Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုနယ် ဒေါညေးခူရွာအနီး သုံးရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ် ၃၀ဦးထက်မနည်းသေဟု ကရင်နီစစ်ဘက်ပြော

ယခု တိုက်ပွဲသည် ဒီမောဆိုအရှေ့ဘက်ခြမ်း၌ ယခုနှစ်အတွင်း ဒုတိယအကြိမ် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လအတွင်းကလည်း လေးရက်ဆက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၉၀ကျော်သေဆုံးကာ လက်နက်မျိုးစုံ ၄၀လက်ကျော် သိမ်းဆည်းရရှိခဲ့သည်။

(ဒေါညေးခူရွာတိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်ဘက်မှ လက်နက်ခဲယမ်းများအား ဧပြီ ၁၉ ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ - Knlc)
(ဒေါညေးခူရွာတိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်ဘက်မှ လက်နက်ခဲယမ်းများအား ဧပြီ ၁၉ ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ - Knlc)

စစ်ကောင်စီတပ်သား ၉၀ကျော်သေဆုံးခဲ့သည့် နေရာအနီး တိုက်ပွဲပြင်းထန်နေ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါညေးခူရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်မှ ၃၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မတ်လအတွင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်များခဲ့သည့် ဒေါတမကြီးရွာအနီးရှိ ဒေါညေးခူကျေးရွာတောင်ဘက် တောင်ကုန်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်က ဧပြီ ၁၆ရက်မှစ၍ တိုက်ခိုက်ခဲ့ရာ ယမန်နေ့ (ဧပြီ ၁၈ရက်)အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။

” စာရင်း(စစ်ကောင်စီတပ်သားသေဆုံးမှု)ကတော့ သူတို့ပြောတာ အနည်းဆုံး ၃၀လောက်သေတယ်ပြောတယ်။ ၃ရက်ဖြစ်တာ ၁၆၊ ၁၇၊ ၁၈ပေါ့။ အပြင်းထန်ဆုံးကတော့ ပထမနေ့တိုက်ပွဲပေါ့။ ၁၆ရက် မနက် ၇နာရီကနေ နေ့လည်၁၁နာရီလောက်ထိဖြစ်တယ်။ ဖြစ်တော့ အကျအဆုံးရှိတဲ့အခါကျတော့ လေယာဉ်နဲ့လာတယ်။ ပြီးတော့ လာပစ်သွားတယ်။ ညနေ ၃နာရီနဲ့ ၄၀မိနစ်မှာ တခေါက်ပြန်လာပြီး ပစ်တာပေါ့။ ဗုံးသီးတွေလည်း ချသွားတာ။ ဒေါညေးခူဆိုတဲ့ရွာက အိမ်ခြေ ၃လုံးမီးလောင်သွားတယ်။ တစ်လုံးက ပျက်သွားတယ်”ဟု ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

Public Service Announcement
Public Service Announcement

ယခု တိုက်ပွဲသည် ဒီမောဆိုအရှေ့ဘက်ခြမ်း၌ ယခုနှစ်အတွင်း ဒုတိယအကြိမ် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လအတွင်းကလည်း လေးရက်ဆက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၉၀ကျော်သေဆုံးကာ လက်နက်မျိုးစုံ ၄၀လက်ကျော် သိမ်းဆည်းရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“တစ်နေရာတည်းတော့ မဟုတ်ဘူး ကပ်လျက်နေရာပေါ့။ အရင်က သူတို့ ထိုင်ထားတာ ဒေါတမကြီး။ ဒေါတမကြီးအရှေ့ဘက်မှာ ကျနော်တို့ဘက်က ပူးပေါင်းတပ်တွေရှိတယ်လေ။ ဒေါညေးခူရွာတောင်ဘက်က တောင်ကုန်းပေါ်မှာက သူတို့ရှိတယ်”ဟု ခူညေးရယ်က ယခုရက်ပိုင်းအတွင်း ဒေါညေးခူရွာအနီးရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့မှုကို ပြောပြသည်။

ဧပြီတွင် ဒေါညေးခူရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ရာ လက်နက်မျိုးစုံ အလက် ၂၀ကျော်ရှိသည်ဟု ကရင်နီစစ်ဘက်တာဝန်ရှိသူက ပြောသည်။ မတ်လအတွင်း ဒေါတမကြီးတိုက်ပွဲ၌လည်း စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ ၄၀ လက်ကျော် ရရှိခဲ့ကြောင်း KNDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။