Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယနယ်စပ်ရှိ အိမ်ခြေ ၂၉လုံးသာရှိသော ချင်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံများအားလုံး ထွက်ပြေး တိမ်းရှောင်နေရပြီး မတ်လ ၂၇ရက်မှ ကျေးရွာသို့ ပြန်ဝင်ကြည့်နိုင်ကြသည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကွန်းတောင်းရွာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကွန်းတောင်းရွာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း တမူးမြို့နယ် အိန္ဒိယနယ်စပ်အနီးရှိ အိမ်ခြေ ၂၉လုံးသာရှိသော ချင်းရွာလေးတစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ကွန်းတောင်းရွာသစ်ဟုခေါ်သော အဆိုပါ ချင်းရွာကို စစ်ကောင်စီတပ်က မတ်လ ၂၆ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“ရွာက ချင်းရွာလေး။ တစ်ရွာလုံးမှ ၂၉အိမ်ပဲရှိတာ။ ၅ လုံးပဲ ကျန်တယ်။ ကျန်တာ အကုန်မီးထဲပါသွားတယ်”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံများအားလုံး ထွက်ပြေး တိမ်းရှောင်နေရပြီး မတ်လ ၂၇ရက်မှ ကျေးရွာသို့ ပြန်ဝင်ကြည့်နိုင်ကြသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ရှို့တုန်းက အဝေးကနေ မီးညွန့်ကို လှမ်းကြည့်နေရတာပေါ့ဗျာ။ စစ်ကြောင်းမရှိတော့လို့ ပြန်ကြည့်တော့ ရွာကပြာကျနေပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကွန်းတောင်းရွာအနီးတွင် မတ်လ ၂၃ရက်နောက်ပိုင်း တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာကာ လေကြောင်းမှ လာတိုက်ခိုက်ခဲ့သည်။

ကွန်းတောင်းစခန်းအား စစ်ကောင်စီကတိုက်ခိုက်နေစဉ် တမူးမြို့အခြေစိုက်အမျိုးသားလွတ်မြောက်ရေးတပ်တော်က ဦးဆောင်ကာ ကလေး-တမူးလမ်းရှိ ဘုက္ကန်ရဲကင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ စခန်းအား သိမ်းပိုက် နိုင်ခဲ့ပြီး လက်နက်ငယ်မျိူးစုံ ၁၅လက်နှင့် ကျည်ဆန်၂၀၀၀ ကျော်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က သိမ်းဆည်းနိုင်ခဲ့သည်။

ထို့နောက်ပိုင်းတွင် စစ်ကောင်စီက ကွန်းတောင်းရွာသစ်ကို မီးရှို့ခြင်းဖြစ်သည်။တမူးမြို့သည် အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်ပြီး စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် တမူးဒေသခံ ၃၀၀၀ ထက်မနည်းသည် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

​ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)နဲ့မဟာမိတ်တပ်​တွေသိမ်းပိုက်ထားတဲ့ခါမ်းပတ်မြို့ကို အာဏာသိမ်းစစ်တပ်က ကလေးနဲ့ တမူးမြို့​တွေကဘက်ကနေတပြိုင်နက်စစ်ကြောင်းထိုးလာလို့ လမ်းပိုင်းကို ဒေသခံပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။