Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယအစိုးရပိုင်ကုမ္ပဏီက မြန်မာစစ်တပ်ကို ၁၂၂ မမ လက်နက်ကြီးပြောင်းများရောင်းချပေးဟုJFMစုံစမ်း​ဖော်ထုတ်

ဖန်များစွာ ပစ်ခတ်ခဲ့သည်။ အလားတူ ၂၀၂၂ ဒီဇင်ဘာ ၁၃ ရက်ကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် အဆိုပါလက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု JFM က ဖော်ပြသည်။

(ဓါတ်ပုံ-JFM)
(ဓါတ်ပုံ-JFM)

အိန္ဒိယအစိုးရပိုင် Yantra India Limited သည် ၂၀၂၂ အောက်တိုဘာက မြန်မာစစ်တပ်ထံ ၁၂၂ မမ လက်နက်ကြီးပြောင်းအများအပြားကို တင်ပို့ရောင်းချခဲ့ကြောင်း Justice For Myanmar က စုံစမ်းဖော်ထုတ်သည်။

အိန္ဒိယအစိုးရ၏ အဆိုပါလုပ်ရပ်သည် နိုင်ငံတကာဥပဒေလိုက်နာရန် ပျက်ကွက်မှုဖြစ်နိုင်ပြီး ယင်း ၁၂၂ မမ လက်နက်ကြီးပြောင်းများကို အမေရိကန်၊ ဗြိတိန်၊ အီးယူနှင့် ကနေဒါတို့က အရေးယူပိတ်ဆို့ထားသော စစ်တပ်၏ ကာကွယ်ရေးလက်နက်ထုတ်စက်ရုံများ ညွှန်ကြားရေးမှူးရုံးက ထုတ်လုပ်သည့် ဟောင်ဝဇ္ဇာအမြောက် အဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။

“မြန်မာရဲ့ အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေနဲ့အိန္ဒိယအစိုးရအနေနဲ့ စစ်ရာဇဝတ်ကောင် တရားမဝင်စစ်ကောင်စီနဲ့ မရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ကျွန်မတို့ ပန်ကြားပါတယ်” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က တိုက်တွန်းသည်။

Yantra India Limited သည် အကြမ်းဖက်စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းတင်သွင်းပေးနေသော လက်နက်ပွဲစား ကျော်ကျော်ထွန်းပိုင် ကုမ္ပဏီထံ အဆိုပါ လက်နက်ကြီးပြောင်းများကို တင်ပို့ခဲ့ခြင်းဖြစ်ပြီး ကျော်ကျော်ထွန်းနှင့် ၎င်း၏ ကွန်ရက်များမှာ လက်ရှိအချိန်အထိ အရေးယူပိတ်ဆို့ခြင်း မခံရသေးပေ။

Public Service Announcement

Public Service Announcement

တရားမဝင်စစ်အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ ၃၀၀၀ ကျော်ကိုသတ်ဖြတ်ခဲ့ပြီးဆန္ဒပြသူများကို ညှင်းပန်နှိပ်စက်သတ်ဖြတ််ခြင်း၊ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်နေသည်။

မကြာသေးမီကပင် စစ်တပ်သည် ၁၂၂ မမ ဟောင်ဝဇ္ဇာအမြောက်များဖြင့် အရပ်သားများနေထိုင်ရာများသို့ ပစ်ခတ်ခဲ့သည်ကို တွေ့ရပြီး ဥပမာအားဖြင့် ၂၀၂၂ ဒီဇင်ဘာ ၆ ရက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ Namsai Khahku ဆင်ခြေဖုံးရပ်ကွက်များသို့ ၁၂၂ မမ လက်နက်ကြီး ကြိမ်

ဖန်များစွာ ပစ်ခတ်ခဲ့သည်။ အလားတူ ၂၀၂၂ ဒီဇင်ဘာ ၁၃ ရက်ကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် အဆိုပါလက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု JFM က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။