Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်၊ ရှ​ရော်ခ​ရွာမှပြည်သူ ၁၃၅ ဦးကိုစစ်​တပ်ကဖမ်းဆီးထား

ယနေ့(မတ်လ၂ရက်) နံနက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေး၍ စိုးရိမ်နေရကြောင်းဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူများကပြောသည်။

(ဖားကန့်မြို့နယ် ရှာ​ရော်ခရွာအဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-The 74 Media)
(ဖားကန့်မြို့နယ် ရှာ​ရော်ခရွာအဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-The 74 Media)

ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာကိုစစ်ကောင်စီတပ်ကမတ်လ ၁ ရက်တွင် ဝင်ရောက်စီးနင်းပြီး‌ ​ဒေသခံပြည်သူ ၁၃၅ ဦးအားဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ရှရော်ခကျေးရွာကို ယမန်နေ့(မတ်လ ၁ရက်)ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်အင်အား ၅၀ ထက်မနည်းက သေနတ်များပစ်ဖောက်ဝင်ရောက်လာ ဒေသခံများကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း​ဒေသခံအချို့က​ပြောသည်။

စစ်​ကောင်စီစစ်​ကြောင်းတစ်​ကြောင်းကရွာအတွင်းဝင်​ရောက်စီးနင်း​နေချိန်တွင် ကျန်စစ်​ကြောင်းတစ်​ကြောင်းကရွာအပြင်တွင်​စောင့်​နေ​ကြောင်းလည်း​ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။

“၁၃၅ ယောက်ကို ဖမ်းသွားတာပါ။ လူသားဒိုင်းအနေနဲ့ လုပ်ချင်တာထင်တယ်။ ပြန်မလွှတ်သေးဘူး။ အရင်ကတော့တစ်ယောက်ကို ၄သိန်း ၅သိန်း နဲ့ ပြန်ရွေးထုတ်ခိုင်းပြီး ဂွင်ဖန်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူများတွင်လူငယ်အများအပြားပါဝင်နေပြီး မိန်းကလေးငယ်များလည်းပါဝင်​ကြောင်း သိရသည်။ ဖမ်းဆီးခံလိုက်ရသူများသည် ရေးမ‌ဆေးကျောက်ရှာဖွေသူအများစုဖြစ်ပြီးKIA၊PDFတို့နှင့်ဆက်စပ်သူများမဟုတ်ကြောင်း ဒေသခံများကပြောသည်။

ရှာ​ရော်ခ ​ကျေးရွာတွင် ​ပြည်သူ ၄၀၀ ​ကျော်​နေထိုင်ပြီး တစ်ရာ​ကျော်ဖမ်းဆီးခံထားရခြင်းဖြစ်​ကြောင်းလည်းသိရသည်။

ယနေ့(မတ်လ၂ရက်) နံနက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေး၍ စိုးရိမ်နေရကြောင်းဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် ပူးတွဲနေရာယူထားသည့် နန့်ယားတပ်စခန်းကို ဧပြီ ၉ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၁ရက် နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ် တို့ တပ်စွဲထားသည့် နန့်ယားတပ်စခန်းကို နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ရာ ယနေ့မနက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။