Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာဟု AAPP ထုတ်ပြန်

သတ်ဖြတ်ခံရသူများမှာ စစ်ကိုင်းတိုင်းက ၅၉၄ ဦးနှင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၁၉ ဦး၊ မကွေးတိုင်းက ၁၀၁ ဦးတို့ဖြင့် အများဆုံးစာရင်းဝင်ခဲ့ပြီး ကျန် ပြည်နယ်နှင့် တိုင်းများတွင်လည်း စစ်တပ်က သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြသည်။

စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာဟု AAPP ထုတ်ပြန်
စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတွင် အာဏာသိမ်းလိုက်ချိန်မှစ၍ စစ်အုပ်စု၏ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာပြီဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့ ထုတ်ပြန်သည်။

ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူများဟုဆိုရာတွင် စစ်အုပ်စုမှ ဖမ်းဆီးအကျဉ်းချ သို့မဟုတ် အတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံရပြီးနောက် ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့သောသူများကို ဆိုလိုခြင်းဖြစ်ကြောင်း AAPP က ရှင်းပြထားပြီး ထုတ်ပြန်ချက်ပါ အချက်အလက်ကိန်းဂဏန်းများမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၃ မတ်လ ၃ ရက် အထိ AAPP မှ ကောက်ယူမှတ်တမ်းတင်ထားသည့် အချက်အလက်များကို အခြေခံထားကာ မြေပြင်၌ဖြစ်ပွားနေသည့် အမှန်တကယ်ကိန်းဂဏန်းမှာ ယခုထက် ပို၍များပြားနိုင်ကြောင်း ဖော်ပြထားသည်။

စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာဟု AAPP ထုတ်ပြန်
စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာဟု AAPP ထုတ်ပြန်

ဖမ်းဆီးထိန်းသိမ်းခံရသည့်သူများအနက်မှ ၇၇၆ ဦး၏ အသက်အရွယ်ကိို ကောက်ယူစုဆောင်းနိုင်ခဲ့ပြီး ဖမ်းဆီးခံရသူများ၏ ပျမ်းမျှအသက်မှာ ၃၅.၆ နှစ်ရှိကာ အနည်းဆုံး ၉၂ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်သည်ဟု ဆိုသည်။

အသက်အရွယ်အလိုက် သေဆုံးမှုမှာ ၁၉ နှစ်အောက် ၆၅ ဦး၊ ၃၁ နှစ်အောက် ၂၇၉ ဦး၊ ၆၀ နှစ်အေောက် ၃၈၅ ဦး၊ ၆၀ နှစ်အထက် ၅၁ ဦးတိိို့ ဖြစ်သည်ဟု AAPP က ဖော်ပြသည်။ အမျိုးသမီး ၅၇ ဦးပါဝင်ပြီး ၉၈၅ ဦးမှာ အမျိုးသားများဖြစ်ကာ ၂၈ ဦးကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်ခံရသူများမှာ စစ်ကိုင်းတိုင်းက ၅၉၄ ဦးနှင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၁၉ ဦး၊ မကွေးတိုင်းက ၁၀၁ ဦးတို့ဖြင့် အများဆုံးစာရင်းဝင်ခဲ့ပြီး ကျန် ပြည်နယ်နှင့် တိုင်းများတွင်လည်း စစ်တပ်က သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြသည်။

စစ်အုပ်စု၏ ဖမ်းဆီိးပြီးနောက် သတ်ဖြတ်ခံရသူများ၏ အထူးအခြေအနေများကိုလည်း AAPP က ဖော်ပြထားရာ သေနတ်နှင့်ပစ်သတ်မှု၊ အရှင်လတ်လတ်မီးရှို့မှု၊ စစ်ကြောရေးအတွင်း သတ်ဖြတ်မှု၊ လူသားဒိုင်းအဖြစ်အသုံးပြုသတ်ဖြတ်မှု၊ ဦးခေါင်းပစ်သတ်မှု၊ အကျဥ်းထောင်အတွင်း သတ်ဖြတ်မှုအပါအဝင် မုဒိန်းကျင့်သတ်ဖြတ်မှုများလည်း ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။