Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယအစိုးရပိုင်ကုမ္ပဏီက မြန်မာစစ်တပ်ကို ၁၂၂ မမ လက်နက်ကြီးပြောင်းများရောင်းချပေးဟုJFMစုံစမ်း​ဖော်ထုတ်

ဖန်များစွာ ပစ်ခတ်ခဲ့သည်။ အလားတူ ၂၀၂၂ ဒီဇင်ဘာ ၁၃ ရက်ကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် အဆိုပါလက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု JFM က ဖော်ပြသည်။

(ဓါတ်ပုံ-JFM)
(ဓါတ်ပုံ-JFM)

အိန္ဒိယအစိုးရပိုင် Yantra India Limited သည် ၂၀၂၂ အောက်တိုဘာက မြန်မာစစ်တပ်ထံ ၁၂၂ မမ လက်နက်ကြီးပြောင်းအများအပြားကို တင်ပို့ရောင်းချခဲ့ကြောင်း Justice For Myanmar က စုံစမ်းဖော်ထုတ်သည်။

အိန္ဒိယအစိုးရ၏ အဆိုပါလုပ်ရပ်သည် နိုင်ငံတကာဥပဒေလိုက်နာရန် ပျက်ကွက်မှုဖြစ်နိုင်ပြီး ယင်း ၁၂၂ မမ လက်နက်ကြီးပြောင်းများကို အမေရိကန်၊ ဗြိတိန်၊ အီးယူနှင့် ကနေဒါတို့က အရေးယူပိတ်ဆို့ထားသော စစ်တပ်၏ ကာကွယ်ရေးလက်နက်ထုတ်စက်ရုံများ ညွှန်ကြားရေးမှူးရုံးက ထုတ်လုပ်သည့် ဟောင်ဝဇ္ဇာအမြောက် အဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။

“မြန်မာရဲ့ အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေနဲ့အိန္ဒိယအစိုးရအနေနဲ့ စစ်ရာဇဝတ်ကောင် တရားမဝင်စစ်ကောင်စီနဲ့ မရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ကျွန်မတို့ ပန်ကြားပါတယ်” ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က တိုက်တွန်းသည်။

Yantra India Limited သည် အကြမ်းဖက်စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းတင်သွင်းပေးနေသော လက်နက်ပွဲစား ကျော်ကျော်ထွန်းပိုင် ကုမ္ပဏီထံ အဆိုပါ လက်နက်ကြီးပြောင်းများကို တင်ပို့ခဲ့ခြင်းဖြစ်ပြီး ကျော်ကျော်ထွန်းနှင့် ၎င်း၏ ကွန်ရက်များမှာ လက်ရှိအချိန်အထိ အရေးယူပိတ်ဆို့ခြင်း မခံရသေးပေ။

Public Service Announcement

Public Service Announcement

တရားမဝင်စစ်အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ ၃၀၀၀ ကျော်ကိုသတ်ဖြတ်ခဲ့ပြီးဆန္ဒပြသူများကို ညှင်းပန်နှိပ်စက်သတ်ဖြတ််ခြင်း၊ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်နေသည်။

မကြာသေးမီကပင် စစ်တပ်သည် ၁၂၂ မမ ဟောင်ဝဇ္ဇာအမြောက်များဖြင့် အရပ်သားများနေထိုင်ရာများသို့ ပစ်ခတ်ခဲ့သည်ကို တွေ့ရပြီး ဥပမာအားဖြင့် ၂၀၂၂ ဒီဇင်ဘာ ၆ ရက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ Namsai Khahku ဆင်ခြေဖုံးရပ်ကွက်များသို့ ၁၂၂ မမ လက်နက်ကြီး ကြိမ်

ဖန်များစွာ ပစ်ခတ်ခဲ့သည်။ အလားတူ ၂၀၂၂ ဒီဇင်ဘာ ၁၃ ရက်ကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် အဆိုပါလက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု JFM က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ် ၃ခု ထိစပ်နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေသလို စစ်သင်္ဘောတွေပေါ်ကနေ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဆင်တွင်းကျေးရွာကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ထုံးကြီးရွာနယ်မြေ ရဲစခန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျွန်းဦးရွာက အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်အပါအဝင်အရပ်သား ပြည်သူ ၂ဦး သေဆုံးကာ ကလေး ၁ဦးအပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။