Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် အိမ်စီးကားများဖြင့်လာသည့် စစ်အုပ်စုကို ​PDFများ တိုက်ခိုက်

တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိကြောင်း၊ 27 Revolution Forcesအဖွဲ့က ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း NRDFက အသိပေးသည်။

(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းနေစဥ်။ ဓာတ်ပုံ - Myingyan Citizen Journalist)
(အာဏာသိမ်းပြီးနောက် မြင်းခြံမြို့တွင် ဆန္ဒပြပြည်သူများအား စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းနေစဥ်။ ဓာတ်ပုံ - Myingyan Citizen Journalist)

▪️အဓမ္မငွေတောင်းနေသည့် စစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အိမ်စီးကားများဖြင့်ထွက်လာသော စစ်ကောင်စီယာဥ်တန်းအား ဒေသတွင်းPDFများ တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိကြောင်း Natogyi Regional Defence Force-NRDFအဖွဲ့က သတင်းထုတ်ပြန်သည်။

မတ်လ ၉ရက် ညနေ ၅ နာရီ ၁၅မိနစ်ခန့်က မြင်းခြံမြို့ပေါ်မှ အိမ်စီးကား ခုနစ်စီးဖြင့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို Natogyi Regional Defence Force-NRDF နှင့် မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တပ်ခွဲ – ၁၊ တပ်ခွဲ (၃) 27 Revolution Forcesအဖွဲ့နှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ တူရွင်းဘို့နှင့် သစ်ရုံကျေးရွာကြားတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိကြောင်း၊ 27 Revolution Forcesအဖွဲ့က ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း NRDFက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ NRDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် အိမ်စီးကားများကိုအသုံးပြုပြီး မြင်းခြံ – မန္တလေးလမ်းမကြီး၊ မြင်းခြံ – နွားထိုးလမ်းမကြီးတို့တွင် မကြာခဏ ဖြတ်သန်းသွားလာလေ့ရှိကြောင်း၊ ပြည်သူများအနေဖြင့် ည၇ နာရီမှ နောက်တစ်နေ့နံနက် ၆ နာရီအတွင်း အဆိုပါလမ်းပိုင်းများအား ခရီးသွားလာခြင်း မပြုကြရန်နှင့် အရေးကြီးကိစ္စဖြတ်သန်းပါက ကားမှန်ချပြီး ကားအတွင်းမီးများပါဖွင့်ကာ မောင်းနှင်ကြရန်နှင့် မလိုက်နာ၍ ထိခိုက်နစ်နာပါက တာဝန်ယူမည်မဟုတ်ကြောင်း NRDFက သတိပေးထားသည်။

အလားတူ မတ်လ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က မြင်းခြံမြို့နယ် မြင်းခြံ – မြို့သာလမ်း၊ နဘူးအိုင်ရွာအနီးရှိ ကံလှစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးပွဲချင်းပြီးသေဆုံးကြောင်း Natogyi People Defence Forceအဖွဲ့ တာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် လမ်းသွား၊လမ်းလာပြည်သူများအား မကြာခဏ စစ်ဆေးခြိမ်းခြောက်ကာ အဓမ္မငွေတောင်းနေသောဂိတ်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“သူတို့က အင်အား ဆယ်ယောက်ပတ်ချာလည်ရှိတယ်။ တခါတလေတော့ စစ်ကြောင်းထိုးလို့

အင်အားလိုတဲ့ အခါပါတယ်။ နဘူးအိုင်ကျောင်းမှာတပ်စွဲပြီး ကံလှမှာဂိတ်ချထားတာ”ဟု Natogyi People Defence Forceအဖွဲ့ တာဝန်ခံက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်းနှင့် Myingyan District Drone Strike Team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မတ်လ ၁၁ရက် မွန်းလွဲ ၁ နာရီခန့်ကလည်း မြင်းခြံမြို့နယ်၊ ကုက္ကဲတောင်အရှေ့ဘက် စစ်တပ်သုံး ကားအောက်ပိုင်း ထုတ်လုပ်ရေးစက်ရုံကိုလည်း ဒရုန်းဖြင့် ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။