Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ ရှ​ရော်ခ​ရွာမှပြည်သူ ၁၃၅ ဦးကိုစစ်​တပ်ကဖမ်းဆီးထား

ယနေ့(မတ်လ၂ရက်) နံနက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေး၍ စိုးရိမ်နေရကြောင်းဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူများကပြောသည်။

(ဖားကန့်မြို့နယ် ရှာ​ရော်ခရွာအဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-The 74 Media)
(ဖားကန့်မြို့နယ် ရှာ​ရော်ခရွာအဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-The 74 Media)

ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာကိုစစ်ကောင်စီတပ်ကမတ်လ ၁ ရက်တွင် ဝင်ရောက်စီးနင်းပြီး‌ ​ဒေသခံပြည်သူ ၁၃၅ ဦးအားဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ရှရော်ခကျေးရွာကို ယမန်နေ့(မတ်လ ၁ရက်)ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်အင်အား ၅၀ ထက်မနည်းက သေနတ်များပစ်ဖောက်ဝင်ရောက်လာ ဒေသခံများကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း​ဒေသခံအချို့က​ပြောသည်။

စစ်​ကောင်စီစစ်​ကြောင်းတစ်​ကြောင်းကရွာအတွင်းဝင်​ရောက်စီးနင်း​နေချိန်တွင် ကျန်စစ်​ကြောင်းတစ်​ကြောင်းကရွာအပြင်တွင်​စောင့်​နေ​ကြောင်းလည်း​ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။

“၁၃၅ ယောက်ကို ဖမ်းသွားတာပါ။ လူသားဒိုင်းအနေနဲ့ လုပ်ချင်တာထင်တယ်။ ပြန်မလွှတ်သေးဘူး။ အရင်ကတော့တစ်ယောက်ကို ၄သိန်း ၅သိန်း နဲ့ ပြန်ရွေးထုတ်ခိုင်းပြီး ဂွင်ဖန်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူများတွင်လူငယ်အများအပြားပါဝင်နေပြီး မိန်းကလေးငယ်များလည်းပါဝင်​ကြောင်း သိရသည်။ ဖမ်းဆီးခံလိုက်ရသူများသည် ရေးမ‌ဆေးကျောက်ရှာဖွေသူအများစုဖြစ်ပြီးKIA၊PDFတို့နှင့်ဆက်စပ်သူများမဟုတ်ကြောင်း ဒေသခံများကပြောသည်။

ရှာ​ရော်ခ ​ကျေးရွာတွင် ​ပြည်သူ ၄၀၀ ​ကျော်​နေထိုင်ပြီး တစ်ရာ​ကျော်ဖမ်းဆီးခံထားရခြင်းဖြစ်​ကြောင်းလည်းသိရသည်။

ယနေ့(မတ်လ၂ရက်) နံနက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေး၍ စိုးရိမ်နေရကြောင်းဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။