Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနယ်တွင် စစ်ကောင်စီတပ်က အထိနာ၍ လမ်းမများအား ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီး

ဒီပဲယင်းမြို့နယ်ရှိ ကြည်၊ဘုရားထွက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများသည် မတ်လ ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

(အများပြည်သူအသုံးသွားလာသော လမ်မများအား စစ်ကောင်စီတပ်က ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဗိုလ်ကျားကြီးအဖွဲ့ - ဒီပဲယင်း)
(အများပြည်သူအသုံးသွားလာသော လမ်မများအား စစ်ကောင်စီတပ်က ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဗိုလ်ကျားကြီးအဖွဲ့ - ဒီပဲယင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အထိနာသွားသည့် စစ်ကောင်စီတပ်က အများပြည်သူသွားလာအသုံးပြုနေသောလမ်းမများကို ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်းမြို့နယ်ရှိ ကြည်ရွာ ၊ဘုရားထွက်ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားပြီး အထိအခိုက်များ၍ ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီတပ်သည် ဧပြီ ၁ ရက် က ကြည်ရွာထိပ်ရှိ ဒေသခံများသွားလာအသုံးပြုနေသော မူးဘောင်ပေါ်ရှိ ပြည်သူပိုင်လမ်းနှင့် ဆိုင်ကယ်များကိုလည်းကောင်း၊ ဂွေးပင်ကုန်းကျေးရွာဘက် လမ်းမကိုလည်းကောင်း ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(အများပြည်သူအသုံးသွားလာသော လမ်မများအား စစ်ကောင်စီတပ်က ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဗိုလ်ကျားကြီးအဖွဲ့ - ဒီပဲယင်း)
(အများပြည်သူအသုံးသွားလာသော လမ်မများအား စစ်ကောင်စီတပ်က ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ဗိုလ်ကျားကြီးအဖွဲ့ – ဒီပဲယင်း)

ထို့အပြင် ကြည်၊ ဘုရားထွက်ကျေးရွာများနေ ပြည်သူများ တိမ်းရှောင်နေကြစဉ် ရွာအတွင်းရှိ ဆန်များနှင့် ပစ္စည်းများကိုလည်း လုယူသွားကြောင်း နယ်ခံတို့က ပြောသည်။

ထိုနေ့ ညနေ ၆ နာရီဝန်းကျင်တွင် Mi35 ရဟတ် ယာဉ် တစ်စီးဖြင့် ပစ်ခတ်ပြီး ဒေသခံများ​၏ ပစ္စည်းအား လုယူခြင်း၊ ဒဏ်ရာရ စစ်သားများအား လာရောက်သယ်ယူခြင်းများ ပြုလုပ်သွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“သေတဲ့ကောင်တွေကိုပါ ဘူဒိုဇာနဲ့တင်သွားတယ် “ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ်ရှိ ကြည်၊ဘုရားထွက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများသည် မတ်လ ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်က စစ်ကြောင်းမှူး အပါအဝင် ၃၀ ကျော်သေဆုံးခဲ့ကာ Mi(35) တိုက်ခိုက်​ရေး ရဟတ်ယာဥ်ဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့ကြောင်း အဖြူရောင် DPY အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။