Connect with us

Hi, what are you looking for?

သတင်း

ဆက်ကြေးကောက်ပြန်လာသည့် စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် PDF မိုင်းဆွဲတိုက်ခိုက်

ထို့အပြင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ဆက်ကြေးကောက်ပြန်လာသည့် စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် PDF မိုင်းဆွဲတိုက်ခိုက်
ဆက်ကြေးကောက်ပြန်လာသည့် စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် PDF မိုင်းဆွဲတိုက်ခိုက်

ဆက်ကြေးကောက်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(နိုဝင်ဘာ ၁၁) ထုတ်ပြန်သည်။

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ကျေးရွာမှ ဆက်ကြေးကောက်ပြန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြို့ကိုးပင်ရွာနှင့် ဝိုင်းကျေးရွာအကြားတွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၅)က ယနေ့ နေ့လယ် ၂နာရီခွဲခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားသုံးဦး နေရာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အလားတူ နိုဝင်ဘာ ၄၊ ၅၊ ၆ နှင့် ၇ ရက်များတွင် တောင်ငူမြို့နယ် ဝက်ခေါက်စိန်ကျေးရွာအုပ်စု မြာကျေးရွာ၌ စစ်ကောင်စီ၏ ခလရ (၂၆) သံချပ်ကာ တပ်ရင်း၊ အမြောက်တပ်အင်အား(၇၀)ဦး ကျော်နှင့် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ -၃ ၊ ကျေးရွာ ‌ကာကွယ်ရေး(ပကဖ)တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယင်း ထိတွေ့တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်ကျဆုံးမရှိသော်လည်း အကြမ်းဖက်စစ်ကောင်စီက မြာကျေးရွာရှိ ပြည်သူပိုင် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် နိုဝင်ဘာ ၇ ရက်ကလည်း ကျောက်ပါးစပ်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သလို မန်ကျည်ပင်လယ်ကွင်းတွင်လည်း PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ(၁) ၊တပ်ခွဲ(၃)တို့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်သားလေးဦးသေ၍ ခုနစ်ဦး ဒဏ်ရာရသွားသည်ဟု ဆိုသည်။

၎င်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ MA3 ကျည်ဘောက်နှင့် 5.56 ကျည် (၂၇)တောင့်၊ ဓား ၊ဦးထုပ်တို့အပြင် မြာကျေးရွာမှ မီးရှို့ဖျက် ဆီး၍ ယူဆောင်လာသော ပြည်သူပိုင်ပစ္စည်းများကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။