Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနယ်တွင် စစ်ကောင်စီတပ်က အထိနာ၍ လမ်းမများအား ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီး

ဒီပဲယင်းမြို့နယ်ရှိ ကြည်၊ဘုရားထွက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများသည် မတ်လ ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

(အများပြည်သူအသုံးသွားလာသော လမ်မများအား စစ်ကောင်စီတပ်က ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဗိုလ်ကျားကြီးအဖွဲ့ - ဒီပဲယင်း)
(အများပြည်သူအသုံးသွားလာသော လမ်မများအား စစ်ကောင်စီတပ်က ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဗိုလ်ကျားကြီးအဖွဲ့ - ဒီပဲယင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အထိနာသွားသည့် စစ်ကောင်စီတပ်က အများပြည်သူသွားလာအသုံးပြုနေသောလမ်းမများကို ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်းမြို့နယ်ရှိ ကြည်ရွာ ၊ဘုရားထွက်ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားပြီး အထိအခိုက်များ၍ ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီတပ်သည် ဧပြီ ၁ ရက် က ကြည်ရွာထိပ်ရှိ ဒေသခံများသွားလာအသုံးပြုနေသော မူးဘောင်ပေါ်ရှိ ပြည်သူပိုင်လမ်းနှင့် ဆိုင်ကယ်များကိုလည်းကောင်း၊ ဂွေးပင်ကုန်းကျေးရွာဘက် လမ်းမကိုလည်းကောင်း ဘူဒိုဇာဖြင့်ထိုး ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(အများပြည်သူအသုံးသွားလာသော လမ်မများအား စစ်ကောင်စီတပ်က ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ဗိုလ်ကျားကြီးအဖွဲ့ - ဒီပဲယင်း)
(အများပြည်သူအသုံးသွားလာသော လမ်မများအား စစ်ကောင်စီတပ်က ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ဗိုလ်ကျားကြီးအဖွဲ့ – ဒီပဲယင်း)

ထို့အပြင် ကြည်၊ ဘုရားထွက်ကျေးရွာများနေ ပြည်သူများ တိမ်းရှောင်နေကြစဉ် ရွာအတွင်းရှိ ဆန်များနှင့် ပစ္စည်းများကိုလည်း လုယူသွားကြောင်း နယ်ခံတို့က ပြောသည်။

ထိုနေ့ ညနေ ၆ နာရီဝန်းကျင်တွင် Mi35 ရဟတ် ယာဉ် တစ်စီးဖြင့် ပစ်ခတ်ပြီး ဒေသခံများ​၏ ပစ္စည်းအား လုယူခြင်း၊ ဒဏ်ရာရ စစ်သားများအား လာရောက်သယ်ယူခြင်းများ ပြုလုပ်သွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“သေတဲ့ကောင်တွေကိုပါ ဘူဒိုဇာနဲ့တင်သွားတယ် “ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ်ရှိ ကြည်၊ဘုရားထွက်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများသည် မတ်လ ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီဘက်က စစ်ကြောင်းမှူး အပါအဝင် ၃၀ ကျော်သေဆုံးခဲ့ကာ Mi(35) တိုက်ခိုက်​ရေး ရဟတ်ယာဥ်ဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့ကြောင်း အဖြူရောင် DPY အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။