Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်တွင် စစ်အုပ်စုက ညောင်ဇင်ကြီးရွာ မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းတစ်ဦးကို မီးရှို့သတ်ဖြတ်

ယမန်နေ့ (မတ်လ ၂၃ ရက်) ညနေ ၄ နာရီခွဲခန့်က ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများက အင်အား ၁၅၀ခန့်ဖြင့် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

▪️ရွာဦးကျောင်းဆရာတော်ကိုပါ ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ညောင်ဇင်ကြီးကျေးရွာအား မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းသော အမျိုးသားတစ်ဦးအား မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အဆိုပါ ကျေးရွာရှိ နေအိမ် ၃၀ ကျော်နှင့် လယ်ယာသုံးပစ္စည်းများ၊ စပါးများကိုပါ မီးရှို့ဖျက်ဆီးကာ ရွာဦးကျောင်းဆရာတော်ကိုလည်း ဖမ်းဆီးသွားကြောင်း ၎င်းတို့က ပြောသည်။

ယမန်နေ့ (မတ်လ ၂၃ ရက်) ညနေ ၄ နာရီခွဲခန့်က ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများက အင်အား ၁၅၀ခန့်ဖြင့် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ညောင်ဇင်အရှေ့ကျောင်းရှိ သက်တော် (၆၀)နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဦးသောမလအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့အပြင် စိတ်ကျန်းမာရေးမကောင်းသည့် အသက် (၃၅) နှစ်အရွယ် ကိုမျိုးမင်းဦး(ခ)ကိုထွန်းမင်းဦးအား မီးရှို့သတ်ဖြတ်သွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြော သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်နှင့် ပျူများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်ဇင်ကြီးရွာရှိ နေအိမ် ၃၂လုံး နှင့် ဆိုင်ကယ် ၁၇ စီးအပြင် လယ်ယာသုံးလက်တွန်းထွန်စက် သုံးစီး ၊ ထွန်စက် တစ်စီးနှင့် ဘုန်းကြီးကျောင်းတွင် လာထားကြသော စပါးတင်းရာနှင့်ချီပါ မီးလောင်‌ဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

“ညောင်ဇင်လေးမှာ တပ်စွဲတာ နည်းနည်းကြာပြီ။ ပျူရွာတော့ ပြောမရဘူး။ တချို့ပြည်သူတွေက ထွက်ပြေးနေကြတယ် မနေချင်လို့။ ပျူထဲနေရမှာမို့ အိမ်တွေမီးရှို့မယ်ခြိမ်းခြောက်ပြီးအမြဲပြန် ခေါ်နေတာ။ ဆရာတော်ကိုလည်း ပြန်မလွှတ်သေးဘူး။ဘာကြောင့်ဖမ်းလဲဆိုတာက သူတို့လိုလူစိတ် မရှိတဲ့သူတွေအတွက်တော့ အကြောင်းပြချက်လိုမယ်မထင်ပါဘူး။”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ အဖွဲ့ဝင်တစ်ဦးကပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့်ပျူများသည် ကျေးရွာအတွင်းရှိ ရေမီတာများနှင့် မီးမီတာများကိုပါ ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ယမန်နေ့ညနေပိုင်းတွင် ညောင်ဇင်လေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

“ညောင်ဇင်ဘုန်းကြီးဖုန်းလဲပေါက်ခွဲတယ်။ ဘုန်းကြီးကိုလည်း ရိုက်နှက်တယ်လို့ သတင်းရတယ်။ သူတို့ထွက်သွားတော့ ရွာသားတွေ အပြေးအလွှား မီးပြန်လာငြှိမ်းကြတယ်လို့ သတင်းရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

အဆိုပါ စစ်ကြောင်းကြောင့် ညောင်ဇင်ကြီးရွာနှင့်အနီးအနားရှိရွာမှ ဒေသခံ ပြည်သူတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

စစ်​ကောင်စီက အာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၁ မေလမှ ၂၀၂၃ ​ဖေ​ဖော်ဝါရီလကုန်အထိ နေအိမ်ပေါင်း ၆၀,၄၅၉လုံး မီးရှို့ဖျက်ဆီးခံထားရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ နေအိမ်ပေါင်း ၄၇,၇၇၈လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

Facebook