Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

V Power ဓါတ်​ငွေ့ရည်တင်သင်္ဘောမြန်မာပြည်မှထွက်ခွာ

မီးဆိုးရွားစွာပျက်​တောက်​နေ​သော်လည်း အာဏာသိမ်း​ခေါင်း​ဆောင်က လျှပ်စစ်ကားများ တင်သွင်းအသုံးပြန်ကြရန် အကြိမ်ကြိမ်​ပြော​နေပြီး စစ်​ကောင်စီနှင့် နီးစပ်​သောလုပ်ငန်းရှင်များက စစ်ကာင်စီအကြိုက် လျှပ်စစ်ကားများတင်သွင်း၍ ​နေပြည်​တော်နှင့်ရန်ကုန်တွင် ဓါတ်အားသွင်းရန်​နေရာအချို့ တည်​ဆောက်​နေသည်။

(ရန်ကုန် သီလဝါ ဆိပ်ကမ်းမှ ယ​နေ့(မတ် ၃၀)နံနက်တွင် တ​ရွေ့​ရွေ့ထွက်ခွာသွား​သော ဓါတ်​ငွေ့ရည်တင်သင်္ဘောကြီး။ဓါတ်ပုံ- CJ )
(ရန်ကုန် သီလဝါ ဆိပ်ကမ်းမှ ယ​နေ့(မတ် ၃၀)နံနက်တွင် တ​ရွေ့​ရွေ့ထွက်ခွာသွား​သော ဓါတ်​ငွေ့ရည်တင်သင်္ဘောကြီး။ဓါတ်ပုံ- CJ )

▪︎LNG မှဓါတ်အားထုတ်လုပ်မှုမရှိ​တော့၍ မီးပိုပျက်တော့မည်ဟုလျှပ်စစ်စွမ်းအင်ဝန်ထမ်းအချို့​ပြော

တရုတ်အခြေစိုက် CNTIC Vpower ကုမ္ပဏီ၏ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးခဲ့​သော LNG ဓာတ်ငွေ့ရည်တင်သင်္ဘောသည် စာချုပ်သက်တမ်း ၂ နှစ်ကျော် ကျန်နေ​သေးသော်လည်း မြန်မာဆိပ်ကမ်းမှယနေ့ပြန်လည် ထွက်ခွာသွားသည်။

“အဓိက NLD လက်ထက်မှာ သူက တစ်ယူနစ် ၂၀၀ လောက်နဲ့ သီလဝါ စက်မှုဇုန်ကို ၂၄ နာရီ မီးအပြည့်ပေးမယ်ဆိုပြီး တင်ဒါအောင်ခဲ့တာ။ဖြစ်ချင်တော့ အာဏာ သိမ်းပြီး နိုင်ငံရေးမတည်မငြိမ် နဲ့ စီးပွားရေး အရလည်း ဒေါ်လာစျေးအပါအဝင် ဘက်ပေါင်းစုံ အကြပ် ရိုက်လာတော့ ဘယ်လိုမှ တောင့်မခံနိုင်ဘူး။အဲဒီ စီမံကိန်း ခေါင်းကိုင်က ဦးပိုင်ပဲ။ကြားပွဲစား အနေနဲ့ စာချုပ် ချုပ်ထားတာက ကိုဇေယျသူရမွန် ဦးစီးတဲ့ Zay Ya & Associate ကုမ္ပဏီ ပါ”ဟု လျှပ်စစ်စွမ်း အားဝန်ကြီးဌာန အရာရှိတစ်ဦးက People’s Spring သတင်းဌာနသို့​ပြောသည်။

​နွေရာသီလျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်စေရန်အရပ်သားအစိုးရကသဘာဝဓာတ်ငွေ့ရည်(LNG)မှ လျှပ်စစ်ထုတ်လုပ်ရန်အတွက် ဓါတ်​ငွေ့ရည်တင် သင်္ဘောမှာ ၂၀၂၀နိုဝင်ဘာလတွင်ဆိုက်ကပ်ခဲ့သည်။

ထိုသင်္ဘောများသည်သဘာဝဓာတ်ငွေ့ရည် အား အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းအား မြန်မာနိုင်ငံတွင်ပထမဦးဆုံး စီမံကိန်း အဖြစ်​ရွေး​ကောက်ခံ အရပ်သား အစိုးရကဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တစ်နှစ်လျှင်မဂ္ဂါဝပ် (၃၅၀) ထုတ်လုပ်မည့်သီလဝါစီမံကိန်းနှင့် မဂ္ဂါဝပ် (၄၀၀) ထုတ်လုပ်မည့် သာကေတစီမံကိန်းတို့ကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင်စတင်လည်ပတ်ရန် ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။

သို့​သော် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံခြားငွေပေးချေနိုင်ခြင်းမရှိသောကြောင့် ၂၀၂၁ ဇူလိုင်လတွင် စီမံကိန်းများ ရပ်ဆိုင်းခဲ့သည်။ ထိုသို့ရပ်နားထားရာမှ ပြန်လည် မလည်ပတ်နိုင်​တော့သဖြင့် သီလဝါဆိပ်ကမ်းဒေသအကွက် အမှတ် (၁၄) Dolphin Jetty ၌ ၂ နှစ်ကျော်ရပ်နားခဲ့​သော အဆိုပါစွမ်းအင် သင်္ဘောသည် မြန်မာနိုင်ငံက မတ်လ ၃၀ မနက်ပိုင်း ပြန်လည်ထွက်သွားပြီဖြစ်ကြောင်း စွမ်းအင်ကုမ္ပဏီအရင်းအမြစ်များကပြောသည်။

“မြန်မာ့စွမ်းအင်လောကကို တခေတ်ပြောင်းလဲစေတဲ့ ဒီသင်္ဘောပြန်ထွက်သွားတာ စွမ်းအင်ကဏ္ဍက ခေတ်နောက်ပြန်ဆွဲသွားတာပဲ။ အရပ်သားအစိုးရလက်ထက်အပြောင်းအလဲတွေ အကုန်ရပ်တန့်သွားတာပါပဲ”ဟု စွမ်းအင်ကုမ္ပဏီတစ်ခုမှ မန်နေဂျင်းဒါရိုက်တာ တစ်ဦးကပြောသည်။

စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် အဖွဲ့ဝင်တစ်ဦးကလည်း”အဓိကတော့ တရုတ်ကိုယ်တိုင်က သူတို့အကျိုးစီးပွား ထိလာတော့ သူတို့လည်း အရှုံးခံ မလုပ်ပေးနိုင်ဘူး။စာချုပ်ဆိုတာလည်း လက်ရှိအနေအထားအရ အာမခံချက်မှ မရှိတာ။ဆိုးတာက တရုတ်ဖြစ်နေတာကို”ဟု လူထုနွေဦးသို့ ပြောသည်။

ထိုစီမံကိန်းရပ်နားမှုကြောင့် နွေရာသီတွင်လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုများ ပိုမိုဆိုးရွားလာမည်ဖြစ်​ကြောင်းလည်း လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန အရာရှိက​ပြောသည်။

“ကျွန်တော်တို့ သိသလောက်ဆို ဒီနှစ် နှစ်အတွင်း (စစ်တပ်ကအာဏာသိမ်းထားစဥ်) အနည်းဆုံး မဂ္ဂါဝပ် ၃၅၀ လာက်ပေးနိုင်တာကို ၅၀ လောက်ပဲ သူတို့ပေးတယ်။နောက် ၂၀၂၁ ခုနှစ်ကဆို ခြောက်လလောက် ဒီအတိုင်း မပေးပဲ တွက်ခြေမကိုက်ဘူးဆိုပြီး ရပ်ထားတာ”ဟု အထက်ပါ လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန အရာရှိက ပြောသည်။

ကမ္ဘာ့ LNG ဈေးနှုန်းမြင့်တက်လာခြင်း၊ ပြည်တွင်း၌ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း မြင့်တက်နေခြင်း၊ လျှပ်စစ်ဝယ်လိုအားကျဆင်းခြင်း နှင့် ဝန်ကြီးဌာနဘက်က လျှပ်စစ်ဓာတ်အားခများကို ပေးချေရန် အခက်အခဲရှိလာခြင်းတို့ကြောင့် ထိုစီမံကိန်းများ ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု စစ်ကောင်စီလျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကလည်း မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်ကဏ္ဍတွင် ဆိုးဝါးစွာထိခိုက်လာပြီး ရန်ကုန်မြို့အပါအဝင် မြန်မာတနိုင်ငံကို လျှပ်စစ်မီးကို တစ်ရက်လျှင် နာရီပိုင်းသာ ဖြန့်ဝေပေးနိုင်တော့သည်။ ​ခေတ်အဆက်ဆက် မီးမပျက်ခဲ့​သော​နေပြည်​တော်တွင်ပင် စစ်​ကောင်စီက မတ်လမှစ၍ အလှည့်ကျ မီး​ပေးနိုင်​တော့သည်။

မီးဆိုးရွားစွာပျက်​တောက်​နေ​သော်လည်း အာဏာသိမ်း​ခေါင်း​ဆောင်က လျှပ်စစ်ကားများ တင်သွင်းအသုံးပြန်ကြရန် အကြိမ်ကြိမ်​ပြော​နေပြီး စစ်​ကောင်စီနှင့် နီးစပ်​သောလုပ်ငန်းရှင်များက စစ်ကာင်စီအကြိုက် လျှပ်စစ်ကားများတင်သွင်း၍ ​နေပြည်​တော်နှင့်ရန်ကုန်တွင် ဓါတ်အားသွင်းရန်​နေရာအချို့ တည်​ဆောက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

Muji အိမ်သုံးပစ္စည်းစတိုးဆိုင်များ၏ မိခင်ကုမ္ပဏီ ဂျပန်အော်ပရေတာ Ryohin Keikakuကလည်း မြန်မာနိုင်ငံမှ အင်္ကျီများနှင့် အခြားပစ္စည်းများရောင်းချနေမှုကို ဩဂုတ်တွင် အဆုံးသတ်ရန် စီစဉ်နေသည်ဟု ဆိုသည်၊

သတင်း

လက်ရှိ စီးပွားရေးအခြေအနေကြောင့်စီးပွားရေးအချက်အချာကျသောရန်ကုန်ရှိစက်ရုံနှင့် ရုံးချုပ်တို့တွင်လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။

သတင်း

မြန်မာပြည်ကို ပြန်ချင်နေပေမယ့် မိသားစုဝင်တွေအားလုံး ထိုင်းမှာရှိနေတဲ့အတွက် သမီးဖြစ်သူက ပြန်ခွင့်မပေးခဲ့တာလို့ ဘန်ကောက်ပို့စ်ကဆိုထားပါတယ်။

သတင်း

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်နှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး အထောက်အကူပြုရန် ကြိုးပမ်းမှုများအတွက် ရည်ရွယ်ကာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး၏ တတိယအကြိမ်ခရီးစဥ်ကို စီစဥ်ရခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြသည်၊