Connect with us

Hi, what are you looking for?

သတင်း

ပြည်သူလူထု လေကြောင်းအန္တရာယ်ကင်းရေးအတွက်အစီအမံများတွဲ၍ လုပ်ဆောင်ရန် ရဲဘော်များအား NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

ယမန်နေ့က ကျင်းပသည့် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)မှ ကျင်းပသော (၂)နှစ်ပြည့်ချင်းအမျိုးသားနွေဦးတော်လှန်ရေးနေ့အခမ်းအနား၌ ဝန်ကြီးက အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

(ပဇီကြီးရွာကိုစစ်တပ်က ​လေ​ကြောင်းမှ တိုက်ခိုက်ပြီး​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ပဇီကြီးရွာကိုစစ်တပ်က ​လေ​ကြောင်းမှ တိုက်ခိုက်ပြီး​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓာတ်ပုံ-CJ)

▪️တော်လှန်ရေးတပ်များအား လေကြောင်းတိုက်ခိုက်ရာ၌ သက်ရောက်မှုကြီးမားစွာမရှိ၍ ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုလုပ် လာဟုပြော

စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို ပစ်မှတ်ထားပြီးလေကြောင်း တိုက်ခိုက်ခြင်းများ ပိုမိုလုပ် ဆောင်လာသောကြောင့် လေကြောင်းအန္တရာယ် ကင်းရေး အစီအမံများဆောင်ရွက်ရာတွင် ပြည်သူလူထုများအတွက်ပါတွဲ၍ ဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က တိုက်တွန်းလိုက်သည်။

ယမန်နေ့က ကျင်းပသည့် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)မှ ကျင်းပသော (၂)နှစ်ပြည့်ချင်းအမျိုးသားနွေဦးတော်လှန်ရေးနေ့အခမ်းအနား၌ ဝန်ကြီးက အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

CNDF အနေဖြင့် ပြီးခဲ့သည့်ရက်က ဖလမ်းနယ်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို သမိုင်းဝင်သိမ်းပိုက်နိုင်ခဲ့မှုအပေါ် ဝန်ကြီးက အစိုးရကိုယ်စား ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ စစ်ကောင်စီအနေဖြင့် အဆိုပါတိုက်ပွဲ၏ နောက်ဆက်တွဲအဖြစ် လူမဆန်စွာပင် အရပ်သားပြည်သူများနေထိုင်သည့် ဝေဘူလမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဝန်ကြီးက ပြောသည်။

“အခုအချိန်မှာ ကျနော်တို့ရဲ့ တော်လှန်ရေးရဲဘော် တွေအားလုံး တော်လှန်ရေးအသိ တော်လှန်ရေး သတိကိုတော့ အမြင့်ဆုံးမြှင့်တင်ထားဖို့လိုအပ်တာတဲ့အချိန်လို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ဘာကြောင့်လဲ။ မြေပြင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကို အင်အားခြင်းလည်း မယှဉ်နိုင်၊ စစ်ကို စစ်နဲ့တူအောင်လည်း မတိုက်နိုင်တဲ့ အချိန်မှာ စစ်ကောင်စီအနေနဲ့ဆိုလို့ရှိရင် သူ့ရဲ့ လေကြောင်းကို အားပြုပြီး တော်လှန်ရေးရဲဘော်တွေကို လက်စားချေလေ့ရှိတာကို ကျနော် တို့ သတိပြုမိပါတယ်။ ဒီလိုလေကြောင်းနဲ့ လက်စားချေမှုဟာ တော်လှန်ရေးရဲဘော်တွေအပေါ်မှာ သက်ရောက်မှု ကြီးကြီးမားမား မရှိတဲ့အခါမှာတော့ ဒီဘက်ပိုင်းမှာ အပြစ်မဲ့ ပြည်သူတွေရဲ့ ကျေးရွာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတာတွေ ပိုပြီးများလာတာ ကျနော်တို့ တွေ့ရပါတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၀ရက်က ဖလမ်းနယ် ဝေဘူလမြို့ကို လေကြောင်း တိုက်ခိုက်ခဲ့ပြီး ဧပြီ ၁၁ရက်တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူလူထုများစွာ အသက်ဆုံးရှုံးခဲ့ရသည်။

“ဒီအချိန်မှာ တော်လှန်ရေးရဲဘော်တွေအနေနဲ့ ရှေ့မှာ ပြောခဲ့သလိုပဲ ကိုယ့်ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ကလည်း ပိုပိုပြီးတော့ ကြီးလေးလာတယ်လို့ မြင်ပါတယ်။

ရန်သူရဲ့ လေကြောင်း တိုက်ခိုက်မှုကို ကိုယ့်ရဲဘော်တွေ ကိုယ့်တပ်ဖွဲ့တွေ အန္တရာယ်ကင်းအောင် လိုအပ်တဲ့အစီအမံတွေ လုပ်ကြရမှာ ဖြစ်သလို ကိုယ့်ရဲ့ ပြည်သူတွေ လေကြောင်း အန္တရာယ်တွေ ကင်းဝေးအောင်လည်း လိုအပ်တဲ့ အစီအမံတွေ တွဲပြီး ဆောင်ရွက်ကြဖို့လိုအပ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ပြည်သူလူထုများကို အသိပညာပေးခြင်း၊ ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ပေးခြင်းဖြင့် လေကြောင်းအန္တရာယ် ကာကွယ်နိုင်ရေး ဆောင်ရွက်ရန် ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

လူစိတ်ပျောက်နေသော စစ်ကောင်စီအား ထောက်ခံလက်တွဲဆောင်ရွက်နေသည့် လုပ်ရပ် များရပ်တန်းကရပ်ရန် NUG ကျန်းမာရေး သတိပေး

သတင်း

မည်သည့်အခြေအနေဖြစ်စေ လူထုနှင့်အတူရှိရန်လိုဟု တော်လှန်ရေးဘက်တော်သားများအား သတိပေး

သတင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမည်ခံ အကြမ်းဖက်စစ်အုပ်စုကို တိုင်းပြည်နှင့် ပြည်သူလူထု၏ ရန်သူ(Enemy of the State)အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့(စက်တင်ဘာ ၅ရက်)ထုတ်ပြန်ကြေညာလိုက်သည်။

သတင်း

စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟို အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ပြီး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အကြမ်းဖက်သမားများဖြစ်ဟု ဖော်ပြ

Facebook