Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မောထိုတလေး မြို့သစ်စီမံကိန်း၌ KNU ပါဝင်ပတ်သက်မှုမရှိကြောင်း ကာကွယ်ရေးဌာန တာဝန်ခံပဒိုစောရောဂျာခင် ရှင်းလင်း

မောထိုသလေးတွင် မြန်မာနှင့် ထိုင်းအစိုးရထံမှ ခွင့်ပြုချက်ရထားသည့် ကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ်ဆောင်မည့် စီးပွားရေး အစီအစဉ်အတွက်လုပ်ငန်းစတင်ရန် ပန္နက်တင်အခမ်းအနားပွဲသို့ ဖိတ်ကြားခံရ၍ တက်ရောက်ခဲ့ကြောင်း ပဒိုစောရောဂျာခင်က ပြောသည်။

(မော့ထိုတလေး မြို့သစ်စီမံကိန်းဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ - KIC)
(မော့ထိုတလေး မြို့သစ်စီမံကိန်းဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ - KIC)

KNU၏အလုပ်မှာ နိုင်ငံရေးနှင့် တပ်ပိုင်းဆိုင်ရာဖြစ်ပြီး စီးပွားရေးမလုပ်ဟု အသိပေး

မောထိုတလေး မြို့သစ်စီမံကိန်း၌ ပါဝင်ပတ်သတ်သည်ဟူသော သတင်းထွက်ပေါ်လာမှုအပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU) ကာကွယ်ရေးဌာနတာဝန်ခံ ပဒိုစောရောဂျာခင်၏ ရှင်းလင်းချက်ကို KNUဗဟိုက ယနေ့ ထုတ်ပြန်လိုက်သည်။

တရုတ်မြို့သစ် လောင်းကစားနယ်မြေဟုလူသိများသည့် မော့ထိုတလေး မြို့သစ်စီမံကိန်း ဖွင့်ပွဲ အခမ်းအနားသို့ ပဒိုစောရောဂျာခင် တက်ရောက်ခဲ့မှု၊ ဟွမ်ယာမြို့သစ်စီမံကိန်းကို ပဒိုစောရောဂျာခင်မှ ခွင့်ပြုချက်ပေးခဲ့ကြောင်း သတင်းထွက်ပေါ်မှုအပေါ် အရေးယူခြင်းမရှိ၍ ကမ္ဘာ့တစ်ဝှမ်းရှိ ကရင်အဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာထုတ်ပြန်ပြီး KNU ဗဟိုအလုပ်အမှုဆောင်တစ်ဖွဲ့လုံး နုတ်ထွက်ရန် ဖေဖော်ဝါရီ ၂၃ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီက သဘောထားထုတ်ပြန်ခဲ့ရာ တရားမဝင် လောင်းကစားလုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများအပါအဝင် အခြားသော ရာဇဝတ်မှုများနှင့် မကင်းသည့်လုပ်ငန်းများ ကရင်ပြည်နယ်အတွင်း လုပ်ဆောင်ခြင်းကို လက်မခံကြောင်း ဖေဖော်ဝါရီ ၂၆ရက်တွင် တရားဝင် ကြေညာခဲ့သည်။

ထို့နောက် စွပ်စွဲခံရသည့် ပဒိုစောရောဂျာခင်ကိုယ်တိုင် ကမ္ဘာတစ်ဝှမ်းရှိကရင်အဖွဲ့အစည်းများ၏ အိတ်ဖွင့်​ပေးစာ​ပေးပြီး နှစ်ပါတ်​ကျော်အကြာတွင် ပြန်လည်ရှင်းလင်းခဲ့ခြင်းလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မောထိုသလေးတွင် မြန်မာနှင့် ထိုင်းအစိုးရထံမှ ခွင့်ပြုချက်ရထားသည့် ကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ်ဆောင်မည့် စီးပွားရေး အစီအစဉ်အတွက်လုပ်ငန်းစတင်ရန် ပန္နက်တင်အခမ်းအနားပွဲသို့ ဖိတ်ကြားခံရ၍ တက်ရောက်ခဲ့ကြောင်း ပဒိုစောရောဂျာခင်က ပြောသည်။

“တက်ရောက်တဲ့အခါ မြေယာနဲ့ ပတ်သက်ရင်ထုံစံအတိုင်း ပြည်သူလူထုရဲ့ မြေကို ဒီအတိုင်းသိမ်းလိုက်တာတွေရှိတယ်။ နာမည်တော့ မပြောတော့ပါဘူး။ ခုကုမ္ပဏီနှစ်ခုက ဝယ်ယူမယ့် မြေတွေ အတွက် လိုချင်တဲ့ဈေးမရဘူးလို့ ပြည်သူတချို့ ဆီကကြားတယ်။ တချို့ကို ပေးချင်သလောက်ပဲ ပေးတယ်။ တချို့ကျတော့ ဘာမှမပေးပဲ ဒီအတိုင်း ယူလိုက်တာတွေရှိတယ်လို့ သတင်းအချို့ ကျနော်ရထား ခဲ့တယ်။ကျနော်တက်ရောက်တဲ့အခါ တင်ထားတဲ့ ဆိုင်းပုဒ်က စာသားကို ကျနော်သတိမထားမိဘူး။ ကျနော်တို့ကတော့ ဆိုင်းပုဒ်အရှေ့မှာကျနော်တို့က ထိုင်ရတယ်။ အောက်က ဖိုင်ဘာခုံတွေမှာတော ရပ်မိ၊ရပ်ဖတွေ ထိုင်ကြတယ်။ မစခင်မှာ ကျနော့်ကို စကားပြောဖို့ အချိန်ပေးတယ်။ အခုလုပ်ငန်းဆောင်ရွက်မယ့် မြေဂရံတွေ ပိုင်ရှင်နာမည်ကိုခေါ်ပီးတော့ မေးတယ်။ ရသင့်ရထိုက်တဲ့ ငွေကြေးရလားမေးတယ်။ ပေးထားတဲ့ မြေဂရံနဲ့ ပတ်သက်ပြီးတော့ အကုန်ရကြတယ်လို့ဖြေကြတယ်။ အကုန်ရတယ်ဆိုတော့ အခမ်းအနားအစီအစဉ်စတင်ကြတယ်” ဟု ၎င်းက ရှင်းပြသည်။

ပန္နက်ရိုက်အခမ်းအနားစတင်ချိန်၌ နောက်ခံစာသား၌ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် KNU စာလုံးနှင့် တရုတ်လိုရေးထားသည် စာများကိုတွေ့ရကြောင်း၊ တရုတ်လိုမဖတ်တက်၍ တာဝန်ရှိသူကို မေးမြန်းခဲ့ကြောင်း ပဒိုစောရောဂျာခင်က ပြောသည်။

“လောင်ချုးခေါ်ပီးမေးတော့ ပြောတုန်းကတော့ မုလအိကုမ္ပဏီနဲ့ Trans Asia ကုမ္ပဏီနှစ်ခုပဲလေ။ ဘယ်လိုဖြစ်ပီးတော့ KNU က ပူးပေါင်းလုပ်ဆောင်တဲ့အထဲပါလာတာလဲ။ ကျနော်ကဆိုင်းပုဒ်ပြောင်းလိုက်ဖို့ပြောတယ်။ သူကပြောင်းပေးမယ်။ ဒါပေမဲ့ ဓာတ်ပုံတော့ရိုက်ပီးသွားပီ။ နောက်မှ ဖြုတ်လိုက်တာ။ ဖြစ်စဉ်ကအဲ့လိုဖြစ်ပေါ်လာတာ”ဟု ပဒိုစောရောဂျာခင်က ပြောသည်။

၎င်းဆက်လက်၍ “ဖြစ်ပေါ်လာတဲ့ အပေါ်မှာ ကျနော်သွားတာက မြေယာအရောင်းအဝယ်အတွက် ပြည်သူတွေ ရသင့် ရထိုက်တာ ရရဲ့လား။ ကိုက်ညီမှုရှိရဲ့လားဆိုတာကို အသိသက်သေအနေနဲ့ ပန္နက်တင်အခမ်းအနားကို တက်ရောက်ခြင်းဖြစ်တယ်။ အခမ်းအနားပြီးသွားတော့ အစားအသောက်တွေအများကိုးနဲ့ တည်ခင်းဧည့်ခံ တာကို မစားတော့ပဲ ကျနော် ပြန်လာခဲ့ တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ထိခိုက်နစ်နာသွားပီ။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းဆောင်တစ်ယောက်အနေနဲ့ နစ်နစ်မှုသွားတာကို ကာကွယ်ရမဲ့တာဝန်ရှိအတွက် EC ကိုချက်ခြင်းခေါ်ပီး တဆင့်ချင်းရှင်းလင်း ပြောပြခဲ့တယ်” ဟု ပြောသည်။

ယင်းကိစ္စသည် KNUနှင့်လုံး၀ ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ၎င်းက ဆိုသည်။

“KNU ကစီးပွားရေးလုပ်ဖို့မဟုတ်ဘူး။ ခုနကနာမည်ပြောထားတဲ့ ကုမ္ပဏီနှစ်ခုကပဲ စီးပွားရေး လုပ်တာဖြစ်တယ်။ ကျနော်တို့ ကုမ္ပဏီတွေကိုခေါ်ပီးမေးတယ်။ ကျနော်လည်း Trans Asia ကိုခေါ်ပီး မေးတယ်။ အဲဒါက ကုမ္ပဏီနှစ်ခုရဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ စီးပွားရေးလုပ်ငန်းဖြစ်တယ်။ သူတို့စာချုပ်မှာလည်း မုလအိအလင်းကုမ္ပဏီက မြန်မာအစိုးရဘက်က ရတယ်။ ကုမ္ပဏီအားလုံးက register လုပ်ဖို့တင်ရတယ်။ နောက်ပြီးတော့ လုပ်ပိုင်ခွင့် နှင့် လုပ်ဆောင့်မည့် လုပ်ငန်းတွေ အဲစာအုပ်မှာရှိတယ်။ စီးပွားရေးလုပ်ငန်း (၄၈) မျိုးရှိတယ်။ (၄၈) မျိုးကို တခါတည်းမလုပ်ဖူး။ အစမှာ (၄) ခု၊ (၅) ခုပဲလုပ်မယ်။ ပထမတခုက စိုက်ပျိုးရေးနှင့် ပတ်သက်သော ပစ္စည်းရောင်းဝယ်ရေး၊ ဒုတိယက ဆောက်လုပ်ရေးနှင့် စပ်ဆိုင်သော ပစ္စည်းရောင်းဝယ်ရေး၊ အခြားတခုက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အဲလိုမျိုးတွေ လုပ်ကြမယ်”ဟု ပဒိုစောရောဂျာခင်က ပြောသည်။

ဆက်လက်ပြီး “အဲဒါပြဿနာမဟုတ်ဘူး။ အစိုးရနှစ်ဖက်ရဲ့စီမံခန့်ခွဲမှုနဲ့ လုပ်ငန်းလုပ်ဆောင် နေကြတာပဲ။ ကျနော်လည်း ပေါ့ပေါ့ပါးပါးပဲနေတယ်။ ပြီးတော့ ကျနော် EC ကိုပြန်တင်ပြတယ်။ အဲလုပ်ငန်းတွေက မိခင်အဖွဲ့အစည်းလုပ်ငန်းကို ဆန့်ကျင်နေတာမဟုတ်ဘူး။ ကျနော်တို့ counter statement ချက်ခြင်းထုတ်ဖို့ သဘောထားရှိခဲ့ရင် ထုတ်ပြန်ဖို့ပဲ။ ဒါပေမဲ့ မထုတ်ပြန်ဖြစ်ခဲ့ဘူး။ အဲဒါကကျနော်တို့အားနည်းချက်ဖြစ်သွားတယ်။ အဲဒီတုန်းက ထုတ်ပြန်ခဲ့ရင် ပြီးသွားမယ့်ကိစ္စဖြစ်တယ်” ဟု ပြောသည်။

ကုမ္ပဏီနှစ်ခု ပြည်သူများဆီက သိမ်းဆည်းဝယ်ယူသည့် မြေများပန္နက်တင်အခမ်းအနားသို့ သွားရာ ယင်းမြေများသည် စာရွက်စာတမ်းအပြည့်အစုံရှိသော်လည်း KNUက ထုတ်ပေးသည့် စာရွက်စာတမ်းမဟုတ်ကြောင်း၊ ကရင်ပြည်နယ်အစိုးရက ထုတ်ပေးသည့် စာရွက်စာတမ်းများဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ နောက်တခုက မောထိုသလေးက တပ်မဟာ (၆)၊ ဒူးပလာယာခရိုင် နယ်မြေအဖြစ် သတ်မှတ်ထားတယ်။ ဒါပေမဲ့ ကျနော်တို့ အုပ်ချုပ်ရေး မရောက်ပါဘူး။ မော်ထိုသလေး ကျေးရွာအုပ်ချုပ်ရေးမှုး၊ စခန်းမှုး၊ ကျောင်းတွေကအစ မြန်မာအစိုးရဘက်ကဖြစ်တယ်။ အဲဒါကို ဒူးပလာယာခရိုင်လို့ ပြောရင် ကျနော်တို့ အုပ်ချုပ်ရေး ယန္တယားမရောက်ပါဘူး။ ကျနော်တို့ လုပ်ပိုင်ခွင့်မရှိပါဘူး။ အာဏာပိုင်တွေက မြဝတီမြို့နယ် အုပ်ချုပ်ရေး ဖြစ်တယ်။ ဒီမြေတွေကလည်း ကရင်ပြည်နယ်အစိုးရ ခွင့်ပြုမိန့်နဲ့ မုလအိအလင်းကုမ္ပဏီ ကို လုပ်ပိုင်ခွင့်ပေးထားတဲ့ တရားဝင်မြေနေရာဖြစ်တယ်။ KNU ကမြေပေးလိုက်တာ မဟုတ်ဘူး။ ထွက်ပေါ်နေတဲ့ ကျနော်ပါတယ်ဆိုတဲ့ သတင်းက လုံးဝ မဟုတ်ပါဘူး။ ဒါက KNU အလုပ်လည်းမဟုတ်ဘူး။ KNU အလုပ်က နိုင်ငံရေး၊ တပ်ပိုင်းဆိုင်ရာအရေးတွေ အခြားအရာတွေ ဖြစ်တယ်။ အခုက စီးပွားရေး လုပ်ငန်းဖြစ်တယ်” ဟု ပဒိုစောရောဂျာခင်က ပြောသည်။

အကယ်၍ ထိုသို့လုပ်ငန်းလုပ်လိုပါက ပဒိုစောရောဂျာခင်အနေဖြင့် လက်ရှိ ထမ်းဆောင်နေသည့် တာဝန်က နှုတ်ထွက်ပြီး ကုမ္ပဏီထောင်ပြီး လုပ်ရမည်ဖြစ်ကြောင်း၊ ယခု ကိစ္စမှာကုမ္ပဏီနှစ်ခု၏ စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နောက်တခုက မြို့သစ်တည်မယ့်ကိစ္စက ကျနော်မသိဘူး။ ကျနော် ရှင်းပြချင်တာက မုလအိအလင်း မန်နေဂျာ ကျနော် တို့ခေါ်တာ လောင်ချုး၊ မှတ်ပုံတင်နာမည်ကတော့ ဝင်းကျော် ပြောတာကတော့ Trans Asia နဲ့ လုပ်ငန်းပူးပေါင်းလုပ်ဆောင်မယ်။ Huanya နဲ့ လုပ်မှာမဟုတ်ဘူး။ ကျနော်လည်း Huanyaကို မသိဘူး။ Trans Asia က Huanyaရဲ့အောက်မှာ ရှိတာလည်း ကျနော်မသိဘူး။ ကျနော်သိခဲ့မယ်ဆိုရင်လည်း အဲအခမ်းအနားကို သွားမတက်ခဲ့ပါဘူး”ဟု ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး ” အဲဒါကြောင့် ကျနော်တို့မှာ အားနည်းချက်တွေရှိတယ်။ အဲအကြောင်းတွေ ရှာဖွေလေ့လာဖို့ ကျနော်တို့မှာလည်း အချိန်မရှိဘူး။ Huanya ကိုလည်း မသိဘူး။ ကျနော်သိတာက မုလအိအလင်းကုမ္ပဏီ က Trans Asia နဲ့ ပူးပေါင်း လုပ်ဆောင် မယ်။ Trans Asia က မဲဆောက်ထဲမှာပဲ ရှိတယ်။ ထိုင်းအစိုးရဆီမှ တရားဝင် မှတ်ပုံတင်ထားတယ် အဲလောက်ပဲ ကျနော်သိထားတယ်။ Trans Asia နောက်က Huanya ဆိုတာလည်း ကျနော် နားလည်းမလည်ဘူး။ သိလည်း မသိဘူး။ အဲဒါကို သိရှိနားလည်အောင် မလုပ်ခဲ့တာက ကျနော်အားနည်းချက်ပါပဲ။ ဒါပေမဲ့ မလိုပါဘူး။ ပြီးတာတွေလည်း ပြီးခဲ့ပီပဲ”ဟု ပဒိုစောရောဂျာခင်က ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။