Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုဒေါတမကြီးဒေသ ယမန်နေ့တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်များ၍ လေကြောင်းပစ်ကူပေး

ယမန်နေ့တိုက်ပွဲ၌ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း၊ ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲအရှေ့ခြမ်းနှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ကရင်နီစစ်ဘက်က အသိပေးထားသည်။

(ဒီး​မော့ဆို မြို့နယ်အတွင်းတိုက်ပွဲတစ်ခုတွင် ​သေဆုံးခဲ့​သောစစ်တပ်မှ ဗိုလ်ကြီးတစ်ဦး၏ ယူနီ​ဖောင်းလက်​မောင်း​ပေါ်မှ အမှတ်အသားနှင့် ​သေဆုံးစစ်သားယူနီ​ဖောင်းအချို့။ ဓါတ်ပုံ-We Love Karenni)
(ဒီး​မော့ဆို မြို့နယ်အတွင်းတိုက်ပွဲတစ်ခုတွင် ​သေဆုံးခဲ့​သောစစ်တပ်မှ ဗိုလ်ကြီးတစ်ဦး၏ ယူနီ​ဖောင်းလက်​မောင်း​ပေါ်မှ အမှတ်အသားနှင့် ​သေဆုံးစစ်သားယူနီ​ဖောင်းအချို့။ ဓါတ်ပုံ-We Love Karenni)

▪︎အလောင်းလာကောက်သည့်စစ်ကြောင်း ယနေ့ထပ်မံ တိုက်ခိုက်ခံရ၍ဆုတ်ခွာသွား၊ အလောင်းများ ကျန်ခဲ့ပြီး လက်နက်ကြီး ၂လက်အပါအဝင် လက်နက်ခဲယမ်းများရ

▪︎ကရင်နီပူး​ပေါင်းတပ်မှ ရဲ​ဘော်၁ ဦးကျပြီး ၂ဦးဒဏ်ရာရ

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးအုပ်စုအတွင်း၌ ယမန်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

“ မနေ့ကတော့သူတို့တော်တော်ကျတယ်။ ဒါပေမဲ့ အရေအတွက်တော့မသိရဘူး။ ဒီနေ့သူတို့ ပြန်လာရှင်းတယ်လေ အဲဒီမှာ ထပ်ပြီး တိုက်ပွဲဖြစ်တယ်။ အဲဒီမှာအလောင်းတွေ ကျန်ခဲ့တယ်ပြောတယ်။ အရေအတွက်တော့ မသိရသေးဘူး။ ရရှိတဲ့ ပစ္စည်းတွေစာရင်းပြုစုနေတယ်။အကြမ်းအားဖြင့် သိရသလောက်က ၆၀ မမ နှစ်လက်ရတယ်အဲဒီလို သိရတယ်။ လက်နက်ငယ်တွေလည်း ရမှာပေါ့” ဟု ခူညေးရယ်က People’s Spring သတင်းဌာနသို့​ဖြေကြားသည်။

(ဒီး​မော့ဆို မြို့နယ်အတွင်းတိုက်ပွဲတစ်ခုတွင် ​သေဆုံးခဲ့​သောစစ်တပ်မှ ဗိုလ်ကြီးတစ်ဦး၏ ယူနီ​ဖောင်းလက်​မောင်း​ပေါ်မှ အမှတ်အသားနှင့် ​သေဆုံးစစ်သားယူနီ​ဖောင်းအချို့။ ဓါတ်ပုံ-We Love Karenni)
(ဒီး​မော့ဆို မြို့နယ်အတွင်းတိုက်ပွဲတစ်ခုတွင် ​သေဆုံးခဲ့​သောစစ်တပ်မှ ဗိုလ်ကြီးတစ်ဦး၏ ယူနီ​ဖောင်းလက်​မောင်း​ပေါ်မှ အမှတ်အသားနှင့် ​သေဆုံးစစ်သားယူနီ​ဖောင်းအချို့။ ဓါတ်ပုံ-We Love Karenni)

အဆိုပါ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူနှင့် စစ်အင်အားတိုးခြင်းများ ပြုလုပ်လာနိုင်၍ သတိထားရန်လိုအပ်ကြောင်း၎င်းကသတိပေးသည်။

ကရင်နီ စစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် မတ်လ ၂၁ရက် နံနက် ၁၀နာရီမှ ညနေ ၆နာရီအထိဒေါတမကြီးအုပ်စု အတွင်း၌ ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဆက်လက် ဖြစ်ပွားခဲ့ရာ အသေအဆုံးများခဲ့သည့် စစ်ကောင်စီတပ်က ဘောလခဲမြို့မှ လက်နက်ကြီးပစ်ကူ (၁၀)ကြိမ်ထက်မနည်းပစ်ခတ်ခဲ့သည်ဟုဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ညနေ (၅)နာရီနှင့် (၆)နာရီအတွင်းစစ်​ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီး (၆)ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်သည်။

ယမန်နေ့တိုက်ပွဲ၌ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ပြီး ၂ဦး ဒဏ်ရာရခဲ့ကြောင်း၊ ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲအရှေ့ခြမ်းနှင့် သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ကရင်နီစစ်ဘက်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်