Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးဆေးရုံကြီး စိတ်ပညာဌာနရဲ့အထူးကုဆရာဝန် ဖမ်းခံရ

အသက်၃၃ နှစ်အရွယ် ဒေါက်တာဟန်ထွဋ်စိုးကို မတ်လ ၁၅ ရက်က ချမ်းအေးသာစံမြို့နယ် နေအိမ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။

မန္တလေးဆေးရုံကြီးရှေ့ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့(ပုံဟောင်း)
မန္တလေးဆေးရုံကြီးရှေ့ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့(ပုံဟောင်း)

PDF ကိုထောက်ပံ့လို့ ဆိုပြီး မန္တလေးဆေးရုံကြီး စိတ်ပညာဌာနရဲ့ အထူးကုဆရာဝန် ဒေါက်တာဟန်ထွဋ်စိုးကို ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မန္တလေး ကျန်းမာရေးမိသားစုထံ က သိရပါတယ်။

အသက်၃၃ နှစ်အရွယ် ဒေါက်တာဟန်ထွဋ်စိုးကို မတ်လ ၁၅ ရက်က ချမ်းအေးသာစံမြို့နယ် နေအိမ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။

“အဲဒီသတင်းက မှန်ပါတယ်ဗျ၊ တခြားထူးခြားတဲ့အဆက်အသွယ်တော့မရသေးပါဘူး”လို့ ဒေါက်တာဟန်ထွဋ်စိုးဖမ်းခံရတဲ့သတင်းနဲ့ပတ်သက်ပြီး မန္တလေးကျန်းမာရေးမိသားစုမှ CDMဆရာဝန်တစ်ဦးကပြောပါတယ်။

ဒေါက်တာဟန်ထွဋ်စိုး ဟာ PDF ကိုငွေကြေးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထောင်တသက်ချနိုင်တဲ့ အကြမ်းဖက်ပုဒ်မ ၅၀(ည) နဲ့စစ်ကောင်စီက တရားစွဲထားတယ်လို့သိရပါတယ်။

စစ်အုပ်စုရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးထားတဲ့ ဒေါက်တာဟန်ထွဋ်စိုးကို အိုးဘိုထောင်ပို့ထားတယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ − လူမှုကွန်ရက်