Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ် သရက်ချဉ်ရွာဒေသခံ ၂၆ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးသွားဟု ဒေသခံပြော

စစ်ကောင်စီတပ် စစ်ကြောင်းလာရောက်စဉ် မပြေးနိုင်သူများဖြစ်ပြီး အသက်မပြည့်သေးသည့် ကလေး သုံးဦး ပါဝင်သည်ဟု ဆိုသည်။

ဆောမြို့နယ် သရက်ချဉ်ရွာဒေသခံ ၂၆ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးသွားဟု ဒေသခံပြော
ဆောမြို့နယ် သရက်ချဉ်ရွာဒေသခံ ၂၆ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးသွားဟု ဒေသခံပြော

မကွေးတိုင်း ဆောမြို့နယ်ရှိ သရက်ချဉ်ကျေးရွာမှ ဒေသခံပြည်သူ ၂၆ဦးကို စစ်ကောင်စီတပ်က ယနေ့ (ဖေဖော်ဝါရီ ၂၅ရက်) ဖမ်းဆီးသွားသည်ဟု ဆောဒေသခံက သတင်းပေးပို့သည်။

ဆောမြို့နယ် ကျောက်ထုဒေသ သရက်ချဉ်ကျေးရွာသို့ ဖေဖော်ဝါရီ ၂၄ရက်က ညအိပ်ခဲ့သည့် စစ်ကောင်စီတပ်သည် ယနေ့နံနက် ပြန်အထွက်တွင် အမျိုးသမီး ၁၇ဦးနှင့် အမျိုးသား ၉ဦးကို ဖမ်းသွားခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းလာရောက်စဉ် မပြေးနိုင်သူများဖြစ်ပြီး အသက်မပြည့်သေးသည့် ကလေး သုံးဦး ပါဝင်သည်ဟု ဆိုသည်။

ဖမ်းဆီးခံထားရသူများ၏ အခြေအနေနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။