိမ်းဆည်းရမိ​သော ပစ္စည်းများ ။ဓါတ်ပုံ-YPDF)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် ဘော်ပြင်းကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ အိမ်မှ စစ်ကောင်စီ အသုံးအဆောင်ပစ္စည်းများ၊ ဖောက်ခွဲရေးသုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်(YPDF)က သတင်းထုတ်ပြန်သည်။

ဘော်ပြင်းကျေးရွာရှိ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးစိန်မြင့်နေအိမ်ကို YPDF ရဲဘော်များက ဖေဖော်ဝါရီ ၁၉ရက်ညပိုင်း၌ ဝင်ရောက်ရှာဖွေရာနေအိမ်အတွင်းမှစစ်ယူနီဖောင်း(အစိမ်း)၁၇ စုံ၊ တိုက်ပွဲဝင်ယူနီဖောင်း (ပြောက် ကျား) ၄ စုံ၊ အရာရှိ လျှာထိုးဦးထုပ် ၁ လုံး၊ ရိုးရိုးဦးထုပ် ၄ လုံး၊ ကြယ် ၂ ပွင့်စီတပ်ထားသည့် ပခုံးတင် ဘား ၂ စုံ၊ ဟန်းကော ၁ လုံး၊ စစ်ဖိနပ် ၂ ရံနှင့် ဖောက်ခွဲရေးသုံးပစ္စည်းများ ရရှိခဲ့သည်ဟု ဆိုသည်။

တွေ့ရှိသည့် စစ်ယူနီဖောင်းများမှာ ဦးစိန်မြင့်၏သားဖြစ်သူ DSTA ကျောင်းဆင်း၏ ယူနီဖောင်းများ ဖြစ်သည်ဟု ယူဆရကြောင်း ဖော်ပြသည်။

ဦးစိန်မြင့်၏ မိန်းမဖြစ်သူမှာလည်းNon CDMကျောင်းဆရာမဖြစ်ကာ ရွာမှ ထွက်ပြေးနေသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ကြောင်း၊ ယခင်က ခလရ(၅၀)တွင် ခိုလှုံနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိတွင်အဆိုပါ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနေအိမ်သို့ကျေးရွာ ပအဖ၊ ပကဖများ၏ ခွင့်ပြုချက်မရရှိဘဲ မည်သူမှ ဝင်ထွက်သွားလာခြင်း မလုပ်ကြရန် ကျေးရွာတွင်း သတိပေးထားပြီး မလိုက်နာပါက အရေးယူမည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့