Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက ဖားကန့်ဒေသခံပြည်သူများ ဖမ်းဆီးပြီးလူသားဒိုင်းအဖြစ်အသုံးချ၍ အရပ်သားအချို့ထိခိုက်သေဆုံးရဟု KIA ပြော

စစ်ကောင်စီအနေဖြင့် အရပ်သားများကို ဖမ်းဆီးပြီး စစ်ရေးလှုပ်ရှားမှုများတွင် လူသားဒိုင်းအဖြစ် အသုံးပြုနေသည်မှာ လုပ်ထုံးလုပ်နည်းကဲ့သို့ပင် ဖြစ်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

(စစ်​ကောင်စီတပ်က ဆိုင်းဖာရာရွာမှ ပြည်သူများကိုလူသားဒိုင်းအဖြစ်အသုံးပြုဖမ်းဆီး​ခေါ်​ဆောင်လာခဲ့​သော (၁၂)ဘီးကုန်တင်ကားဖြင့် ဖမ်းဆီးခံရရာမှလွတ်​မြောက်ပြီး နေရပ်ပြန်ရန်ပြင်ဆင်​နေ​သောပြည်သူများ။ ဓာတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က ဆိုင်းဖာရာရွာမှ ပြည်သူများကိုလူသားဒိုင်းအဖြစ်အသုံးပြုဖမ်းဆီး​ခေါ်​ဆောင်လာခဲ့​သော (၁၂)ဘီးကုန်တင်ကားဖြင့် ဖမ်းဆီးခံရရာမှလွတ်​မြောက်ပြီး နေရပ်ပြန်ရန်ပြင်ဆင်​နေ​သောပြည်သူများ။ ဓာတ်ပုံ-CJ)

▪️စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း အထိနာဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်သည် ဒေသခံ ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးချပြီး စစ်ကြောင်းနှင့်အတူခေါ်လာ၍ ယမန်နေ့ တိုက်ခိုက်မှုတွင် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့ရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ဖားကန့်မြို့နယ် ဆိုင်းဖရာရွာ ဒေသခံများကို စစ်ကောင်စီတပ်က ဧပြီ ၁၇ရက်တွင် ဖမ်ဆီးခဲ့ပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်ကာ KIA နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာခဲ့သည်ဟု ဆိုသည်။ ဧပြီ ၁၈ရက် နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီယာဉ်တန်း ကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့ရသည်ဟု KIAက အတည်ပြုသည်။

“မနေ့က မနက် ၈နာရီနဲ့ ၉ နာရီကြားလောက်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ စစ်ရေးလှုပ်ရှားတဲ့ဟာကို ကားနဲ့လှုပ်ရှားတာပေါ့။ ဆိုတော့ အဲဒီ ကားပေါ်မှာ ပြည်သူလူထုတွေကို တင်ပြီးမှ ကလေး၊ လူငယ်၊ သက်ကြီးရွယ်အိုမရွေးပေါ့ အဲဒီ ကားမှာ တင်ပြီးမှ စစ်ကြောင်းလှုပ်ရှားတာ။ ကျနော်တို့ဘက်က လမ်းခုလတ်မှာ မိုင်းဆွဲတိုက်ခိုက်လို့ ပြည်သူလူထုတွေလည်း ထိခိုက်ဒဏ်ရာရတာရှိပါတယ်။ မနေ့ကတောင် အမျိုးသမီးတစ်ယောက် ဆေးရုံမှာ ဆုံးသွားတဲ့ အနေအထားဖြစ်ပါတယ်။ စကစဘက်မှာလည်း တော်တော်အထိနာတယ်ဆိုတဲ့ သတင်းကတော့ ရပါတယ်။ ဒါပေမဲ့ အတိအကျ ကိန်းဂဏန်းနဲ့ ဖော်ပြတာတော့ မရှိဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့အပြင် အရပ်သား ပြည်သူ ၇ဦး ထိခိုက်ခဲ့သည်ကိုလည်း ကြားသိရကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် အရပ်သားများကို ဖမ်းဆီးပြီး စစ်ရေးလှုပ်ရှားမှုများတွင် လူသားဒိုင်းအဖြစ် အသုံးပြုနေသည်မှာ လုပ်ထုံးလုပ်နည်းကဲ့သို့ပင် ဖြစ်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

Public Service Announcement
Public Service Announcement

“အခုကတော့ တနိုင်ငံလုံးအတိုင်းအတာမှာ ပြည်သူလူထုကိုလည်း လူသားဒိုင်းလုပ်ပြီးမှ သူတို့ စစ်ရေးတွေကို လှုပ်ရှားတာကို တွေ့ရပါတယ်။ သူတို့က အခုလောလောဆယ်ကတော့ ရန်သူလား ကိုယ့်ရဲ့ ပြည်သူလူထုလားဘာမှ မခွဲခြားဘဲနဲ့ တွေ့သမျှတွေကို ပစ်သတ်တာ သူတို့ လုပ်ထုံးလုပ်နည်းပုံစံမျိုးဖြစ်နေပါတယ်။ ဒါကို တွေ့ရတယ်။”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီတပ်သည် အခြားဒေသများ၌လည်း အရပ်သားများကို စစ်ရေးလှုပ်ရှားမှုများတွင် လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားမှုများ ရှိခဲ့သည်။ မကြာသေးမီကလည်း စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဟားခါးသို့ စစ်လက်နက်ခဲယမ်းရိက္ခာများ ပို့ဆောင်သည့် ယာဉ်တန်းတွင် ချင်းတိုင်းရင်းသား အများစု အပါအဝင် အရပ်သားပြည်သူများ၏ ကားများကို ချောဆွဲပြီး စစ်ရေး၌ အသုံးပြုခဲ့ကြောင်း၊ စစ်ကောင်စီ၏ ယင်းလုပ်ရပ်သည် အရပ်သားများအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။