Connect with us

Hi, what are you looking for?

သတင်း

ဆားတောင်မြို့ရှိ စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

တိုက်နယ်စွန် PDF အဖွဲ့နှင့် မဟာမိတ်ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း၊ အဆိုပါစစ်ဆင်ရေးကို တိုက်နယ်စွန် PDF အဖွဲ့၊ ဗိုလ်မိုးကြိုး ၊ Zero Power ၊ MU ၊ မြင်းဖြူရှင် ၊ ဒီမိုပေါက်ကွဲ ၊ မော်ကွန်းသစ် PLA ၊ ပ.က.ဖ အဖွဲ့တို့နှင့် မဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(ဆားတောင်ရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်ရန် သွားရောက်နေစဥ်)
(ဆားတောင်ရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်ရန် သွားရောက်နေစဥ်)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ စစ်ကောင်စီတပ်အား လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လက်နက်ကြီးတစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း တိုက်နယ်စွန်PDFအဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၇ ရက်)က ဆားတောင်မြို့ရှိ စစ်ကောင်စီတပ်အား မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် (၈၀)မမ တစ်လုံးဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၂ နာရီခန့်တွင် (၆၀) မမ လေးလုံး၊ (၈၀) မမ နှစ်လုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာ ရရှိကြောင်း တိုက်နယ်စွန်PDFအဖွဲ့ တာဝန်ခံက ပြောသည်။

“ဆားတောင်မှာအခြေချပြီး ဘေးနားကရွာတွေကို စစ်ကြောင်းထိုးနေတဲ့အဖွဲ့ပါ။ဗိုလ်မိုးကြိုးအဖွဲ့က သွေးအိုင်ထဲကနေ ဖိုတီးတလုံး ကောက်ယူရရှိခဲ့တယ်လို့လည်းသိရပါတယ်။”ဟု တိုက်နယ်စွန်PDFအဖွဲ့ တာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်နယ်စွန် PDF အဖွဲ့နှင့် မဟာမိတ်ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်း၊ အဆိုပါစစ်ဆင်ရေးကို တိုက်နယ်စွန် PDF အဖွဲ့၊ ဗိုလ်မိုးကြိုး ၊ Zero Power ၊ MU ၊ မြင်းဖြူရှင် ၊ ဒီမိုပေါက်ကွဲ ၊ မော်ကွန်းသစ် PLA ၊ ပ.က.ဖ အဖွဲ့တို့နှင့် မဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မတ်လ ၆ ရက် နံနက်ပိုင်းကလည်း မြင်းမူမြို့နယ်၊ လက္ကပင်ရွာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ တိုက်ခိုက်ရန် ဒေသတွင်းPDFများက စစ်ကူခေါ်သောကြောင့် တပ်စိတ်သုံးစိတ်စစ်ကူသွားရောက်ခဲ့ကြောင်း၊ ညနေ ၄ နာရီခန့်တွင် လက္ကပင်ကျေးရွာသို့ ရောက်ရှိခဲ့သော်လည်း စစ်ကောင်စီတပ်က ​ပြည်သူများအား ဓားစာခံ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ၍ တိုက်ခိုက်နိုင်ခြင်း မရှိကြောင်း တိုက်နယ်စွန်PDFအဖွဲ့ တာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။