Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ဆည်တော်ကြီးမြောင်းထဲမှာ ဦးခေါင်းပြတ်နေတဲ့အလောင်းတွေ့

“အလောင်းက အထက်ပိုင်းကနေ မျောလာတာဖြစ်နိုင်မယ်၊ ဆေးရုံကိုပို့လိုက်ပါပြီ”လို့ အလောင်းဆယ်ခဲ့တဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောပါတယ်။

မန္တလေး ဆည်တော်ကြီးမြောင်းထဲမှာ ဦးခေါင်းပြတ်နေတဲ့အလောင်းတွေ့
မန္တလေး ဆည်တော်ကြီးမြောင်းထဲမှာ ဦးခေါင်းပြတ်နေတဲ့အလောင်းတွေ့

မန္တလေးမြို့ ၊ပုသိမ်ကြီးမြို့နယ်ထဲက ဆည်တော်ကြီး မြောင်းထဲမှာ ဦးခေါင်းပြတ်နေတဲ့ အမျိုးသားအလောင်းကိုတွေ့ခဲ့ရတယ်လို့ အလောင်းဆယ်ပြီး ဆေးရုံကိုပို့ဆောင်ပေးခဲ့တဲ့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

Public Service Announcement
Public Service Announcement

အဲဒီအလောင်းကို မတ်လ ၄ ရက်ညပိုင်းကတွေ့တာဖြစ်ပြီး မနေ့က မနက်ပိုင်းမှာ ဆယ်ယူခဲ့တာပါ။

“အလောင်းက အထက်ပိုင်းကနေ မျောလာတာဖြစ်နိုင်မယ်၊ ဆေးရုံကိုပို့လိုက်ပါပြီ”လို့ အလောင်းဆယ်ခဲ့တဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောပါတယ်။

အလောင်းတွေ့တဲ့ ဆည်တော်ကြီးမြောင်းဟာ မတ္တရာနယ်ကနေ ပုသိမ်ကြီးဘက် စီးဆင်းနေတဲ့မြောင်းတစ်ခုဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။