Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုလ်မြို့အနီးရှိစစ်ကောင်စီ လက်အောက်ခံ BGF စခန်းငယ်အချို့ကို ပူးပေါင်းတပ် သိမ်းပိုက်ဖျက်ဆီး

KNLA ပူးပေါင်းတပ်ဖွဲ့သည် မတ်လ ၂၅ရက်တွင် မြ၀တီ ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်၊ ကျုံဒိုး၊​ကော့ကရိတ်တို့တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာမှ ယနေ့အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ရွှေကုက္ကိုလ်မြို့အနီးရှိစစ်ကောင်စီ လက်အောက်ခံ BGF စခန်းငယ်အချို့ကို ပူးပေါင်းတပ် သိမ်းပိုက်ဖျက်ဆီး
ရွှေကုက္ကိုလ်မြို့အနီးရှိစစ်ကောင်စီ လက်အောက်ခံ BGF စခန်းငယ်အချို့ကို ပူးပေါင်းတပ် သိမ်းပိုက်ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နယ်မြေ၌ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကင်းစခန်းငယ်အချို့ကို​​တော်လှန်​ရေးအဖွဲ့များက သိမ်းပိုက်ဖျက်ဆီးခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ရွှေကုက္ကိုလ်မြို့ နှင့် ၆ မိုင်အကွာ ရှိထီးကောထောကျေးရွာ အနီး ကရင်အအမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA) ဦး​ဆောင်​​သော ပူးပေါင်းတပ်နှင့် စစ်ကောင်စီ၊BGFတပ်တို့ ယနေ့( ဧပြီ ၅ရက် )မနက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီ လက်အောက်ခံ BGF ကင်းစခန်း ၂ခုကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားသည်ဟု မြေပြင် တပ်မှူးကို ကိုးကားပြီး Salween Press က ဖော်ပြသည်။

KNU သတင်းရင်းမြစ်တစ်ဦးကလည်း “စခန်းသေးသေးလေးပါပဲ။ BGF စခန်းပေါ့။ တပ်မဟာဂွင်ထဲမှာပေါ့။ အာရှလမ်း ဒီဘက်အခြမ်းဆိုတော့ တပ်မဟာ(၇)။ စဖြစ်ကတည်းက ဟိုး ၂၅၊ ၂၆ တုန်းကလည်း တပ်မဟာ(၇) ဂွင်ထဲမှာပဲ။ ညီနောင်မှာဖြစ်တာလည်း တပ်မဟာ(၇) ဂွင်ထဲမှာပဲ။စခန်းတက်သိမ်းတဲ့ သဘောပါပဲ။ ဖျက်ဆီးတဲ့ သဘောပေါ့” ဟု ရှင်းပြသည်။

တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကိုမူ မသိရသေးဟု အထက်ပါသတင်းရင်းမြစ်ကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

KNLA ပူးပေါင်းတပ်ဖွဲ့သည် မတ်လ ၂၅ရက်တွင် မြ၀တီ ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်၊ ကျုံဒိုး၊​ကော့ကရိတ်တို့တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာမှ ယနေ့အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်ပွား​နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း Salween Pressက ရုပ်သံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။ ယင်းရုပ်သံတွင် ဒေသခံ များစွာ မြစ်ကိုကူးပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်ကို တွေ့ရသည်။

ကရင်အမျိုးသားမီဒီယာကလည်း နယ်စပ်အနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲ အခြေအနေ ရုပ်သံမှတ်တမ်းကို ဖော်ပြခဲ့ရာ ပစ်ခတ်သံအချို့ကြားရပြီး အဆောက်အဦ မီးလောင်နေသည်ကို တွေ့ရသည်။

ဧပြီ ၄ ရက်ကလည်း နယ်စပ်တွင် စစ်တပ်နှင့် BGF တို့အဓိကလုပ်ကိုင်ကြ​​​သော ဂိမ်ဆိုင်နှင့် ​လောင်ကစားရုံကိုကော်ဘရာစစ်​ကြောင်းမှ တပ်ဖွဲ့ဝင်များကစီးနင်းပြီး ဂိမ်းများကိုဖျက်ဆီး​ပေးခဲ့သည်ကိုလည်း ​တွေ့ရသည်။ ​ရွှေကုက္ကိုလ်​ဒေသသည် ​နယ်ခြား​စောင့်တပ်နှင့် စစ်​တပ် ခွင့်ပြုချက်ဖြင့် ​လောင်ကစားလုပ်ငန်းများစွာရှိ​သော​ဒေသဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။