Connect with us

Hi, what are you looking for?

သတင်း

သံတောင်မြို့ (၁၃) မိုင်တွင် နေအိမ် ၇ လုံးမီးရှို့ခံရ

မတ်လ(၄)ရက် မွန်းလွဲနှစ်နာရီအချိန်ခန့်တွင် သံတောင်မြို့(၁၃)မိုင်၌ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေအိမ်(၇)လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားခဲ့‌ကြောင်း ဒေသခံအချို့ကပြောသည်။

သံတောင်မြို့ (၁၃) မိုင်တွင် နေအိမ် ၇ လုံးမီးရှို့ခံရ
သံတောင်မြို့ (၁၃) မိုင်တွင် နေအိမ် ၇ လုံးမီးရှို့ခံရ

ကရင်ပြည်နယ် သံတောင်မြို့(၁၃)မိုင်တွင် မတ်လ(၄)ရက်က တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့နေအိမ်(၇)လုံးခန့်ကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု သံတောင်သတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ(၄)ရက် မွန်းလွဲနှစ်နာရီအချိန်ခန့်တွင် သံတောင်မြို့(၁၃)မိုင်၌ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေအိမ်(၇)လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားခဲ့‌ကြောင်း ဒေသခံအချို့ကပြောသည်။

ထိတွေ့ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေသော သံတောင်မြို့(၁၃)မိုင်တွင် ဒေသခံပြည်သူလူထုများ၏ နေအိမ်အဆောက်အဦးနှင့် ကား၊ ဆိုင်ကယ်များကို စစ်ကောင်စီတပ်ဘက်က မီးရှို့ဖျက်ဆီးခြင်းများ မကြာခဏလုပ်‌လေ့ရှိပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများလည်း မကြာခဏ လုပ်ဆောင်လျက်ရှိသည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

ယင်းသို့ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် သံတောင်မြို့(၁၃)မိုင်ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းအပါအဝင် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးမှုများရှိခဲ့သလို ပြီးခဲ့သည့်ရက်ပိုင်းက ဘိုတဲကုန်းကျေးရွာတွင်လည်း ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်(၄)စီး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သံတောင်ဒေသခံများထံမှ သိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် သံတောင်မြို့(၁၃)မိုင်အပါအဝင် တောင်ငူ-လိပ်သိုလမ်းတစ်လျှောက်တွင် စစ်ဆေးဖမ်းဆီးမှုများ တင်းကြပ်စွာလုပ်ဆောင်နေပြီး ဖေဖေါ်ဝါရီလကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်မှ စစ်ဆင်ရေးဆောင်ရွက်မှု ပိုမိုလုပ်ဆောင်လာနေသောကြောင့် သံတောင်၊ လိပ်သို ဒေသအတွင်းရှိ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

ကရင်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)၏ ထုတ်ပြန်ထားချက်အရ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောအူး(တောင်ငူ)ခရိုင် တပ်မဟာ(၂)နယ်မြေတွင် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးလှုပ်ရှားဆောင်ရွက်မှုများကြောင့် ဒေသခံပြည်သူလူထု(၃၇၄၃၅)ဦး စစ်ဘေးရှောင်နေရသည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။