Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများအပေါ် စစ်တပ်ကျူးလွန်ခဲ့သည့် ရက်စက်ယုတ်မာမှုများကို EU ထပ်မံရှုတ်ချ

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း စစ်တပ်တစ်တပ်၏ တာဝန်မှာ ပြည်သူများကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့် ၎င်းကျူးလွန်နေသာ ရက်စက်သောအကြမ်းဖက်မှုများကို ရပ်တန့်ရန် ယနေ့ တောင်းဆိုထားသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော ရန်ကုန်မြို့ရှိ ပြည်သူများအား စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေသော ရန်ကုန်မြို့ရှိ ပြည်သူများအား စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်းနေသည်ကို ၂၀၂၁ မတ်လ ၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

စစ်တပ်၏ ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ယုတ်မာမှုများကို ရှုတ်ချပြီး မြန်မာနိုင်ငံတွင် အရပ်သားအုပ်ချုပ်ရေး ပြန်လည်ထူ​ထောင်​ရန် ဥရောပသမဂ္ဂ(EU)က ​တောင်းဆိုလိုက်သည်။

ယနေ့ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့(စစ်ကောင်စီ၏ တပ်မတော်နေ့)တွင် တပ်မတော်တိုင်း၏ အဓိက တာဝန်မှာ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်ကို သတိိရဆင်ခြင်မိကြောင်း အီးယူနိုင်ငံခြားရေးရာဌာန ပြောရေးဆိုခွင့်ခေါင်းဆောင် Peter Stano က ပြောသည်။

Public Service Announcement
Public Service Announcement

“ဥရောပသမဂ္ဂဟာ မြန်မာစစ်တပ်ရဲ့ ပြည်သူများအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုများကို ရှုတ်ချပြီး မြန်မာနိုင်ငံမှာ တရားဝင် အရပ်သားအုပ်ချုပ်​ရေးနဲ့ တည်ငြိမ်​ရေး၊ ဒီမိုက​ရေစီတို့ကို ပြန်လည်ထူ​ထောင်​ဖို့ ​တောင်းဆိုလိုက်ပါတယ်” ဟု အထက်ပါ အီးယူပြောရေးဆိုခွင့်ရှိသူ အကြီးအကဲက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း စစ်တပ်တစ်တပ်၏ တာဝန်မှာ ပြည်သူများကို ကာကွယ်ရန်ဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့် ၎င်းကျူးလွန်နေသာ ရက်စက်သောအကြမ်းဖက်မှုများကို ရပ်တန့်ရန် ယနေ့ တောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့