Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ်၌ မတ်လအတွင်း စစ်ဆင်ရေးလေးကြိမ်တွင် သေနတ်လေးလက်နှင့် ကျည်များသိမ်းဆည်းရမိဟု ပကဖ ပြော

မတ်လ ၇ ရက်က ကျွဲကျကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကူလာရန်ပြင်ဆင်နေသော ဆည်တော်ဘက်မှ ပျူများအား တိုက်ခိုက်ရာ ဦးဆောင်သူ စကားပင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ပျူတစ်ဦးအားရှင်းလင်းနိုင်ခဲ့ကြောင်း မတ္တရာ(ပကဖ)အဖွဲ့က ​ပြောသည်။

(သိမ်းဆည်းရမိသည့်လက်နက်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - မတ္တရာ(ပကဖ))
(သိမ်းဆည်းရမိသည့်လက်နက်အချို့အားတွေ့ရစဥ်။ ဓာတ်ပုံ - မတ္တရာ(ပကဖ))

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်း မတ်လအတွင်း စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား လေးကြိမ် တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိပြီး သေနတ် လေးလက်နှင့် ကျည်များ သိမ်းဆည်းရမိကြောင်း မတ္တရာ(ပကဖ) တာဝန်ခံက ပြောသည်။

မတ်လ ၇ ရက်က ကျွဲကျကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေစဥ် စစ်ကူလာရန်ပြင်ဆင်နေသော ဆည်တော်ဘက်မှ ပျူများအား တိုက်ခိုက်ရာ ဦးဆောင်သူ စကားပင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ပျူတစ်ဦးအားရှင်းလင်းနိုင်ခဲ့ကြောင်း မတ္တရာ(ပကဖ)အဖွဲ့က ​ပြောသည်။

အဆိုပါစစ်ဆင်ရေးမှ ကာဘိုင် တစ်လက်၊ ပွိုင့်တူးတူး သုံးလက်၊ ကာဘိုင်ကျည် အတောင့် ၆၀၊ ပွိုင့်တူးတူး သုံးတောင့်ကို မတ္တရာ(ပကဖ)က သိမ်းဆည်းနိုင်ခဲ့သည်။

မတ်လ ၁၆ ရက် နံနက် ၉ နာရီခန့်ကလည်း မတ္တရာမြို့နယ်၊ ကြားရွာနေ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးရဲသန်းနှင့်ပျူများအား ဝင်ရောက်ရှင်းလင်းရာ အုပ်ကြီးနှင့်ပျူတစ်ဦးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် ၎င်းတို့ထံမှ ကာဘိုင် နှစ်လက်၊ ကာဘိုင်ကျည် အ​တောင့် ၂၀၊ ကျည်ဘောက် နှစ်ခုသိမ်းဆည်းနိုင်ခဲ့ကြောင်း ပကဖအဖွဲ့က ​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ပထမလက်နက်ရရှိတဲ့ဖြစ်စဥ်က ကျွဲကျမှာ တိုက်ပွဲဖြစ်နေတဲ့အပေါ်မှာ ပျူတွေကလူစုပြီး တပ်ကူလာမယ့်သဘောကြားတဲ့အတွက် ဖြတ်တောက်တိုက်ခိုက်ခဲ့တာပါ။ ဒုတိယဖြစ်စဥ်က ပျူတွေတော်တော်သောင်းကျန်းနေတယ်လို့သတင်းရလို့ ရုတ်တရက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ ပျူခေါင်းဆောင်အိမ်ပတ်ပတ်လည်မှာ ပျူတွေဖြစ်နေတယ်။ ရှိမှန်းတော့သိတယ်။ အဲလောက်များမှန်းမသိဘူး။၇အိမ်လောက်ကပျူတွေထွက်ပစ်တယ်။”ဟု မတ္တရာ(ပကဖ)၏ တာဝန်ခံက ပြောသည်။

မတ်လ ၁၈ ရက် နံနက် ၆ နာရီခွဲခန့်က မတ္တရာနယ်အရှေ့ပိုင်း လက်ဝဲကြီးရွာနှင့် ကျောက်တံတားရွာကြား၌ မိုင်းရှာနေသော စစ်ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း မတ္တရာ(ပကဖ)အဖွဲ့က ဆက်ပြောသည်။

မတ်လ ၃ဝ ရက် နံနက် ၈ နာရီဝန်းကျင်ကလည်း မတ္တရာ(ပကဖ)နှင့် နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပူးပေါင်းပြီး ကင်းရွာတောင်ပိုင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒရုန်းနှစ်စီးဖြင့် ဗုံးသီးနှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း ပကဖက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက် ပထမဆုံး ဖော်ဆောင်တဲ့ ကြည်း၊ရေ၊လေပူးပေါင်းစစ်ဆင်ရေးဟာရှုံးနိမ့်သွားပြီလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။