Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကျင်ဒေသတိုက်ပွဲ စစ်ကောင်စီတပ်မှ ဗိုလ်အပါ အဝင် ခုနစ်ဦးသေ၊ လက်နက်ခဲယမ်းအချို့ပါ သိမ်းဆည်းရမိ

“စစ်ကောင်စီဘက်က အလောင်းတွေကို တာလပတ်နဲ့ အုပ်ပြီးကို မြစ်ထဲမျှောချသွားတာ။မနေ့ကလည်း ရွှေကျင်အစပ် ရာဘာတောမှာတိုက်ပွဲဖြစ် သွားသေဘတယ်။စကစက ရာဘာတောမီးရှို့ပြီး ပြန်ဆုတ်သွားရတယ်”ဟု ရွှေကျင်မြို့ခံတစ်ဦးက ပြောသည်။

(ရွှေကျင်ဒေသ သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNN)
(ရွှေကျင်ဒေသ သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNN)

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ရွှေကျင်ဒေသတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်အပါအဝင် ခုနစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ပါ သိမ်းဆည်းရမိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

KNUတပ်မဟာ(၃)နယ်မြေဖြစ်သည့် ရွှေကျင်ဒေသတိုက်ပွဲမှာ သုံးရက်ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“စစ်ကောင်စီဘက်က အလောင်းတွေကို တာလပတ်နဲ့ အုပ်ပြီးကို မြစ်ထဲမျှောချသွားတာ။မနေ့ကလည်း ရွှေကျင်အစပ် ရာဘာတောမှာတိုက်ပွဲဖြစ် သွားသေဘတယ်။စကစက ရာဘာတောမီးရှို့ပြီး ပြန်ဆုတ်သွားရတယ်”ဟု ရွှေကျင်မြို့ခံတစ်ဦးက ပြောသည်။

ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးနှင့် ရွှေကျင် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မတ်လ ၂၀ရက်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ကိုးကြိမ်ခန့်လာရောက်၍ ဗုံး(၂၈)လုံးထက်မနည်း ကြဲချခဲ့မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ငါးလုံးနှင့် မူလတန်း ကျောင်းတစ် ကျောင်းထိခိုက်ပျက်ဆီးခဲ့ပြီး အဆိုပါမြို့နယ် များရှိ ကျေးရွာပေါင်း ၂၁ရွာမှ ဒေသခံ ၃,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း KNUက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အတူ စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်မှ အသေ အပျောက်များ၍ အင်အားထပ်မံဖြည့်တင်းရန် အရပ်သားနေထိုင်ရာကျေးရွာများအတွင်းသို့ လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟု အသိပေးသည်။

စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်းမှစ၍ လက်ရှိအချိန်ထိ KNUထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီကမြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးဖြင့်သာမကလေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက် ခြင်းများ လုပ်ဆောင်လာ၍ ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း ငါးသိန်းအထက်ရှိနေပြီ ကေအဲန်ယူ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ သထုံခရိုင်တွင် တစ်သိန်းသုံးသောင်းဝန်းကျင်နှင့် တပ်မဟာ(၃) ညောင်လေးပင်ခရိုင်တွင် တစ်သိန်းလေးသောင်းကျော် အထိရှိနေကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRGက စာရင်းပြုစုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။