Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူများအပေါ် စစ်တပ်ကျူးလွန်ခဲ့သည့် ရက်စက်ယုတ်မာမှုများကို EU ထပ်မံရှုတ်ချ

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း စစ်တပ်တစ်တပ်၏ တာဝန်မှာ ပြည်သူများကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့် ၎င်းကျူးလွန်နေသာ ရက်စက်သောအကြမ်းဖက်မှုများကို ရပ်တန့်ရန် ယနေ့ တောင်းဆိုထားသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော ရန်ကုန်မြို့ရှိ ပြည်သူများအား စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော ရန်ကုန်မြို့ရှိ ပြည်သူများအား စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

စစ်တပ်၏ ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ယုတ်မာမှုများကို ရှုတ်ချပြီး မြန်မာနိုင်ငံတွင် အရပ်သားအုပ်ချုပ်ရေး ပြန်လည်ထူ​ထောင်​ရန် ဥရောပသမဂ္ဂ(EU)က ​တောင်းဆိုလိုက်သည်။

ယနေ့ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့(စစ်ကောင်စီ၏ တပ်မတော်နေ့)တွင် တပ်မတော်တိုင်း၏ အဓိက တာဝန်မှာ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်ကို သတိိရဆင်ခြင်မိကြောင်း အီးယူနိုင်ငံခြားရေးရာဌာန ပြောရေးဆိုခွင့်ခေါင်းဆောင် Peter Stano က ပြောသည်။

Public Service Announcement
Public Service Announcement

“ဥရောပသမဂ္ဂဟာ မြန်မာစစ်တပ်ရဲ့ ပြည်သူများအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုများကို ရှုတ်ချပြီး မြန်မာနိုင်ငံမှာ တရားဝင် အရပ်သားအုပ်ချုပ်​ရေးနဲ့ တည်ငြိမ်​ရေး၊ ဒီမိုက​ရေစီတို့ကို ပြန်လည်ထူ​ထောင်​ဖို့ ​တောင်းဆိုလိုက်ပါတယ်” ဟု အထက်ပါ အီးယူပြောရေးဆိုခွင့်ရှိသူ အကြီးအကဲက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း စစ်တပ်တစ်တပ်၏ တာဝန်မှာ ပြည်သူများကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့် ၎င်းကျူးလွန်နေသာ ရက်စက်သောအကြမ်းဖက်မှုများကို ရပ်တန့်ရန် ယနေ့ တောင်းဆိုထားသည်။