Connect with us

Hi, what are you looking for?

သတင်း

မုံရွာ စက်မှုဇုန်လမ်းခွဲရှိ ကင်းပုန်းဝပ်စစ်သား သုံးဦး ပစ်ခတ်ခံရပြီး နှစ်ဦးသေ

မတ်လ ၈ ရက် နံနက်ပိုင်းကလည်း မုံရွာမြို့ ညောင်ပင်စောက်လဝကရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသတွင်းPDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခဲ့သည်။

(ကင်းပုန်းဝပ်​နေ​သော စစ်သားများကို PDF များကပစ်ခတ်တိုက်ခိုက်​နေမှု။ဓါတ်ပုံ- Golden Eagle Force-Monywa-V2)
(ကင်းပုန်းဝပ်​နေ​သော စစ်သားများကို PDF များကပစ်ခတ်တိုက်ခိုက်​နေမှု။ဓါတ်ပုံ- Golden Eagle Force-Monywa-V2)

စစ်ကိုင်းတိုင်း၊ မုံရွာစက်မှုဇုန်လမ်းခွဲတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သား သုံးဦးအား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးသွားကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောကြားသည်။

ယမန်နေ့ (မတ်လ ၉ ရက်) နံနက် ၁၁နာရီဝန်းကျင်က မုံရွာမြို့၊ စက်မှုဇုန်လမ်းခွဲတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သား သုံးဦးအား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးခြေထောက်ထိမှန်သွားကြောင်းGolden Eagle Force အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။

ခြေထောက်ထိသော စစ်ကောင်စီတပ်သားက PDFရဲဘော်များ၏ကားအား ပြန်လည်ပစ်ခတ် သော်လည်း အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

“သတင်းပေးရဲ့မျက်မြင်ကိုယ်တွေ့အရ နှစ်ကောင်သေဆုံးတယ်ဆိုတာ သိခဲ့ရတာပါ။ ရဲဘော်တွေအကုန်ဘေးကင်းကြပါတယ်။ ကျွန်တော်တို့ပစ်ခဲ့တဲ့နေရာကို စကစယာဥ်တန်းဖြတ်တဲ့နေ့တွေမှာပဲ ကင်းပုန်းဝပ်ကြတာပါ။”ဟု Golden Eagleအဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးထိခိုက်သော စစ်ကောင်စီတပ်သား သုံးဦးအား မုံရွာမြို့အဝင် မအူဂိတ်မှ စစ်အုပ်စုသည် အိမ်စီးကားဖြင့် ရောက်လာပြီး မြို့ထဲသို့ သယ်ဆောင်သွားကြောင်း သိရသည်။

သို့သော်စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို Golden Eagle Force-Monywa-V2 နှင့်အတူ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊ Brothers Revolution Force-Monywa၊ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်ဝေးရာတွင် ရှောင်ကွင်းသွားလာကြရန်နှင့် တက်နိုင်သရွေ့ ပါဝင်ထောက်ပံ့ပေးကြရန် Golden Eagle Force-Monywa-V2 က မေတ္တာရပ်ခံထားသည်။

မတ်လ ၈ ရက် နံနက်ပိုင်းကလည်း မုံရွာမြို့ ညောင်ပင်စောက်လဝကရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသတွင်းPDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။