Connect with us

Hi, what are you looking for?

သတင်း

မတူပီ – မင်းတပ်လမ်းကို အသုံးမပြုကြရန် ပြည်သူများအား CDF အသိပေး

မင်းတပ် CDF၏ မတ်လ ၁၃ရက်ထုတ်ပြန်ချက်တွင် ကျောက်ထု -မင်းတပ် – မတူပီ လမ်းအား အသုံးမပြုကြသေးရန် သတိပေးထားသည်။

(မတူပီ ချင်းကာကွယ်ရေးတပ် (CDF)မှ ရဲဘော် များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - CDF မတူပီ)
(မတူပီ ချင်းကာကွယ်ရေးတပ် (CDF)မှ ရဲဘော် များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - CDF မတူပီ)

မကွေးတိုင်း ပခုက္ကူမြို့မှ ချင်းတောင်ဘက်သို့ စစ်ကောင်စီကား အစီးရေ ၈၀ထွက်ခွာလာသော ကြောင့် မတူပီ – မင်းတပ်လမ်းမကြီးအား အသုံးမပြုကြရန် မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ပြည်သူများအား အသိပေး ထုတ်ပြန်လိုက်သည်။

ထို့ပြင် မတူပီမြို့နယ် ထယ်ဘွေးတပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် မတူပီ – ပလက်၀ လမ်းအတိုင်း ပြန်လည်ထွက်ခွာလာပြီဖြစ်၍ မတူပီ – ပလက်၀ လမ်းနှင့် မတူပီ ဘွေရားလမ်းများကို မတူပီ CDF၏ ခွင့်ပြုချက်မပါဘဲ အသုံးမပြုရန် အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ပခုက္ကူမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ယာဉ် အစီး ၈၀အနက် အစီး ၂၀ကျော်သည် ထီးလင်းဘက် သို့ ထွက်ခွာသွားပြီး အစီးရေ ၅၀ကျော်သည် ကျောက်ထုနယ်၌ပင် ရှိနေသေးသည်ဟု ဒေသခံက အသိပေးထားသည်။

အဆိုပါ ယာဉ်များသည် မင်းတပ်၊ မတူပီသို့ သွားရောက်ရန်ရှိကြောင်း တော်လှန်ရေးအင်အားစုများက တွက်စထားပြီး ဒေသခံများအား သတိပေးမှုများ ပြုလုပ်ထားသည်။

Public Service Announcement

Public Service Announcement

မင်းတပ် CDF၏ မတ်လ ၁၃ရက်ထုတ်ပြန်ချက်တွင် ကျောက်ထု -မင်းတပ် – မတူပီ လမ်းအား အသုံးမပြုကြသေးရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မနေ့က ဇွန် ၃၀ရက်မနက်ကနေ ဒီကနေ့ ဇူလိုင် ၁ရက် မနက်အထိ ၂၄နာရီအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။