Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ လက်ရွေးစင်ဘောလုံးအသင်း နိုင်ငံတကာခြေစမ်းပွဲ ထပ်ရှုံးပြီး ရှုံးပွဲစံချိန်ထပ်တင်

​ဘောလုံးပွဲများကို နှစ်ခြိုက်စွာအား​ပေးတက်ကြ​သောမြန်မာပြည်သူအများစုကလည်း စစ်​ကောင်စီလက်​အောက်တွင်ယှဥ်ပြိုင်​နေ​သော​ ဘောလုံးအသင်း ရှုံးပွဲကြုံလျှင် ဝမ်း​သာ​ကျေနပ်​နေကြသည်။

ဓာတ်ပုံ - MFF
ဓာတ်ပုံ - MFF

စစ်ကောင်စီ လက်အောက်မှ မြန်မာဘောလုံးအသင်းသည် ယနေ့(မတ်လ ၂၂) ညနေပိုင်းတွင် နိုင်ငံတကာခြေစမ်းပွဲအဖြစ် အိန္ဒိယအသင်းနှင့်ယှဥ်ပြိုင်ရာ တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး ရှုံးပွဲများ ဆက်နေခဲ့သည်။

ယင်းပွဲတွင် မြန်မာအသင်းကို ဂျာမနီလူမျိုးနည်းပြသစ် မိုက်ကယ် ဖိုက်တန်ဘန်နာက ဦးဆောင်ခဲ့ပြီးပြန်လည်ရွေးချယ်ခံရသည့် တိုက်စစ်မှူး အောင်သူ၊ သန်းပိုင်တို့ ပါဝင်လာခဲ့သော်လည်း အိမ်ရှင် အိန္ဒိယအသင်းကို မယှဥ်နိုင်ဘဲတစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် အိန္ဒိယဘောလုံးအဖွဲ့ချုပ် ဖိတ်ကြားချက်အရ Hero Tri-Nation Friendly Tournament ခြေစမ်းပွဲအဖြစ် သွားရောက်ယှဥ်ပြိုင်ခြင်းဖြစ်ပြီး လာမည့်မတ်လ ၂၅ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိန္ဒိယနိုင်ငံ အင်ဖာမြို့၌ ဆက်လက်ကစားရမည် ဖြစ်သည်။

စစ်ကောင်စီ လက်ရွေးစင်ဘောလုံးအသင်းသည် အာဏာသိမ်းခံရပြီးနောက်ပိုင်း ၂၀၂၁ မေလမှ ယနေ့အထိ နိုင်ငံတကာ ပြိုင်ပွဲနှင့် ခြေစမ်းပွဲ ၁၉ပွဲ ယှဉ်ပြိုင်ရာ ၁၆ပွဲအထိ ရှုံးနိမ့်ထားပြီး ၁ပွဲသာ အနိုင်ရကာ ၂ပွဲသရေ ရလဒ်ထွက်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် ဂျပန်အသင်းကို ၁၀ ဂိုး- ဂိုးမရှိ၊ ကာဂျစ်စ္စတန်အသင်းကို ၈ ဂိုး- ၁ဂိုးတို့ဖြင့် အရှက်တကွဲ ရှုံးနိမ့်ထားသည်။

​ဘောလုံးပွဲများကို နှစ်ခြိုက်စွာအား​ပေးတက်ကြ​သောမြန်မာပြည်သူအများစုကလည်း စစ်​ကောင်စီလက်​အောက်တွင်ယှဥ်ပြိုင်​နေ​သော​ ဘောလုံးအသင်း ရှုံးပွဲကြုံလျှင် ဝမ်း​သာ​ကျေနပ်​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။