Connect with us

Hi, what are you looking for?

သတင်း

မန္တလေး – ရွှေဘိုလမ်းပိုင်းတွင် စစ်ကူလာသည့် စစ်ကောင်စီတပ်ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ထိခိုက် သေဆုံးမှုများရှိနိုင်

စစ်ကောင်စီတပ်သည် မိုင်းဆွဲခံရသည့်နေရာအနီးရှိ ကျော်ဇေယျာရွာကို ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ကာ ရွာသား နှစ်ဦးကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့ပြီး ညပိုင်းအချိန်မှ ပြန်လွှတ်ပေးခဲ့​ကြောင်း ဒေသခံများက ပြောသည်။

(ယမန်နှစ်အတွင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တွေ့ရသည့် စစ်ကောင်စီယာဥ်တန်း။ ဓာတ်ပုံ - Cj)
(ယမန်နှစ်အတွင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တွေ့ရသည့် စစ်ကောင်စီယာဥ်တန်း။ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ မန္တလေး – ရွှေဘိုလမ်းပိုင်းပေါ်တွင် စစ်ကူလာသည့် စစ်ကောင်စီယာဥ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မတ်လ ၁၀ရက် မွန်းလွဲ ၁နာရီခွဲခန့်က စစ်ကိုင်း တပ်မ (၃၃)မှထွက်လာသည့် အင်အားအပြည့်လိုက်ပါလာသော စစ်ကောင်စီတပ် ယာဉ်ကြီးတစ်စီးအား အဆိုပါလမ်းပိုင်းပေါ်နှင့် ဆားတောင်နှင့် အုန်းတောကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်ပျက်စီးခဲ့ကာ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“စစ်ကောင်စီကားဟာ ဆားတောင်နဲ့ဝက်လက်ကြား တိုက်ပွဲဖြစ်ရာကို စစ်ကူထွက်လာရင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီ စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပြင်းပြင်းထန်ထန်ထိမှန်ခဲ့ပြီး ကားနောက်ဘီးများပွင့်ထွက်ခဲ့ကာ ကားထိုးရပ်သွားခဲ့ပါတယ်”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ယာဉ်ပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့နှင့် ဆားတောင်မိုးကြိုးအဖွဲ့တို့ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မိုင်းဆွဲခံရသည့်နေရာအနီးရှိ ကျော်ဇေယျာရွာကို ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ကာ ရွာသား နှစ်ဦးကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့ပြီး ညပိုင်းအချိန်မှ ပြန်လွှတ်ပေးခဲ့​ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ည ၁၀နာရီခန့်တွင် ပျက်စီးသွားသည့် စစ်ကားကို Express မှန်လုံကားဖြင့် ကြိုးဆွဲသယ်ယူပြီး စစ်ကိုင်းတပ်မ(၃၃)ကို ပြန်လည်သယ် ဆောင်သွားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။