Connect with us

Hi, what are you looking for?

သတင်း

မန္တလေး – ရွှေဘိုလမ်းပိုင်းတွင် စစ်ကူလာသည့် စစ်ကောင်စီတပ်ယာဉ်တစ်စီး မိုင်းဆွဲခံရပြီး ထိခိုက် သေဆုံးမှုများရှိနိုင်

စစ်ကောင်စီတပ်သည် မိုင်းဆွဲခံရသည့်နေရာအနီးရှိ ကျော်ဇေယျာရွာကို ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ကာ ရွာသား နှစ်ဦးကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့ပြီး ညပိုင်းအချိန်မှ ပြန်လွှတ်ပေးခဲ့​ကြောင်း ဒေသခံများက ပြောသည်။

(ယမန်နှစ်အတွင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တွေ့ရသည့် စစ်ကောင်စီယာဥ်တန်း။ ဓာတ်ပုံ - Cj)
(ယမန်နှစ်အတွင်းက မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တွေ့ရသည့် စစ်ကောင်စီယာဥ်တန်း။ ဓာတ်ပုံ - Cj)

စစ်ကိုင်းတိုင်း၊ မန္တလေး – ရွှေဘိုလမ်းပိုင်းပေါ်တွင် စစ်ကူလာသည့် စစ်ကောင်စီယာဥ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မတ်လ ၁၀ရက် မွန်းလွဲ ၁နာရီခွဲခန့်က စစ်ကိုင်း တပ်မ (၃၃)မှထွက်လာသည့် အင်အားအပြည့်လိုက်ပါလာသော စစ်ကောင်စီတပ် ယာဉ်ကြီးတစ်စီးအား အဆိုပါလမ်းပိုင်းပေါ်နှင့် ဆားတောင်နှင့် အုန်းတောကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်ပျက်စီးခဲ့ကာ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“စစ်ကောင်စီကားဟာ ဆားတောင်နဲ့ဝက်လက်ကြား တိုက်ပွဲဖြစ်ရာကို စစ်ကူထွက်လာရင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီ စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပြင်းပြင်းထန်ထန်ထိမှန်ခဲ့ပြီး ကားနောက်ဘီးများပွင့်ထွက်ခဲ့ကာ ကားထိုးရပ်သွားခဲ့ပါတယ်”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ယာဉ်ပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့နှင့် ဆားတောင်မိုးကြိုးအဖွဲ့တို့ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မိုင်းဆွဲခံရသည့်နေရာအနီးရှိ ကျော်ဇေယျာရွာကို ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ကာ ရွာသား နှစ်ဦးကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့ပြီး ညပိုင်းအချိန်မှ ပြန်လွှတ်ပေးခဲ့​ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ည ၁၀နာရီခန့်တွင် ပျက်စီးသွားသည့် စစ်ကားကို Express မှန်လုံကားဖြင့် ကြိုးဆွဲသယ်ယူပြီး စစ်ကိုင်းတပ်မ(၃၃)ကို ပြန်လည်သယ် ဆောင်သွားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၄)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်