Connect with us

Hi, what are you looking for?

သတင်း

ပေါက်တောင်ပိုင်းတွင်စစ်​ကောင်စီတပ်စစ်​ကြောင်းထိုးနေ၍ ဒေသခံထာင်ချီထွက်​ပြေး​​တိမ်း​ရှောင်နေရ

အင်အား(၈၀)ဝန်းကျင်စီရှိ​သည့်စစ်ကောင်စီစစ်ကြောင်းနှစ်​ကြောင်းသည် ဖေဖော်ဝါရီ ၂၄ ရက် မနက်ကတည်းက ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံများကပြောသည်။

(စစ်​ကောင်စီတပ်စစ်​ကြောင်းထိုးလာ၍ ​ပေါက်မြို့နယ်​တောင်ပိုင်းမှထွက်​ပြေးတိမ်း​ရှောင်နရ​​သော​ဒေသခံပြည်သူများ ။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်စစ်​ကြောင်းထိုးလာ၍ ​ပေါက်မြို့နယ်​တောင်ပိုင်းမှထွက်​ပြေးတိမ်း​ရှောင်နရ​​သော​ဒေသခံပြည်သူများ ။ ။ဓါတ်ပုံ-CJ)

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်းဖြင့်ထိုးနေ၍ ဒေသခံပြည်သူ ၃၀၀၀ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံများက​ပြောသည်။

“ပေါက်တောင်ပိုင်းမှာ စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေတာ”ဟုဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်းပြောသည်။

အင်အား(၈၀)ဝန်းကျင်စီရှိ​သည့်စစ်ကောင်စီစစ်ကြောင်းနှစ်​ကြောင်းသည် ဖေဖော်ဝါရီ ၂၄ ရက် မနက်ကတည်းက ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ရွာသားနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံများကပြောသည်။

(စစ်​ကောင်စီတပ်စစ်​ကြောင်းထိုးလာ၍ ​ပေါက်မြို့နယ်​တောင်ပိုင်းမှထွက်​ပြေးတိမ်း​ရှောင်နရ​​သော​ဒေသခံပြည်သူများ ။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်စစ်​ကြောင်းထိုးလာ၍ ​ပေါက်မြို့နယ်​တောင်ပိုင်းမှထွက်​ပြေးတိမ်း​ရှောင်နရ​​သော​ဒေသခံပြည်သူများ ။ ။ဓါတ်ပုံ-CJ)

ပေါက်မြို့နယ်၊ရေပြာရဲစခန်းမှ အင်အား ၈၀ခန့်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ရေတိမ်နှင့်ကျွန်းတောရွာများကို စစ်​ကြောင်းထိုးဝင်ရောက်လာသဖြင့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည်။တိုက်ပွဲတွင် နှစ်ဖက်​ထိခိုက်ကိဆုံးမှုအ​ခြေအ​နေကိုမူ မသိရ​သေး​ပေ။

Public Service Announcement

Public Service Announcement

စစ်​ကြောင်းထိုးခံရ​သောကျေးရွာများမှ ဒေသခံများမှာလည်း နေအိမ်များစွန့်ခွာထွက်ပြေးနေရသည်။

ထိုအတူဖေဖော်ဝါရီ ၂၆ ရက်မနက်ပိုင်းကလည်း ယာကြီးပြင်ရွာမှာ အင်အား ၈၀ကျော်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းက သဖန်းချောက်ကျေးရွာကို စစ်​ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံနွားကျောင်းသား နှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကြောင်း ​ဘေးရန်​ကြောက်သဖြင့် ပန်းတော်ကန်၊ သဖန်းချောက်၊ ဇီးဖြုကုန်း၊ ရေယာဉ်တောင်စု၊မြောက်စုစသည့်ကျေးရွာများမှ ဒေသခံထောင်ချီထွက်ပြေးနေရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ထောက်ရှာပင်ကျေးရွာကို စစ်တပ်စစ်ကြောင်း ဝင်ရောက်စီးနင်း မီးရှို့ခဲ့ရာ နေအိမ် ၅၀နီးပါးနဲ့ ထရန်စဖော်မာတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။