Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင်မှ ဆင်းလာသည့် ကျောက်စိမ်းသယ်ယာဉ်တန်းအား တကောင်း(ပကဖ)တို့ တိုက်ခိုက်

ထီးချိုင့်မြို့မှထွက်လာသော ကျောက်စိမ်းများတင်ဆောင်လာသည့် (၄၃)စီးပါ စစ်ကောင်စီ ယာဉ်တန်းအား တကောင်းတိုက်နယ် ရွာလယ်ချောင်းတံတားအနီးနှင့် မိုးကောင်းဦးအဝင် အနီးတွင် ယနေ့(မတ်လ ၂၉ရက်) နံနက်ပိုင်းက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- တကောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - တကောင်း-ပကဖ)
(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- တကောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - တကောင်း-ပကဖ)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့မှ ဆင်းလာသည့် ကျောက်စိမ်းများသယ်ဆောင်လာသော စစ်ကောင်စီယာဉ်တန်းအား တကောင်းတိုက်နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- တကောင်းက ထုတ်ပြန်သည်။

၎င်းတို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်း သေဆုံးကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထီးချိုင့်မြို့မှထွက်လာသော ကျောက်စိမ်းများတင်ဆောင်လာသည့် (၄၃)စီးပါ စစ်ကောင်စီ ယာဉ်တန်းအား တကောင်းတိုက်နယ် ရွာလယ်ချောင်းတံတားအနီးနှင့် မိုးကောင်းဦးအဝင် အနီးတွင် ယနေ့(မတ်လ ၂၉ရက်) နံနက်ပိုင်းက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ရွာလယ်ချောင်းတံတားအနီး နံနက် ၁၀နာရီ၅၃မိနစ်က မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်မှုတွင် ယာဉ်တစ်စီး ထိမှန်ပြီးပျက်ဆီး‌ကြောင်း ၊မိုးကောင်းဦးအဝင်အနီးတွင် နံနက် ၁၀နာရီ၅၅မိနစ်က မိုင်း ၆လုံးအသုံးပြု ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အထိအခိုက်အကျအဆုံးအများအပြားဖြစ်ခဲ့ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- တကောင်းက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ထိးချိုင့်ထဲမှာလည်း စစ်ကြောင်း ဖြန့်ထားတယ်။ အင်အား ၂၀၀လောက်ရှ်ိတယ်။ ကသာကနေ ထီးချိုင့်၊ ထီးချိုင့်ကနေ တကောင်းကို ဆင်းတဲ့ ယာဉ်တန်းအတွက်လည်း လုံခြုံရေးတွေ ချထားတယ်။ ဒါပေမယ့် ကျွန်တော်တို့လုပ်နိုင်တယ်”ဟု ထီးချိုင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

ယနေ့တိုက်ခိုက်မှုကို လျှပ်စီးပြောက်ကျားတပ်ဖွဲ့(ရပ်ကျေးပကဖ)နှင့်အတူ ပူးပေါင်းဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ဦး ထိခိုက်သေဆုံးခဲ့သည်ဟု တကောင်းတိုက်နယ်(ပကဖ)က ထုတ်ပြန်သည်။

တကောင်းတိုက်နယ်(ပကဖ) နှင့်လျှပ်စီး‌ပြောက်ကျားတပ်ဖွဲ့(ရပ်ကျေးပကဖ)ပူးပေါင်းအဖွဲ့သည် ယမန်နေ့ကလည်း အဆိုပါစစ်ကောင်စီယာဉ်တန်းအား လုံခြုံရေးယူပေးရန်လာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ ယာဉ်တန်းသည် ကားအစီးရေ ၅၀ခန့်ဖြင့် အင်းတော်မြို့မှ ဆင်းလာခြင်းဖြစ်ပြီး အင်းတော်-ကသာကြား၊ ကသာ-ထီးချိုင့်ကြားတို့တွင်လည်း အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။