Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ

မြင်းမူမြို့နယ်ထဲက လက္ကပင်ရွာကို စစ်အုပ်စုကဝင်စီးချိန်မှာ ဖမ်းခံရတာဖြစ်ပြီး ဖမ်းခံရတဲ့ ဆရာတော်နဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။

မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ
မန္တလေး ပြည်ကြီးတံခွန်သပိတ် ဆရာတော် ဖမ်းခံရ

မန္တလေးမြို့ ပြည်ကြီးတံခွန် သပိတ်အင်အားစုရဲ့ ဦးဆောင်ဆရာတော်ဖြစ်သူ ဦးအဂ္ဂဝံသ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း မြင်းမူနယ်မှာ ဖမ်းခံရတယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်ထဲ မတ် ၅ရက်က ဖမ်းခံရတာလို့ နီးစပ်သူတွေထံ ကသိရတာပါ။

မြင်းမူမြို့နယ်ထဲက လက္ကပင်ရွာကို စစ်အုပ်စုကဝင်စီးချိန်မှာ ဖမ်းခံရတာဖြစ်ပြီး ဖမ်းခံရတဲ့ ဆရာတော်နဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရပါတယ်။

ဆရာတော်ဟာ မန္တလေးကနေ တိမ်းရှောင်ပြီး စစ်ကိုင်းမှာ ရှိနေချိန်အဖမ်းခံရတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့မှာရှိတဲ့ သပိတ်အင်အားစုက ဆရာတော်တွေ ၊ လူငယ်တွေဟာလည်း စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာကိုခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။