Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ရခိုင်ခရီး ပြည်သူများ၏ပိတ်ဆို့ကန့်သတ်မှုများ ဖြေလျှော့ပေးပါက ကြိုဆိုကြောင်း AA ပြော

မင်းအောင်လှိုင် ရခိုင်သို့ရောက်ရှိနေချိန် ယနေ့ ပြုလုပ်သည့် AA၏ သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မင်းအောင်လှိုင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်မှ စစ်ကောင်စီတပ်သားများနှင့် ယနေ့ တွေ့ဆုံနေစဥ်၊ ဓာတ်ပုံ - cincds.gov.mm
မင်းအောင်လှိုင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်မှ စစ်ကောင်စီတပ်သားများနှင့် ယနေ့ တွေ့ဆုံနေစဥ်၊ ဓာတ်ပုံ - cincds.gov.mm

စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင် ရခိုင်ပြည်နယ်သို့လာရောက်မှုကို သိရှိထားပြီးစောင့်ကြည့်နေကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့(AA) ပြောရေးဆိုခွင့်ရှိ သူ ဦးခိုင်သုခက ပြောသည်။

မင်းအောင်လှိုင် ရခိုင်သို့ရောက်ရှိနေချိန် ယနေ့ ပြုလုပ်သည့် AA၏ သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“SAC ဥက္ကဋ္ဌ ရခိုင်ပြည်ကို လာရောက်တဲ့အတွက် ရခိုင်ပြည်သူတွေအတွက် တစုံတရာအကျိုးရှိတယ်။ အထူးသဖြင့် ရခိုင်ပြည်မှာ လက်ရှိပိတ်ဆို့ကတ်သတ်ထားတာတွေကို ဖြေလျှော့ပေးလာတယ်သို့မဟုတ် ရခိုင်ပြည်သူတွေရဲ့ဘ၀ ပြန်လည်ထူထောင်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အဲဒါတွေအတွက်တစုံတရာ အထောက်အပံ့ဖြစ်တဲ့ ကိစ္စမျိုးကို ဦးတည်ပြီး လာရောက်တွေ့ဆုံတာမျိုးဆို ကျွန်တော်တို့ အနေနဲ့ အထွေအထူးပြောစရာမရှိပါ။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ပိတ်ဆို့ကန့်သတ်ခံနေရတာတွေ လက်ရှိ ဖြစ်နေတဲ့ အကြပ်အတည်းက လွတ်မြောက်ဖို့အတွက် လာရောက်လုပ်ဆောင်ပေးတယ်ဆို ဒီကိစ္စက ကြိုဆိုရမယ့် ကိစ္စလို့ ပြောလို့ရပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။ ဦးခိုင်သုခက ရခိုင်စကားဖြင့်ပြောဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ထိုသို့မဟုတ်ဘဲ စစ်ကောင်စီကို နိုင်ငံရေးအရနိုင်ငံတကာက အကောင်းမြင်လာစေရန် အပါအဝင် ဟန်ပြလာရောက်သည့် ခရီးစဉ်မျိုးဖြစ်ပါက ပြည်သူအတွက်အကျိုးရှိလာမည့် ကိစ္စမဟုတ်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယခု စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်သည့်ကိစ္စသည် ရှေ့ဆက်ပြီး မည်သို့ဖြစ်လာမည်၊ မည်သို့လုပ်ဆောင်မည်ဆိုသည်ကို ULA အနေဖြင့် သေချာစွာ စောင့်ကြည့်နေသည်ဟု ပြောသည်။

စစ်ကောင်စီနှင့် AA တို့သည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ(အာဏာမသိမ်းမီ လပိုင်းအလို)တွင် အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ခဲ့သည်။ ၂၀၂၂ နှစ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီနှင့် AAတို့သည် ၂၀၂၂ နိုဝင်ဘာလကုန်ပိုင်းက ဒုတိယအကြိမ် အပစ်ရပ်စဲခဲ့သည်။

ထိုသို့ အပစ်ရပ်ရာ၌ စစ်ကောင်စီတပ်က ဖမ်းထားသည့် ရခိုင်ပြည်သူများကို ပြန်လွှတ်ပေးရမည်ဟူသည့် အချက်ပါသော်လည်း စစ်ကောင်စီဘက်က အကောင် အထည်ဖော်မှုအားနည်းကြောင်း ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီတပ်က စစ်ရှောင်များအားနေရပ်ပြန်ရန် ဖိအားပေးခြင်းသည် ရခိုင်လူထုအား ပိုမိုခက်ခဲအောင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

အတွေးအမြင်

ဝမ်းသာစရာ သတင်းကောင်းပါ။ မြန်မာနိုင်ငံမှာ အနည်းဆုံးတော့ အရာအားလုံး မပြိုလဲသေးပါဘူး။ တည်ငြိမ်ခိုင်မြဲတာ တစ်ခုတော့ရှိနေပါပြီ။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု