▪︎ယနေ့မှစ၍ ခြောက်လအတွင်း CDMမလုပ်ပါက အရေးယူခံရမည်ဟုသတိပေး
တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ဒေသရှိအာဏာသိမ်းစစ်ကောင်စီလက်အောက်ခံဝန်ထမ်းများယနေ့မှစ၍ CDM ပြုလုပ်ကြရန်)က TNLAကကြေညာချက်ထုတ်ပြန်လိုက်သည်။
အာဏသိမ်းကာလ နှစ်နှစ်ကျော်အတွင်း TNLAက Non CDM များနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် တရားဝင် ကြေညာချက် ထုတ်ပြန် သတိပေးခြင်းလည်းဖြစ်သည်။
“အဓိကကတော့ အဲဒီ ထုတ်ပြန်စာထဲမှာ တအာင်းပြည်နယ်အတွင်းမှာရှိတဲ့ Non CDM တွေပေါ့နော်အကုန်လုံးက CDM ပြန်ပြီးတော့ ဝင်ရမယ်။ အချိန်က ဒီလကနေ စပြီးတော့ ဩဂုတ်လ ၈ရက်နေ့အထိ ၆လအတွင်း မှာပေါ့နော်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ရုံးကတာဝန်ရှိသူက ပြောသည်။

ယခင်က CDM ပြုလုပ်ရန် စာပို့ သတိပေးသည့် ဖြစ်စဉ်အချို့ကို TNLAကဆောင်ရွက်ခဲ့ဖူးသော်လည်းကြေညာချက်ထုတ်ပြန်ပြီးသတိပေးခြင်းကိုယခုပထမဆုံးအကြိမ် ဖြစ်သည်။

Public Service Announcement
“အဲဒီ Non CDM တွေက CDM မဝင်ဘူးဆိုရင် ကျန်မတို့ဘက်က ပြန်ပြီးတော့မှ အရေးယူပေးတာမျိုးတွေရှိသွားမှာပေါ့နော်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ရုံး တာဝန်ရှိသူက ပြောသည်။
TNLA အနေဖြင့် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု ယခင်ထက်နည်းပါးခဲ့သော်လည်း ၂၀၂၂ ဒီဇင်ဘာတွင် စစ်ကောင်စီတပ်က TNLA တပ်များရှိရာနမ့်ဆန်မြို့နယ်ကုန်းသာရွာကို လေကြောင်းမှ အင်အားချပြီး လေကြောင်း ပစ်ကူ အလုံးအရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။တိုက်ပွဲမှာပြင်းထန်ပြီးတစ်ပတ်ကျော်ကြာခဲ့သည်။ယခုနှစ်ဆန်းပိုင်းအတွင်းမှာလည်း TNLA တပ်စခန်းအချို့အား စစ်ကောင်စီတပ်ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားအချို့ဖြစ်ပွားခဲ့သည်။
TNLAသည် နမ့်ဆန် အပါအဝင် ရှမ်းမြောက်ဒေသ မြို့နယ်များ၌ အခြေပြုလှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။


















































