Connect with us

Hi, what are you looking for?

သတင်း

ကြိုပင်ကောက်မြို့နယ်တွင် ပျူအဖွဲ့တိုက်ခိုက်ရာ အုပ်ကြီးအပါအဝင် သုံးဦးသေ

တိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ – ၂ နတ်စစ်သည်တပ်ရင်း Black Dragon (GBK PDF)၊ တပ်ခွဲ (၅) ဟီးရိုးပျောက်ကြားနှင့် Yoma (GBK PDF) ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းဖော်ဆောက်ခဲ့ခြင်းဖြစ်သည်။

(ရှင်းလင်းခံရသည့် အေးထွန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ရှင်းလင်းခံရသည့် အေးထွန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

ကြိုပင်ကောက်မြို့နယ်တွင် ကင်းစောင့်ရန် စုဝေးနေသည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့က တိုက်ခိုက်ခဲ့ရာ ပျူသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားကြောင်း ပဲခူးတိုင်း‌စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းကျေးရွာ၌ ကင်းစောင့်ရန် စုဝေးနေသည့် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအေးထွန်းနှင့် ပျူစောထီးအဖွဲ့အား မတ်လ ၁၃ရက် ည၁၀နာရီခွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ရှင်းလင်းတာပါ။ စစ်ကောင်စီနဲ့ စစ်ကောင်စီဒလန်တွေကို ဆက်ပြီး စိစစ်ရှင်းလင်းသွားဖို့ရှိတယ်”ဟု ပဲခူးတိုင်း‌စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ – ၂ နတ်စစ်သည်တပ်ရင်း Black Dragon (GBK PDF)၊ တပ်ခွဲ (၅) ဟီးရိုးပျောက်ကြားနှင့် Yoma (GBK PDF) ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းဖော်ဆောက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပျူစောထီးအဖွဲ့ကလည်း လက်ပစ်ဗုံး၊ တ‌စ်ထောင့်ထိုးသေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု ပဲခူးတိုင်း‌စစ်ဒေသခွဲက သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အေးထွန်းနှင့် ပျူစောထီးနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

Facebook