Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး နိုင်ငံတကာ လုံလောက်တဲ့ပံ့ပိုးမှုမလုပ်ခဲ့ဘူး လို့ ကုလကိုယ်စားလှယ်ဆို

မနေ့ တနင်္လာနေ့ က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့အစည်းအဝေးမှာ တွန်အင်ဒရူးက ပြောလိုက်တာပါ။

မြန်မာ့အရေး နိုင်ငံတကာ လုံလောက်တဲ့ပံ့ပိုးမှုမလုပ်ခဲ့ဘူး လို့ ကုလကိုယ်စားလှယ်ဆို
မြန်မာ့အရေး နိုင်ငံတကာ လုံလောက်တဲ့ပံ့ပိုးမှုမလုပ်ခဲ့ဘူး လို့ ကုလကိုယ်စားလှယ်ဆို

နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာ့အရေးမှာ လုံလောက်တဲ့ ပံ့ပိုး ကူညီမှုတွေ မလုပ်ပေးခဲ့ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တွန်အင်ဒရူးက ပြောလိုက်ပါတယ်။

မနေ့ တနင်္လာနေ့ က ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလလူ့အခွင့်အရေးကောင်စီရဲ့အစည်းအဝေးမှာ တွန်အင်ဒရူးက ပြောလိုက်တာပါ။

နိုင်ငံတကာရဲ့ ပျက်ကွက်မှုဟာ စိတ်ပျက်စရာကောင်းတယ်လို့လည်း တွန်အင်ဒရူးက ဆိုပါတယ်။

အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်းမှာ မြန်မာ ပြည်သူ ၃၀၀၀ ကျော် သတ်ဖြတ်ခံထားရပြီး လူဦးရေ ၁ ဒဿမ ၃ သန်းခန့်ဟာ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရတဲ့အခြေအနေကို ကြုံနေရတယ်လို့ တွန်အင်ဒရူးက လူ့အခွင့်အရေးအစည်းအဝေးမှာပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် မြန်မာလူထုရဲ့ တဝက်ကျော်ဟာ ဆင်းရဲမွဲတေလာပြီး ပြည်သူတွေရဲ့နေအိမ် အလုံးပေါင်း ၅၈,၀၀၀ ခန့် စစ်တပ်ရဲ့မီးရှို့ဖျက်ဆီးတာကိုခံခဲ့ရတယ်လို့လည်း တွန်အင်ဒရူးကဆိုပါတယ်။

မြန်မာ စစ်တပ်ဟာ နိုင်ငံကို ဖျက်ဆီးနေသလို လူထုရဲ့ လူ့အခွင့်အရေး တွေဟာချိုးဖောက်ခံနေရပြီး အတိုက်အခံတွေကို ချေမှုန်းနေတယ်လို့လည်း ပြောပါတယ်။

ဒီလိုအခြေအနေတွေကို ကြုံနေရတဲ့မြန်မာလူထုတွေကို နိုင်ငံတကာက မေ့လျော့မထားဘူးဆိုတာကိုပြသဖို့ အရေးကြီးနေပြီလို့လည်း တွန်အင်ဒရူးက ဂျီနီဗာ မြို့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

ဓာတ်ပုံ − AP

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။