Connect with us

Hi, what are you looking for?

သတင်း

မန္တလေးဆေးရုံကြီး စိတ်ပညာဌာနရဲ့အထူးကုဆရာဝန် ဖမ်းခံရ

အသက်၃၃ နှစ်အရွယ် ဒေါက်တာဟန်ထွဋ်စိုးကို မတ်လ ၁၅ ရက်က ချမ်းအေးသာစံမြို့နယ် နေအိမ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။

မန္တလေးဆေးရုံကြီးရှေ့ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့(ပုံဟောင်း)
မန္တလေးဆေးရုံကြီးရှေ့ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့(ပုံဟောင်း)

PDF ကိုထောက်ပံ့လို့ ဆိုပြီး မန္တလေးဆေးရုံကြီး စိတ်ပညာဌာနရဲ့ အထူးကုဆရာဝန် ဒေါက်တာဟန်ထွဋ်စိုးကို ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မန္တလေး ကျန်းမာရေးမိသားစုထံ က သိရပါတယ်။

အသက်၃၃ နှစ်အရွယ် ဒေါက်တာဟန်ထွဋ်စိုးကို မတ်လ ၁၅ ရက်က ချမ်းအေးသာစံမြို့နယ် နေအိမ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။

“အဲဒီသတင်းက မှန်ပါတယ်ဗျ၊ တခြားထူးခြားတဲ့အဆက်အသွယ်တော့မရသေးပါဘူး”လို့ ဒေါက်တာဟန်ထွဋ်စိုးဖမ်းခံရတဲ့သတင်းနဲ့ပတ်သက်ပြီး မန္တလေးကျန်းမာရေးမိသားစုမှ CDMဆရာဝန်တစ်ဦးကပြောပါတယ်။

ဒေါက်တာဟန်ထွဋ်စိုး ဟာ PDF ကိုငွေကြေးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထောင်တသက်ချနိုင်တဲ့ အကြမ်းဖက်ပုဒ်မ ၅၀(ည) နဲ့စစ်ကောင်စီက တရားစွဲထားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးထားတဲ့ ဒေါက်တာဟန်ထွဋ်စိုးကို အိုးဘိုထောင်ပို့ထားတယ်လို့ ဆိုထားပါတယ်။

ဓာတ်ပုံ − လူမှုကွန်ရက်

ဆက်စပ်သတင်းများ

သတင်း

ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။