Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ

မြင်းမူမြို့နယ်ထဲက လက္ကပင်ရွာကို စစ်အုပ်စုကဝင်စီးချိန်မှာ ဖမ်းခံရတာဖြစ်ပြီး ဖမ်းခံရတဲ့ ဆရာတော်နဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။

မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ
မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ

မန္တလေးမြို့ ပြည်ကြီးတံခွန် သပိတ်အင်အားစုရဲ့ ဦးဆောင်ဆရာတော်ဖြစ်သူ ဦးအဂ္ဂဝံသ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း မြင်းမူနယ်မှာ ဖမ်းခံရတယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်ထဲ မတ် ၅ရက်က ဖမ်းခံရတာလို့ နီးစပ်သူတွေထံ ကသိရတာပါ။

မြင်းမူမြို့နယ်ထဲက လက္ကပင်ရွာကို စစ်အုပ်စုကဝင်စီးချိန်မှာ ဖမ်းခံရတာဖြစ်ပြီး ဖမ်းခံရတဲ့ ဆရာတော်နဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။

ဆရာတော်ဟာ မန္တလေးကနေ တိမ်းရှောင်ပြီး စစ်ကိုင်းမှာ ရှိနေချိန်အဖမ်းခံရတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့မှာရှိတဲ့ သပိတ်အင်အားစုက ဆရာတော်တွေ ၊ လူငယ်တွေဟာလည်း စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာကိုခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၆)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်တဲ့ ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဆောင်းပါး

မန္တလေးကနေ မိုးကုတ်သွားတာ ဧရာဝတီမြစ်ကို နှစ်ကြိမ် ကူးရတယ်ပြောရင် စာဖတ်သူတွေ မျက်စိလည်သွားမလားမသိဘူး။ ဟုတ်ပါတယ်။ ဧရာဝတီမြစ် အရှေ့ဘက်မှာပဲရှိကြတဲ့ မန္တလေးနဲ့မိုးကုတ်ကို ဧရာဝတီမြစ်ကိုပဲ နှစ်ကြိမ်ကူးပြီး သွားနေရတာပါ။ ဘာကြောင့်လဲဆိုရင်...

သတင်း

မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၅)မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်တဲ့ဆန္ဒပြပွဲတွေအသီးသီးပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုရင်း ပြိုကျရာကနေ အလုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေကပြောပါတယ် ။